Home ထိပ်တန်းသတင်း ဖာပွန်ခရိုင်မှ သဒါးဒဲ‌ကျေးရွာ ရွာလုံးကျွတ် မီးရှို့ခံရ

ဖာပွန်ခရိုင်မှ သဒါးဒဲ‌ကျေးရွာ ရွာလုံးကျွတ် မီးရှို့ခံရ

1627
ဇူလိုင်လ ၂၃ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

ကရင်ပြည်နယ်‌မြောက်ပို်င်း ဖာပွန်ခရိုင်၊ လူ‌သောမြို့နယ်အတွင်းရှိ သဒါးဒဲ‌ကျေးရွာတွင် ဇူလိုင်လ ၂၃ရက်‌နေ့ မွန်းလွဲ ၂း၃ဝနာရီအ ချိန်၌ နအဖ စစ်‌ကြောင်းတ‌ကြောင်း ဝင်‌ရောက်လာပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးလိုက်သည်ဟု နယ်ခံတဦးက ‌ပြောသည်။

သူက “ဒီ‌နေ့ ည‌နေပိုင်း ၂နာရီခွဲ‌လောက်မှာ နအဖတပ်‌တွေက သဒါးဒဲရွာထဲမှာ ‌ရောက်လာပြီး ရွာလုံးကျွတ်ကို မီးရှို့ဖျက်ဆီးလိုက် တယ်။ သူတို့(နအဖ) ရွာထဲကို မလာခင်မှာ မ‌နေ့က လက်နက်ကြီး‌တွေနဲ့ ရွာထဲမှာ လှမ်းပစ်တယ်။ ရွာသား‌တွေက‌တော့ ရွာထဲမှာ လက်နက်ကြီး‌တွေ ကျလာ‌တော့ ကိုယ်လွတ်ရုန်း ထွက်‌ပြေးကြတာ‌ပေါ့၊”ဟု ‌ပြောသည်။

ယမန်‌နေ့က ထိုနယ်‌မြေအနီးတဝိုက်တွင် နအဖတပ်များနှင့် ‌ကေအဲန်ယူ တပ်မဟာ(၅) လက်‌အောက်ခံတပ်များ ‌ပြောက်ကျားတိုက် ပွဲ အနည်းငယ် ဖြစ်ပွားခဲ့ပြီး‌နောက်ပိုင်း ၎င်းတပ်များသည် သဒါးဒဲရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ရွာသူ ရွာသားများမှာ ယမန်‌နေ့ကတည်းက ရွာကို စွန့်ခွာထွက်‌ပြေးခဲ့ကြရသည်ဟု ‌ကေအဲန်ယူ တပ်မဟာ(၅)မှ ဗိုလ်မှူး‌စောကလယ်ဒိုက ယခုလို ‌ပြောဆိုသည်။

“မ‌နေ့က‌တော့ အဲဒီနအဖတပ်ဟာ ကျ‌နော်တို့တပ်‌တွေနဲ့ တိုက်ပွဲနည်းနည်း ‌ပြောက်ကျားဖြစ်‌သေးတယ်။ ‌နောက်‌တော့ သူတို့က သဒါးဒဲရွာကို လက်နက်ကြီး‌တွေနဲ့ လှမ်းပစ်‌တော့ ရွာသား‌တွေ အဲဒီအချိန်ကတည်းက ‌တောထဲ ထွက်‌ပြေးတာ ရွာမှာ ဘယ်သူမှ မကျန်ကြ‌တော့ဘူး။ ဒါ‌ကြောင့် နအဖစစ်‌ကြောင်းက ဝင်လာပြီး ရွာလုံးကျွတ် မီးရှို့လိုက်တာပဲ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ယင်းသို့ ဝင်‌ရောက်မီးရှို့သည့် နအဖ စစ်‌ကြောင်းမှာ မည်သည့်တပ်ရင်းကဆိုသည်ကို ယခုအချိန်တွင် အတိအကျ မသိရှိရ‌သေး ‌သော်လည်း ၎င်းတပ်ဖွဲ့ဝင်များသည် နအဖ စစ်ကွပ်ကဲ‌ရေးဌာနချုပ်(၁၀)၏ လက်‌အောက်ခံတပ်ရင်းများမှ ဖြစ်နိုင်သည်ဟု ‌ကေအဲန် ယူ တပ်မဟာ(၅)က ခန့်မှန်း‌ပြောဆိုသည်။

ထို‌ဒေသရှိ နအဖတပ်များသည် ယခု လပိုင်းအတွင်း ပုံမှန်မဟုတ်သည့် အထူးစစ်ဆင်‌ရေးပုံစံမျိုး လှုပ်ရှားလျှက်ရှိရာ ယခုလို နအဖ တပ်များ ဝင်‌ရောက်မီးရှို့မှုမှာ ၎င်းစစ်ဆင်‌ရေးနှင့် ပတ်သက်နိုင်‌ကြောင်း ထို‌ဒေသမှ လုပ်သက်ရင့် ‌ဆေးတာဝန်ခံတစ်ဦးက ‌ပြော သည်။

လက်ရှိအချိန်တွင် သဒါးဒဲ ရွာသူရွာသားများမှာ ‌တောထဲ‌တောင်ထဲသို့ ထွက်‌ပြေးတိမ်း‌ရှောင်‌နေကြရပြီး မိုးတွင်းကာလတွင် ‌နေ ထိုင်၊ စား‌သောက်‌ရေး ခက်ခဲ‌နေသည့် ၎င်းရွာသားများကို ‌ဆေးဝါးများ သွား‌ရောက်ကူညီရန် နယ်လှည့်‌ကျောပိုးအိတ်ကျန်းမာ‌ရေး လုပ်သားများအဖွဲ့(BPHWT)က စီစဉ်ပြင်ဆင်‌နေသည်ဟု သိရသည်။

သဒါးဒဲ‌ကျေးရွာသည် နအဖတပ်စခန်းနှင့် နီးသလို နအဖစစ်‌ကြောင်းများ လှုပ်ရှားသွားလာ‌နေသည့် လမ်း‌ကြောင်းတွင် တည်ရှိရာ သတင်းရရှိချိန် ယ‌နေ့ည‌နေအထိ အဆိုပါ နအဖတပ်များမှာ ရွာထဲမှ ပြန်လည်ထွက်ခွာသွားခြင်း မရှိ‌သေး‌ကြောင်း သိရသည်။

ဖာပွန်မြို့‌မြောက်ဖက် မိုင် ၄ဝ ဝန်းကျင် ကွာ‌ဝေးသည့် သဒါးဒဲ‌ကျေးရွာတွင် အိမ်‌ခြေ ၅၀ဝန်းကျင်၊ ရွာသူရွာသားဦး‌ရေ ၅၀ဝနီးပါးရှိ ပြီး ၎င်းရွာရှိရာ‌ဒေသသည် ‌ကေအဲန်ယူ ထိန်းချုပ်ထားသည့် နယ်‌မြေလည်းဖြစ်သလို နအဖ စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ(၁၀) လက်‌အောက်ခံတပ်ရင်းများလည်း လာ‌ရောက်လှုပ်ရှားလျှက်ရှိသည်။

လွန်ခဲ့သည့် ၂၀၀၆ခုနှစ်ကလည်း ရွာအနီး စပါးခင်းတွင် သဒါးဒဲရွာသား ၃ဦးကို နအဖတပ်များက အ‌ကြောင်းမဲ့ ပစ်သတ်ခဲ့သည်။