Home ထိပ်တန်းသတင်း ထွက်‌ပြေးပုန်း‌အောင်း‌နေရ‌သော ‌ကျောင်းသူ‌ကျောင်းသား ၂၀၀‌ကျော် ‌ကျောင်းမတက်နိုင်‌သေး

ထွက်‌ပြေးပုန်း‌အောင်း‌နေရ‌သော ‌ကျောင်းသူ‌ကျောင်းသား ၂၀၀‌ကျော် ‌ကျောင်းမတက်နိုင်‌သေး

1900
ဇူလိုင်လ ၂၉ရက်။ ‌စောသိန်းမြင့်(‌ကေအိုင်စီ)

စာသင်‌ကျောင်း မီးရှို့ဖျက်ဆီးခံရ‌သော‌ကြောင့် ‌တောထဲ‌တောင်ထဲ ထွက်‌ပြေးပုန်း‌အောင်း‌နေရသည့် ဖာပွန်ခရိုင်၊ လူ‌သော မြို့နယ်မှ ‌ကျောင်းသူ‌ကျောင်းသား ၂၀၀‌ကျော်သည် ရက်သတ္တပတ်ကြာမြင့်ပြီဖြစ်‌သော်လည်း ယ‌နေ့အချိန်ထိ ‌ကျောင်းမတက် နိုင်‌သေး‌ကြောင်း ကရင် ‌ကျောင်းဆရာ ပူး‌ပေါင်း‌ဆောင်ရွက်‌ရေးအဖွဲ့ (Karen Teacher Working Group)က ‌ပြောသည်။

(KTWG)မှ ပြည်တွင်း‌ကျောင်းတာဝန်ခံ ‌စောသူးမွဲထူးက “ရွာထဲမှာ နအဖက ‌မြေမြှုပ်မိုင်း‌တွေ ‌ထောင်ထားတဲ့အတွက် အခုချိန် ထိ ရွာသား‌တွေ ပြန်‌နေလို့ မရဲကြ‌သေးတဲ့အ‌ပေါ်မှာ ‌ကျောင်းသား‌တွေလည်း ‌ကျောင်းမတက်နိုင်‌သေးဘူး။ ‌ကျောင်း ပြန်တက် နိုင်ဖို့အတွက် အရင်ဆုံး ‌ကျောင်းသစ် ထပ်‌ဆောက်ရအုံးမယ်ဆို‌တော့ တလ‌ကျော်‌ကျော်‌လောက် အချိန်ယူရမယ် ထင်ပါတယ်။ ‌လော‌လောဆယ်‌တော့ ‌ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာ‌တွေကို ကူညီဖို့ ကျ‌နော်တို့ တိုင်ပင် ‌ဆွေး‌နွေး‌နေပါတယ် ”ဟု ‌ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၃ရက်‌နေ့က နအဖစစ်တပ် စကခ(၁၀)ဗျူဟာအမှတ်(၂)မှ လူ‌သောမြို့နယ်ရှိ သဒါးဒဲ‌ကျေးရွာသို့ ဝင် ‌ရောက်ခဲ့ရာ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့‌သော‌ကြောင့် သဒါးဒဲရွာနှင့် တခြားရွာများမှ ‌ဒေသခံကရင်ရွာသူရွာသား ၉၀၀‌ကျော် ‌တောထဲ‌တောင်ထဲ ထွက်‌ပြေးပုန်း‌အောင်းခဲ့ရပြီး ထိုအထဲတွင် သဒါးဒဲ‌ကျေးရွာ အလယ်တန်း‌ကျောင်းမှ ‌ကျောင်းသူ‌ကျောင်း သား ၂၁၇ဦးနှင့် ‌ကျောင်းဆရာ၊ ဆရာမ ၁၂ဦးပါရှိသည်ဟု သိရသည်။

အဆိုပါ ထွက်‌ပြေးပုန်း‌အောင်း‌ရေသည့် ရွာသူရွာသားများသည် ယခုချိန်တွင် မိုးရာသီဖြစ်‌နေသဖြင့် ‌တောထဲတွင် ‌နေ့‌နေ့ညည အမိုးအကာ၊ ‌ဆေးဝါးနှင့် အသုံးအ‌ဆောင်ပစ္စည်းများမရှိဘဲ ဒုက္ခမျိုးစုံ ရင်ဆိုခဲ့ရပြီး ‌တောနက်ထဲတွင် ပုန်း‌အောင်း‌နေရ‌သော ‌ကြောင့် အထူးသဖြင့် အမျိုးသမီးများနှင့် က‌လေးငယ်များသည် ခြင်အန္တရာယ်နှင့် မသန့်ရှင်း‌သော‌ရေများ‌ကြောင့် ကျန်းမာ‌ရေး အတွက် အထူးစိုးရိမ်ရ‌ကြောင်း ဇူလိုင်လ ၂၇ရက်‌နေ့တွင် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)က ထုတ်ပြန်‌ကြေညာ ချက်တ‌စောင် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ၂၅ရက်‌နေ့တွင်လည်း ဗိုလ်မှူးကြီး‌စောလားပွယ်ဦးစီး‌သော ဒီ‌ကေဘီ‌အေ တပ်မဟာ (၅)တပ်ဖွဲ့နှင့် နအဖ စစ်တပ်တို့ ကြား နှစ်ဦးနှစ်ဖက် စစ်‌ရေးတင်းမာလာခဲ့ရာ အချိန်မ‌ရွှေး တိုက်ပွဲဖြစ်နိုင်သည့် အ‌ခြေအ‌နေ‌ကြောင့် ကရင်ပြည်နယ်၊ မြဝတီခ ရိုင်ရှိ ဝါ့မီထာ့၊ ‌လေး‌ဝေါ်၊ ဆုံဆည်းမြိုင်နှင့် ‌သေ‌ဘောဘိုးစသည့်ရွာများမှ စာသင်‌ကျောင်း ၄လုံး ပိတ်ခဲ့ရသည်ဟု KTWGက ‌ပြောသည်။

အလားတူ ယခုနှစ် ၂၀၁ဝခုနှစ် ဇန်နဝါရီလတွင်လည်း ကရင်ပြည်နယ်‌မြောက်ပိုင်း ‌ညောင်‌လေးပင်ခရိုင် မုံးမြို့နယ်၌ ‌ကျောင်းသူ ‌ကျောင်းသား ၅၀၀‌ကျော်ရှိ စာသင်‌ကျောင်း (၃)လုံးကို နအဖစစ်တပ်က ဝင်‌ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး လအနည်းငယ်အတွင်း ‌ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်‌သော်လည်း ‌ကျောင်းသူ‌ကျောင်သားများ ပြန့်ကျဲသွား‌သော‌ကြောင့် ယခုအချိန်ထိ စာသင်ကြားရန် အခက်ခဲရှိ‌နေဆဲဖြစ်သည်ဟု (KTWG)မှ ပြည်တွင်း‌ကျောင်းတာဝန်ခံက ‌ပြောသည်။