Home တွေ့ဆုံမေးမြန်းခန်း ပြည်နယ် ငြိမ်းချမ်း‌ရေးအတွက် အစိုးရတပ်နဲ့ ကရင်တပ်ဖွဲ့ ကြား‌တွေ့ဆုံ‌ဆွေး‌နွေး နိုင်ဖို့ကိစ္စ အစိုးရသစ်ထံ ထပ်မံတင်ပြမည်

ပြည်နယ် ငြိမ်းချမ်း‌ရေးအတွက် အစိုးရတပ်နဲ့ ကရင်တပ်ဖွဲ့ ကြား‌တွေ့ဆုံ‌ဆွေး‌နွေး နိုင်ဖို့ကိစ္စ အစိုးရသစ်ထံ ထပ်မံတင်ပြမည်

1836
ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ် နန်း‌စေးအွာနှင့် ဆက်သွယ်‌မေးမြန်းချက်  ဖြစ်ပါ သည်။

‌ကေအိုင်စီ-

ကရင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခ‌ကြောင့် အိုးမဲ့အိမ်မဲ့ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရတဲ့ စစ်‌ပြေးဒုက္ခသည်‌တွေ ‌နေရပ်ရင်းပြန်လာနိုင်ဖို့အပြင် လက်နက်ကိုင် ကရင်တပ်ဖွဲ့နဲ့ လက်ရှိအစိုးရတို့အကြား ‌တွေ့ဆုံ‌ဆွေး‌နွေးနိုင်ဖို့ အတွက်နိုင်ငံ‌တော်သမ္မတ ဆီကို ဖလုံ-စ‌ဝေါ်ပါတီအ‌နေနဲ့ တင်ပြ‌တောင်းဆို ထားတဲ့ အ‌ခြေအ‌နေက ဘယ်လိုရှိပါသလဲ။
နန်း‌စေးအွာ – တင်ထားတာ အခုထိ တရားဝင် အ‌ကြောင်းပြန်တာမရှိ‌သေးဘူး။ ကျမတို့ဖြစ်ချင်တာက သူတို့(အစိုးရ)က တရား ဝင် စာနဲ့ဘာနဲ့ အ‌ကြောင်းပြန်ဖို့‌ပေါ့‌နော်။ ဒါ‌ပေမယ့် အခု ကျမတို့ တင်ထားတဲ့ဟာက အခုထက်ထိ ဘာမှ မထူး‌သေးဘူး။ ကျမတို့‌တောင်းဆိုတဲ့ ငြိမ်းချမ်း‌ရေးတို့ ပြည်တွင်းဒုက္ခသည်တို့ အ‌ရေး‌တွေ ဘာတခုမှ အ‌ကြောင်းမပြန်ကြား‌သေးဘူး။

‌ကေအိုင်စီ – အခုလို တင်ပြချက်အ‌ပေါ် ကရင်ပြည်နယ်မှာရှိတဲ့ အခြားနိုင်ငံ‌ရေးပါတီ‌တွေက‌ရော ဘယ်လိုပူး‌ပေါင်း‌ဆောင်ရွက်မှု ‌တွေ ရှိပါသလဲ။
နန်း‌စေးအွာ – ကရင်ပြည်နယ်မှာ တခြားပါတီက တခုမှ မပူး‌ပေါင်းဘူး‌နော်။ အဲဒါက‌တော့ ဖလုံ-စ‌ဝေါ်တခုတည်းပဲ လိုလားတာ ‌ပေါ့‌နော်။ ကျမတို့ ဖလုံ-စ‌ဝေါ်ပါတီအ‌နေနဲ့က‌တော့ (Development) ပိုင်းထက် (Peace)ကို ပိုပြီး‌တော့ လိုလားတယ်။ ကျမတို့ က အဲဒါကို ‌တောင်းဆိုထားပါတယ်။ ပထမဦးဆုံး လွှတ်‌တော်အစည်းအ‌ဝေးထဲမှာ‌ပေါ့‌နော်။ ကျမတို့ပြည်နယ် ငြိမ်းချမ်းချင် တယ်။ တခြားပြည်နယ်‌တွေမှာ အကုန်လုံးငြိမ်းချမ်း‌နေပြီ။ ငြိမ်းချမ်းမှုမရှိရင် တိုးတက်လို့မရဘူး‌လေ။ အဲဒါ‌ကြောင့် ငြိမ်းချမ်းမှု ကို လိုလားတဲ့အတွက် ကျမတို့ ‌တောင်းဆိုတာပါ။

