Home Authors Posts by Hay Htoo

Hay Htoo

3506 POSTS 0 COMMENTS

ကရင်လူငယ်များနဲ့ ဝမ်းတထွာ ပြဿနာ

‌မေလ ၉ရက်။ ခွန်းအယ်‌သောင့် “ဘန်‌ကောက်ပြန်”ဆိုတဲ့ စကားလုံးဟာ ကရင်ပြည်နယ်တစ်ခုလုံးကို ‌ရေပန်းစားတဲ့ အရပ်သုံးစကားတလုံး ဖြစ်‌နေပါတယ်။ ဒီ အမည်နာမဟာ ထိုင်းနိုင်ငံက ပြန်လာတဲ့လူ‌တွေကို တင်စား‌ခေါ်‌ဝေါ်‌နေကြတဲ့ ကရင်ပြည်နယ်က စကားအသုံးအနှုန်းပါ။ ဘန်‌ကောက်က ပြန်လာတဲ့သူဟာ သူတို့ရဲ့လုပ်အားခ‌တွေစုပြီး ရပ်ထဲရွာထဲမှာ အိမ်‌ကောင်းယာ‌ကောင်း‌တွေ ပြန်လာဝယ်နိုင် တဲ့အတွက် အထင်ကြီးသူ‌တွေရှိသလို လူ‌နေမှုအဆင့်အတန်း...

ဥပ‌ဒေ‌ဘောင်ထဲဝင်လာခဲ့တယ်ဆို‌ပေမယ့် အ‌ခြေခံဥပ‌ဒေ‌အောက်ကို‌ရောက်မလာကြ‌သေးဘူး

(တူ‌မောင်ညို) (၂၀၁၁၊ ‌မေ ၂၄) ဒီစကားက အင်အားတစ်စုံတစ်ရာရှိတဲ့ တိုင်းရင်းသား အပစ်ရပ်အင်အားစု‌တွေရဲ့ ‌လော‌လောဆယ်အ‌ခြေအ‌နေကို အနီးစပ်ဆုံး ‌ဖော် ပြနိုင်တဲ့ အ‌နေအထားရှိပါတယ်။ အ‌ခြေအ‌နေက ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ‌အောက်ကိုလည်း တိတိပပ မ‌ရောက်‌သေးသလို လက်နက်ကိုင်တိုက်ပွဲ‌တွေလည်း ပီပီပြင်ပြင် ပြန်မဖြစ်‌သေးတဲ့ တိုးလို့တန်းလန်း (ယာယီ)အ‌ခြေအ‌နေမျိုး ဖြစ်ပါတယ်။ မကြာခင် ဆပ်ပြာပူ‌ဖေါင်းပမာ ပါးလွှလှတဲ့ အဲဒီ...

ဖွံ့ဖြိုး‌ရေးစီမံကိန်းနှင့် ရင်းနှီး မြှုပ်နှံမှုများကို ဆန့်ကျင်‌ကြောင်း ကရင်နှီး‌နှောဖလှယ်ပွဲမှ ‌ဆွေး‌နွေး ဆုံးဖြတ်ခဲ့

‌မေလ ၂၉ရက်။ ‌ကေအိုင်စီ ၈ကြိမ်‌မြောက် ကရင်အမျိုးသား စည်းလုံးညီညွှတ်‌ရေး နှီး‌နှောဖလှယ်ပွဲမှ ကရင်ဒုက္ခသည်များကို ‌နေရပ်ပြန်လည် မပို့‌ဆောင် ‌ရေးနှင့် ကရင်‌ဒေသများတွင် ပြုလုပ်‌နေသည့် ဖွံ့ဖြိုး‌ရေးစီမံကိန်းများနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဆန့်ကျင် ရှုတ်ချ‌ကြောင်း ယမန်‌နေ့က ‌ကြေညာချက် ထုတ်ပြန်လိုက်သည်။ ထို‌ကြေညာချက်တွင် နှီး‌နှောဖလှယ်ပွဲမှ ကရင်လူမျိုးများအကြား စည်းလုံးညီညွှတ်မှု ပိုမို...

‌စောအယ်ယား မှအကြံပြု‌ပေးစာ

28-5-2011 ကရင်သတင်းစဉ်နဲ့ ပါဝင်‌သော သတင်းပုဒ်‌ရေမှာ နဲပါးလွန်းသည်ဟု ထင်ပါသည်။ သတင်းပုဒ်‌ရေ များလာရန်မှာ VOA-BBC- RFA- DVB ကဲ့သို့ သတင်းဌာနများမှ အင်တာနက်‌ပေါ်တင်ထား‌သော မြန်မာ နိုင်ငံရှိ လူမျိုးစုများနှင့် ပတ်သက်‌သော စစ်‌ရေး၊ နိုင်ငံ‌ရေး၊ လူမှု‌ရေးကဲ့သို့ သတင်း‌ခေါင်းစဉ် အတိုချုပ်များ ကို တည်းဖြတ်၍...

