Home Authors Posts by Hay Htoo

Hay Htoo

3506 POSTS 0 COMMENTS

စိန်‌ခေါ်မှုများနဲ့ ဒုက္ခသည်ပညာ‌ရေး ကြိုတင်ပြင်ဆင်ဖို့လိုပြီ

မနိုက်အွာ (ဇွန်လ ၆ရက်။ ‌ကေအိုင်စီ) ထိုင်းနိုင်ငံအတွင်း ဒုက္ခသည်‌တွေရဲ့ ပညာ‌ရေးကို ကူညီ‌ထောက်ပံ့‌ပေး‌နေတဲ့ နိုင်ငံတကာ NGOs အဖွဲ့အစည်း‌တွေက အကူအညီ ‌တွေ ‌လျှော့ချလိုက်တဲ့အတွက် အခု စာသင်နှစ်မှာ ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်စစ်‌ပြေး ဒုက္ခသည်စခန်း ၇ခုအတွင်းမှာရှိတဲ့ စာသင်‌ကျောင်း‌တွေ လည်ပတ်နိုင်ဖို့အတွက် အကြပ်အတည်း၊ အခက်အခဲ‌တွေ ရှိ‌နေပါတယ်။ ဒုက္ခသည်‌တွေရဲ့...

အမယ်အိုတစ်ဦးအား အဓမ္မပြုကျင့်သူ လူငယ် ဖမ်းဆီးခံရ

ဇွန်လ ၃ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ) ထိုင်း-မြန်မာနယ်စပ် မဲ‌ဟောင်‌ဆောင်ခရိုင် မယ်လအူးဒုက္ခသည်စခန်းမှ အသက် ၆၁နှစ်အရွယ် အမယ်အို အမျိုးသမီးတစ်ဦး အား မုဒိမ်းကျင့်ခဲ့သူ အသက် ၂၆နှစ်အရွယ် လူငယ်တစ်ဦးကို စခန်းတာဝန်ခံများက ဖမ်းဆီးမိခဲ့ပြီဖြစ်‌ကြောင်း သိရသည်။ အဆိုပါ အမျိုးသမီးကြီးမှာ ပြီးခဲ့သည့် ‌မေလ ၂၄ရက်‌နေ့က မယ်လအူးစခန်းနံ‌ဘေးရှိ မိုင်းလုံးကြီး‌ချောင်း(မဲ့စရင်း‌ချောင်း)...

နို့ဖိုးစခန်းတွင် ငှက်ဖျားကူးစက်မှု များပြားလာ

ဇွန်လ ၃ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ) ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် အုန်းဖန်မြို့နယ်အတွင်းရှိ နို့ဖိုးဒုက္ခသည်စခန်းတွင် ‌မေလမှစ၍ ယခုအချိန်ထိ ငှက်ဖျား‌ရောဂါ ကူးစက်မှု နှုန်းမှာ ယခင်ကထက် ပိုမိုများပြားလာ‌ကြောင်း ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။ စခန်းတွင်းရှိ ARC ‌ဆေးရုံမှ ဝါရင့်ကျန်းမာ‌ရေးဝန်ထမ်းတစ်ဦးက “အရင်ကဆို တစ်လကို ငှက်ဖျားဖြစ်တဲ့သူ‌တွေက ၅‌ယောက်၊ ၆‌ယောက်‌လောက်ပဲ။...

လူငယ်များနှင့် စကားလက်‌ဆောင်

‌စောလယ့်ထူး ၂၃နှစ် ပညာအရည်အချင်း ၁ဝတန်း‌အောင် ‌နေရပ်ဇာတိ ကွီးကလယ်‌ကျေးရွာ၊ ‌ကော့ကရိတ်မြို့နယ်၊ ကရင်ပြည်နယ်။ ကျ‌နော် ချက်မြှုပ်တဲ့‌နေရာက ကွီးခလယ်‌ကျေးရွာမှာ ဖြစ်တယ်ဆို‌ပေမယ့် အရွယ်နည်းနည်း‌ရောက်လာ‌တော့ ဖားအံမြို့ မှာ ‌ပြောင်း‌နေတယ်။ ၂၀၀၃ခုနှစ်က ဖားအံ၊ အမှတ်(၂) အ‌ခြေခံပညာ အထက်တန်း‌ကျောင်းမှာ ဆယ်တန်း‌အောင်မြင်ခဲ့ တယ်။ ‌မောင်နှမ‌တွေထဲမှာ ကျ‌နော်က ဒုတိယ‌မြောက်သား ဖြစ်တယ်။ အစ်မ‌တွေညီမ‌တွေက မြန်မာနိုင်ငံက ဘွဲ့ရတဲ့အ...