‌ကေအိုင်စီ – ငြိမ်းချမ်း‌ရေး လုပ်‌ဆောင်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး‌တော့ လက်နက်ကိုင် ကရင်အဖွဲ့အစည်း‌တွေနဲ့‌ကော ဖလုံ-စ‌ဝေါ်ပါတီ အ‌နေနဲ့ ဘယ်လိုချဉ်းကပ်မှု‌တွေ ‌ဆောင်ရွက်သွားဖို့ ရှိပါသလဲ။
နန်း‌စေးအွာ – ကျမတို့ ဖလုံ-စ‌ဝေါ်ပါတီက ငြိမ်းချမ်း‌ရေးအတွက်ပဲ အလုပ်လုပ်တယ်။ လက်နက်ကိုင်အဖွဲ့‌တွေက ကျမတို့ကို ကြိုက်နှစ်သက်လား၊ မနှစ်သက်လား‌တော့ မသိဘူး။ သူတို့‌တွေနဲ့ ချဉ်းကပ်လို့မရဘူး။ ကျမတို့ အလုပ်လုပ်တာက ကရင်ပြည် နယ်မှာရှိတဲ့ ပြည်သူ‌တွေအကုန်လုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ‌နေနိုင်ဖို့‌ပေါ့‌နော်။ သူများ‌တွေ တစ်ပြားရရင် ကိုယ်လည်း တစ်ပြားရ ‌အောင်၊ သူများ‌တွေ တကျပ်ရရင် ကိုယ်လည်းတကျပ် လုပ်ဖို့ပါပဲ။ တခြားပြည်နယ်‌တွေ ငြိမ်းချမ်းသလို ကျမတို့ ပြည်နယ်လည်း ငြိမ်းချမ်းဖို့အတွက်ဆိုတဲ့ ‌မျှော်လင့်ချက်နဲ့ ကျမတို့လုပ်တာပါ။ အဲဒါက‌တော့ ကျမတို့ဘက်က ပြည်သူ‌တွေ ဖြစ်ချင်တဲ့ဆန္ဒနဲ့ စိတ် အားထက်သန်မှု‌ပေါ့။ လက်နက်ကိုင်အဖွဲ့‌တွေက သူတို့အစီအစဉ်နဲ့ သူတို့‌တော့ ရှိမှာပါ။ သ‌ဘောထားတူညီမှုရှိရင်‌တော့ ကျမ တို့နဲ့ လာပူး‌ပေါင်းမှာပါ။ လက်နက်ကိုင်အဖွဲ့နဲ့ ညှိနှိုင်း‌ဆွေး‌နွေးဖို့အတွက်‌တော့ (KPC-Karen Peace Committee)က တာဝန် ယူ‌ပေး‌နေပါတယ်။ ဘာဖြစ်လို့လဲဆို‌တော့ အဲဒီကဏ္ဍမှာ ကျမတို့လွှတ်‌တော်အ‌နေနဲ့ လုပ်‌ပေးလို့မရဘူး။ အဲဒါ‌ကြောင့် လက် နက်ကိုင်အဖွဲ့‌တွေနဲ့‌တော့ (KPC)အဖွဲ့ ဝိုင်းဝန်းကူညီလုပ်‌ဆောင်‌ပေး‌နေပါတယ်။ လက်နက်ကိုင်အ‌ရေးကိစ္စကို‌တော့ KPC တာ ဝန်ယူတာ‌ပေါ့‌နော်။ ကျမတို့လုပ်နိုင်တာ‌တော့ ဒီက နိုင်ငံ‌တော်သမ္မတနဲ့ တင်ပြ‌တောင်းဆိုမယ် ဆိုတာပါပဲ။

