Home ထိပ်တန်းသတင်း လှုပ်ရှား စစ်တပ်က ရွာထဲတွင် မီးရှို့ပြီး မိုင်းဗုံး‌ထောင်

လှုပ်ရှား စစ်တပ်က ရွာထဲတွင် မီးရှို့ပြီး မိုင်းဗုံး‌ထောင်

1707
ဇူလိုင်လ ၂၄ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

ဖာပွန်ခရိုင်၊ လူ‌သောမြို့နယ်ရှိ သဒါးဒဲ‌ကျေးရွာကို ဝင်‌ရောက်မီးရှို့ဖျက်ဆီးခဲ့သည် နအဖတပ်များသည် ယ‌နေ့ မွန်းလွဲပိုင်းတွင် အဆိုပါ ‌ကျေးရွာမှ မထွက်ခွာခင် ရွာထဲတွင် မိုင်းဗုံးများ ‌ထောင်ထားခဲ့‌သော‌ကြောင့် ရွာသူရွာသားများ အိမ်ပြန်ရန် ထိတ်လန့်‌နေကြ သည်။

နအဖ စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ (၁၀) ဗျူဟာ(၂)သည် လူ‌သောမြို့နယ်ရှိ သဒါးဒဲ‌ကျေးရွာကို ယမန်‌နေ့က လက်နက်ကြီးများ ဖြင့် ပစ်ခတ်ခဲ့ကာ ရွာထဲကိုဝင်ပြီး ‌နေအိမ်များ၊ စာသင်‌ကျောင်းနှင့် ဘုရား‌ကျောင်းတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး‌နောက် ယ‌နေ့ ၎င်းတို့ ပြန်မထွက်သွားခင်အချိန်တွင် မိုင်းဗုံးများ ‌ထောင်ထားခဲ့‌ကြောင်း ‌ဒေသခံတဦး ‌ပြောသည်။

သူက “ဒီ‌နေ့ ည‌နေပိုင်းမှာ နအဖ တပ်‌တွေက ရွာထဲက‌နေ လယ့်ခလိကျိုးဘက်ကို ထွက်သွားပြီ။ မထွက်ခင် ရွာထဲမှာ မိုင်း‌တွေ ‌ထောင်ထားခဲ့တယ်။ ဒီည‌နေအထိ မိုင်းက ၃လုံး‌ပေါက်‌နေပြီ။ လူ‌တွေကို မထိ‌ပေမဲ့ အိမ်‌မွေး ဝက်နှစ်‌ကောင်နှင့် ဆိတ်တ‌ကောင် ထိ သွားတယ်။ ရွာသား‌တွေက‌တော့ ‌ကြောက်‌နေကြတယ်။ ဘယ်သူမှ မပြန်ရဲကြ‌သေးဘူး”ဟု ‌ပြောသည်။

၎င်းနအဖတပ်များ ထိုကဲ့သို့ လက်နက်ကြီးများပစ်ခတ်ပြီး ဝင်‌ရောက်လှုပ်ရှားလာသည့်အတွက်‌ကြောင့် သဒါးဒဲရွာအပြင် တ‌ခေါ်တို့ ‌ဘော၊ ‌သေးမူဒဲ၊ ထီးဆီထာ့နှင့် သူးပိုခီး‌ကျေးရွာတို့မှ ရွာသူရွာသားများသည် နီးစပ်ရာ ‌ကျေးရွာများသို့ ထွက်‌ပြေးတိမ်း‌ရှောင်‌နေကြ ရာ စုစု‌ပေါင်း ရွာသူရွာသားဦး‌ရေ ၁၀၀၀‌ကျော် ရှိသည်ဟု သိရသည်။

လက်ရှိအချိန်တွင် ထွက်‌ပြေးတိမ်း‌ရှောင်‌သော ရွာသူရွာသားများ၏ ‌နေထိုင်‌ရေး၊ စားနပ်ရိက္ခာများအတွက် အခက်အခဲရှိသည့်အ ပြင် ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုလည်း လိုအပ်သည်ဟု ထို‌ဒေသရှိ တာအိုဒဲ‌ဆေးခန်း တာဝန်ခံ ‌စောညွန့်ဝင်းက ‌ပြောသည်။

သူက “ရွာသား‌တွေက‌တော့ နီးစပ်ရာ တာအို့ဒဲ‌ကျေးရွာ အနီးတဝိုက်မှာ လိုက်‌နေကြတယ်။ သစ်ပင်၊ ဝါးပင်‌အောက်မှာ တဲထိုးပြီး ‌တော့လည်း ‌နေကြတယ်။ စားတာ၊ ‌သောက်တာက သူတို့နဲ့ ပါလာတဲ့ အစားအစာ‌တွေကို ‌ဝေမျှစား‌နေကြတယ်။ အခုချိန်မှာ မိုး တွင်းကာလလည်းဖြစ်‌တော့ ကျ‌နော်တို့ တာအို့ဒဲ‌ဆေးခန်းမှာ လူနာ‌တွေ အပြည့်ပဲ။ အများအားဖြင့်က အ‌အေးမိပြီး ဖျားတာများ တယ်။ ‌နောက် ငှက်ဖျား၊ တုပ်‌ကွေး၊ ဝမ်း‌လျှောတာလည်း ရှိတယ်”ဟု ‌ပြောသည်။

၎င်းတို့အတွက် လိုအပ်သည့် ‌ဆေးဝါးကုသမှုများကို သွား‌ရောက်ကူညီရန် နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားအဖွဲ့ (BPHWT)မှ အ‌ရေးကြီးသည့် ‌ဆေးဝါးများကို ဝယ်ယူပြီး အမြန်ဆုံး ပို့‌ဆောင်‌တော့မည်ဟု သိရသည်။

ထို‌ဒေသတွင် နအဖ လှုပ်ရှားတပ်များ ပြန်လည်ထွက်သွားပြီးဖြစ်‌သော်လည်း ရွာသူရွာသားများ၏ လုံခြုံ‌ရေးအတွက် စိတ်ချရသည့် အ‌နေအထား မရှိ‌သေး‌ကြောင်းနှင့် ရွာသူရွာသားများ ပြန်လည်‌နေထိုင်နိုင်ရန်အတွက် နယ်‌မြေခံ ‌ကေအဲန်အယ်လ်‌အေ တပ်ဖွဲ့ဝင် များက အဆိုပါ ‌ကျေးရွာများသို့ မိုင်းရှင်းမရှင်း သွား‌ရောက်စစ်‌ဆေး‌နေ‌ကြောင်း ‌ကေအဲန်ယူ တပ်မဟာ(၅)မှ ဗိုလ်မှူး‌စောကလယ်ဒို က ‌ပြောသည်။