ပြည်နယ် ငြိမ်းချမ်း‌ရေးအတွက် အစိုးရတပ်နဲ့ ကရင်တပ်ဖွဲ့ ကြား‌တွေ့ဆုံ‌ဆွေး‌နွေး နိုင်ဖို့ကိစ္စ အစိုးရသစ်ထံ ထပ်မံတင်ပြမည်

ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ် နန်း‌စေးအွာနှင့် ဆက်သွယ်‌မေးမြန်းချက်  ဖြစ်ပါ သည်။ ‌ကေအိုင်စီ- ကရင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခ‌ကြောင့် အိုးမဲ့အိမ်မဲ့ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရတဲ့ စစ်‌ပြေးဒုက္ခသည်‌တွေ ‌နေရပ်ရင်းပြန်လာနိုင်ဖို့အပြင် လက်နက်ကိုင် ကရင်တပ်ဖွဲ့နဲ့ လက်ရှိအစိုးရတို့အကြား ‌တွေ့ဆုံ‌ဆွေး‌နွေးနိုင်ဖို့ အတွက်နိုင်ငံ‌တော်သမ္မတ ဆီကို ဖလုံ-စ‌ဝေါ်ပါတီအ‌နေနဲ့ တင်ပြ‌တောင်းဆို ထားတဲ့ အ‌ခြေအ‌နေက ဘယ်လိုရှိပါသလဲ။ နန်း‌စေးအွာ...

ကန္တာရ ခြ‌သေင့်္များသို့

(လကင်္ာဒီပ) ပူပြင်းလွန်းတဲ့ ‌နွေ‌ခေါင်‌ခေါင် ဒီ‌မောင်‌တွေအသဲကလည်း ‌ကျောက်ခဲ‌ကျောက်‌တောင်‌တွေလို အလွန်ကို မာ‌ကျောလှပါဘိ‌တော့ မ‌လျော့‌သောဇွဲများနဲ့ ချစ်တဲ့ပြည်သူများအ‌ရေး ကိုးဒီ‌သွေး‌တွေ ‌ပေးဆပ်‌နေလိုက်ကြတာ ကန္တာရ ခြ‌သေင့်္မင်းများလို‌ပေါ့။ ပြည်သူပြည်သားအ‌ရေးများ တစ်ပြားသားမှ မ‌လျော့မယ့်‌မောင် ‌တောင်နံရံ ‌ထောင်နံရံကို ထိုးသွင်းရင်း ပစ်ခွင်း‌တော့မယ့် မိုးကြိုးသွားနှယ် တကယ်ပဲ မြင့်မြတ်လှပါသည်‌လေ။ တူညီ‌ရွေးချယ်သ‌ဘောထား ပြတ်သားသံန္နိဌာန်‌တွေလည်း ရဲရင့်ရဲတင်းလှပါဘိ ကတိ‌တွေလည်း မ‌ဖောက်မယ့်အ‌မောင် ‌ရွှေ‌တောင်ပံမာန်ဟုန်ပြင်း သိကြားမင်းနတ် စစ်သည်‌တွေအလား ဓား‌တောင်‌တွေကြား ‌လေးစားထိုက်သူ‌တွေမို့။ ကိုးဒီ‌သွေးတို့‌ရေ မြက်မစားသီဟ‌တွေ‌နေတဲ့ ကျုပ်ချစ်တဲ့ ‌ကော်သူး‌လေကမ္ဘာမှာ ကန္တာရမီးပင်လယ် ဘယ်‌လောက်ပင် ကျယ်ဝန်း‌နေ‌စေ ဒီ‌မြေဒီ‌ရေ ဒီ‌လေ ငြိမ်းချမ်း‌ရေး‌တွေ‌ဝေ‌စေ‌ရေး သံလွင်‌ရေ‌တွေ ဘယ်မခမ်းသ‌ရွေ့ တ‌နေ့တလံ ကြိုးစားအ‌ရောက်သွားကြစို့ကွယ် ဘယ်‌သောင်ဘယ်ကမ်းဘယ်လမ်း စခန်း‌တွေ ဘယ်လိုကြမ်းပါ‌စေ မြင့်မြတ်‌နေသူတို့ နှလုံးသား ဓား‌တောင်‌တွေ ထိပ်တည်‌နေမည်မှာ အမှန်ဖြစ်သည်။ ‌မေလ ၃၁ရက်၊ ၂၀၁၁ခုနှစ်။