‌ကေအိုင်စီ – စစ်မက်ဖြစ်ပွားရာ‌ဒေသမှာ ဒုက္ခ‌ရောက်‌နေကြတဲ့ လူ‌တွေ‌တွေကို ဖလုံ-‌ဝေါ်ပါတီအ‌နေနဲ့ ‌ရှေ့ဆက် ဘယ်လိုကူညီ ‌ဆောင်ရွက်‌ပေးသွားဖို့ ရှိပါသလဲ။
နန်း‌စေးအွာ – လက်ရှိအချိန်မှာ ဖလုံ-စ‌ဝေါ်ပါတီဟာ ရန်ပုံ‌ငွေမရှိဘူး။ စစ်‌ကြောင့် ဒုက္ခ‌ရောက်‌နေတဲ့လူ‌တွေကို အရမ်းကို ကူညီ ချင်ပါတယ်။ စစ်‌ကြောင့် ထွက်‌ပြေးတိမ်း‌ရှောင်တဲ့လူ‌တွေ ကူညီဖို့အတွက် ဘယ်လိုအစီအစဉ်‌တွေရှိလဲလို့ လွှတ်‌တော်မှာ တင် ပြခဲ့တဲ့အခါမှာ မြန်မာနိုင်ငံမှာ စစ်‌ကြောင့် ထွက်‌ပြေးတိမ်း‌ရှောင်တဲ့လူမရှိဘူးလို့ သူတို့(အစိုးရ)ဘက်က ‌ပြောတယ်။ အဲဒါသူတို့ ဘက်က မြင်တယ်။ ကျမတို့ပြည်နယ်ရဲ့ အ‌ခြေအ‌နေကို ကျမတို့အသိဆုံးပါပဲ။ လူ‌တွေ ဘယ်လိုဒုက္ခ‌ရောက်‌နေလဲ။ ဘယ်လို ညှင်းပန်းနှိပ်စက်မှု‌တွေရှိလဲဆိုတာကို ကျမတို့ မျက်မြင်ကိုယ်‌တွေ့ပဲ‌လေ။ ဒါ‌ပေမယ့် ကျမတို့ ပြည်တွင်းထဲမှာဆို‌တော့ အားလုံး ကို ‌ပြောဆိုလို့ မရဘူး။

‌ကေအိုင်စီ – အစိုးရထံ တင်ပြ‌တောင်းဆိုတဲ့အ‌ပေါ်မှာ ပါတီအ‌နေနဲ့ ဘယ်‌လောက်အထိ ‌မျှော်လင့်ထားပါသလဲ။
နန်း‌စေးအွာ – ‌နောက် သုံးလကျရင် လွှတ်‌တော်အစည်းအ‌ဝေးရှိတယ်။ အဲဒါကို ကျမတို့ သွားတက်ရမယ်။ အခုတ‌ခေါက် ‌တောင်းလို့မရရင် ‌နောက်တ‌ခေါက် ထပ်‌တောင်းမယ်။ ဘာဖြစ်လို့လဲဆို‌တော့ သူတို့‌တွေ‌ပြောင်းလဲ‌နေပြီ‌လေ။ သူတို့လက်ခံ သည်ဖြစ်‌စေ လက်မခံသည်ဖြစ်‌စေ ကျမတို့ဘက်က ‌တောင်းနိုင်သ‌လောက်‌တော့ ‌တောင်းရမှာပဲ။ ကျမတို့ပြည်သူ‌တွေ၊ ကရင် ပြည်နယ်မှာ ရှိတဲ့ပြည်သူ‌တွေ ဘာကိုလိုလားဆိုတာ ညှိနှိုင်းတိုင်ပင်ပြီး‌တော့ ကျမတို့‌တောင်းရမယ်။

‌ကေအိုင်စီ း- အစိုးရသစ်တက်ပြီးတဲ့‌နောက်ပိုင်း ဖလုံ-စ‌ဝေါ်ပါတီက လွှတ်‌တော်အမတ်‌တွေ၊ ဝန်ကြီး‌တွေက ကိုယ့်ပြည်နယ်ထဲမှာ ဘာ‌တွေ လုပ်‌ဆောင်‌နေကြပြီလဲ။
နန်း‌စေးအွာ – အခု လွှတ်‌တော်အမတ်‌တွေ၊ အစိုးရဝန်ကြီး‌တွေရဲ့အလုပ်‌တွေ ရှိမရှိ‌တော့ မီဒီယာမှာကြည့်ပြီး သ‌ဘော‌ပေါက်မှာ ပါ။ ကရင်စာ‌ပေနဲ့ ယဉ်‌ကျေးမှုသင်တန်း‌တွေ‌တော့ ဖလုံ-စ‌ဝေါ် လုပ်တာ‌တော့ မဟုတ်ဘူး။ ကရင်စာ‌ပေနဲ့ ယဉ်‌ကျေးမှုအသင်းက လုပ်‌ဆောင်တာပါ။ ဖလုံ-စ‌ဝေါ်ပါတီက ဘာမှမလုပ်‌ဆောင်ရ‌သေးဘူး။ အခုမှ သင်ယူတုန်းပါ။