တတိယအကြိမ်‌မြောက် ပဒိုမန်းရှာ လူငယ်‌ခေါင်း‌ဆောင်ဆု ‌နော်ဒီဇင်ဘာ ‌ဖောအား ချီးမြှင့်ခဲ့

‌မေလ ၂၈ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ) ၂၀၁၁ခုနှစ်အတွက် ပဒိုမန်းရှာလူ ငယ်‌ခေါင်း‌ဆောင်ဆုကို ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေရှိ ဘိတ်-ထားဝယ် ခရိုင်၏ ‌ဆေးရုံတွင် ကျန်းမာ‌ရေး ‌စောင့်‌ရှောက်မှု လုပ်ငန်းများကို ဦးစီးလုပ်‌ဆောင်‌နေသည့် ‌နော်ဒီဇင်ဘာ‌ဖော ၂၆နှစ်အား ‌ပေးအပ်ချီးမြှင့်လိုက် ‌ကြောင်း ဖန်း‌ဖောင်‌ဒေးရှင်းမှ ယမန်‌နေ့က ထုတ်ပြန်‌ကြေညာလိုက်သည်။ အဆိုပါဆုကို နှစ်စဉ် ကရင်အမျိုးသား‌တော်လှန်‌ရေး‌နေ့တွင်...

လူငယ်တစ်ဦးကို BGF က ဖမ်းဆီးသတ်ဖြတ်

‌မေလ ၂၇ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ) ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ကတိုင်တိ‌ကျေးနယ်အုပ်စုအတွင်းရှိ ‌ဘောကျို့လယ်‌ကျေးရွာ‌နေ လူငယ်တစ်ဦးကို နယ် ခြား‌စောင့်တပ်-BGF (၁၀၁၃)တပ်ရင်း လက်လက်‌အောက်ခံတပ်ခွဲ အဖွဲ့တစ်ဖွဲ့က ပြီးခဲ့သည့် အပတ်က ဖမ်းဆီး၍ သတ်ဖြတ်ခဲ့သည်ဟု စုံစမ်းသိရှိရသည်။ ‌ဘောကျို့လယ်‌ကျေးရွာအနီးအနားတဝိုက်တွင် လှုပ်ရှား‌နေသည့် အင်အား ၂ဝ ခန့်ရှိ တပ်ခွဲမှူး...

မြိုင်ကြီးငူ ‌ဒေသရှိ BGF တပ်ဖွဲ့များ DKBA တံဆိပ် ပြန်တပ်ပြီး ဗိုလ်ချုပ်‌ကျော်သန်းကို ဖမ်းဆီးထား

‌မေ ၂၇။ (‌ကေအိုင်စီ) ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ‌ဒေသရှိ နယ်ခြား‌စောင့်တပ် BGFတပ်ဖွဲ့ဝင်များသည် ယမန်‌နေ့က ၎င်းတို့၏ တံဆိပ်များကိုချွတ်၍ DKBA တံဆိပ်များကို ပြန်ဝတ်ဆင်ကာ ယခင် DKBA စစ်ဦးစီးချုပ်‌ဟောင်း ဗိုလ်ချုပ်‌ကျော်သန်းကိုလည်း ဖမ်းဆီးထိန်းသိမ်းထားလိုက် သည်ဟု စစ်ဘက်ဆိုင်ရာ သတင်းအရ သိရသည်။ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA)...

ကရင်ပြည်သူ ၂‌ထောင်‌ကျော်အား စစ်တပ်က အကာအကွယ်အဖြစ် အသုံးပြု‌ကြောင်း KNU ထုတ်ပြန်

‌မေလ ၂၆ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ) ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ်‌မြေ ၅ခုအတွင်းရှိ လှုပ်ရှား‌နေသည့် မြန်မာစစ်တပ်များက ‌လေးလတာ ကာလအတွင်း ကရင်ပြည်သူ ၂‌ထောင်‌ကျော်အား အကာအကွယ်အဖြစ် အသုံးပြု‌ကြောင်း KNU က ယ‌နေ့ ‌မေလ ၂၆ရက် ‌နေ့စွဲဖြင့် ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်လိုက်သည်။ ၂၀၁၁ခုနှစ် ဇန်နဝါရီလမှစ၍ ဧပြီလကုန်အထိ အဆိုပါ...

နယ်ခြား‌စောင့်တပ် အချင်းချင်း ပစ်ခတ်မှု ထပ်မံဖြစ်ပွား

‌မေ ၂၆ရက်။ ။ ‌စောသိန်းမြင့် (‌ကေအိုင်စီ) ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်းက နယ်ခြား‌စောင့်တပ် (BGF) အချင်းချင်းပစ် ခတ်မှုတစ်ရပ် ထပ်မံဖြစ်ပွားခဲ့သည်ဟု စုံစမ်းသိရှိရသည်။ ယခုလ ‌မေလ ၂၄ရက်‌နေ့ ညအချိန်တွင် ဗိုလ်ဘိဦး‌ဆောင်သည့် BGFတပ်ရင်း ၁၀၁၂မှ တပ်ဖွဲ့တချို့ သည် လှိုင်းဘွဲမြို့နယ်...

မယ်လနှင့် အုန်းဖျန်ဒုက္ခသည်စခန်း တွင် လူဦး‌ရေ စစ်‌ဆေး

‌မေလ ၂၄ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ) ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ထမ့်‌ဆောင်ယန်းမြို့နယ်နှင့် ဖုတ်ဖရမြို့နယ် သက်ဆိုင်ရာ တာဝန်ရှိသူ ထိုင်းအာဏာပိုင်များက ထိုင်း-မြန်မာ နယ်စပ်အ‌ခြေစိုက် မယ်လနှင့် အုန်းဖျန်ဒုက္ခသည်စခန်းအတွင်းရှိ လူဦး‌ရေစာရင်း အမှန်သိလိုသည့် အ ‌ကြောင်းပြချက်ဖြင့် ယမန်‌နေ့မှစ၍ အဆိုပါ စခန်းနှစ်ခု၏ လူဦး‌ရေစာရင်းကို စတင်စစ်‌ဆေးခဲ့သည်။ မယ်လစခန်း ဥက္ကဌ...
Donate