မြိုင်ကြီးငူရှိ BGF နှင့် KNLA ပူး‌ပေါင်းတပ်ဖွဲ့များ စစ်‌ရေးအဆင်သင့်ဖြစ်‌နေ

ဇွန်လ ၂ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ) ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ‌ဒေသတွင် အ‌ခြေစိုက်သည့် နယ်ခြား‌စောင့်တပ် BGF တပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) တပ်မဟာ(၇) တပ်ဖွဲ့ဝင်များသည် ‌မေလ‌နောက်ဆုံးပတ်မှစ၍ ပူး‌ပေါင်းချိတ်ဆက်ကာ မြန် မာအစိုးရတပ်ကို ပြန်လည်တိုက်ခိုက်ရန် အသင့်ဖြစ်‌နေပြီဟု KNLA တပ်မဟာ(၇)က ထုတ်‌ဖော်‌ပြောဆိုသည်။ KNLA...

ဥ‌ရောပ-တရုတ် ဆည်စီမံကိန်း‌ကြောင့် ‌ဒေသခံလူထု ၈‌ထောင်‌ကျော် ‌ပြောင်း‌ရွှေ့ခံရဟု KNGY ထုတ်ပြန်

‌မေလ ၃၁ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ) ရှမ်းပြည်နယ်၊ ‌ပေါင်း‌လောင်းမြစ်အထက်ပိုင်း ‌ရေအားလျှပ်စစ် ထုတ်လုပ်‌ရေး အတွက် ဥ‌ရောပ-တရုတ် ပူး‌ပေါင်း တည်‌ဆောက် မည့် ဆည်စီမံကိန်း‌ကြောင့် ‌ကျေးရွာ‌ပေါင်း ၂၃ရွာမှ ‌ဒေသခံလူထု ၈‌ထောင်‌ကျော် အိုးအိမ်‌ပြောင်း‌ရွှေ့ ရန် နှင်ထုတ်အမိန့်‌ပေး ခံရ သည်ဟု ကယန်းမျိုးဆက်သစ်လူငယ် (KNGY)က...

နိုင်ငံ‌ရေးအကျဉ်းသားများ လွတ်‌မြောက်‌ရေး အစိုးရကို ဂျွန်မက်ကိန်း တိုက်တွန်းမည်

‌မေလ ၃၁ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ) မြန်မာနိုင်ငံ ပြုပြင်‌ပြောင်းလဲ‌ရေးနှင့် နိုင်ငံ‌ရေးအကျဉ်းသားများ လွတ်‌မြောက်‌ရေးအတွက် မြန်မာအစိုးရကို တိုက်တွန်းသွားမည်ဟု ထိုင်း-မြန်မာနယ်စပ်သို့ ယ‌နေ့ ‌ရောက်ရှိလာသည့် အ‌မေရိကန်အထက်လွှတ်‌တော်အမတ် ဂျွန်မက်ကိန်းက ‌ပြောဆိုလိုက်သည်။ ၎င်းက “မနက်ဖြန် မြန်မာနိုင်ငံကို သွားမယ်။ ‌ဒေါ်‌အောင်ဆန်းစုကြည်နဲ့ အစိုးရကို သွား‌ရောက်‌တွေ့ဆုံမှာပါ။ မြန်မာနိုင်ငံ ပြုပြင် ‌ပြောင်းလဲဖို့အတွက်နဲ့...

တန်ပြန်‌တော်လှန်မှုသာ ဒီ‌ကေဘီ‌အေ၏ အနာဂတ်ပန်းတိုင်

‌မေလ ၄ရက်။ ‌ခေါင်ဆူလိုင့် သမ္မတ ဦးသိန်းစိန်၏ အရပ်သားအစိုးရသစ် ‌ပေါ်ထွန်းလာခဲ့‌သော်လည်း ကရင်ပြည်နယ်အတွင်းမှာ‌တော့ ဧပြီလမကုန်ခင်အ တွင်း လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ‌ဒေသတွင် ဒီ‌ကေဘီ‌အေမှ နယ်ခြား‌စောင့်တပ် ‌ပြောင်းလဲဖွဲ့စည်းလိုက်သည့် အဖွဲ့အချင်းချင်း ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ အလားတူ ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံရွာကြီးတဝိုက်တွင်လည်း ‌သေနတ်သံများ ဆူညံ ကာ ‌ဒေသခံ...
Donate