Hay Htoo
အခမဲ့ ပညာရေးစနစ် ပြဌာန်းချက်နှင့် လက်တွေ့ ကွာခြားနေ
ဇွန်လ ၁ဝရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာန ဝန်ကြီးက မူလတန်းကို အခမဲ့ ပညာရေးစနစ် သတ်မှတ်ပြဌာန်းထားသော် လည်း ကရင်ပြည်နယ်အတွင်းရှိ စာသင်ကျောင်းများတွင် ကျောင်းသူကျောင်းသားများမှာ တနှစ်စာ ပညာသင်ကြားရေးအတွက် ကုန်ကျမှုများ ရှိနေသည်ဟု သိရသည်။
ဖားအံမြို့ အမှတ်(၁) အထက်တန်းကျောင်းတွင်လည်း မူလတန်းကလေးများမှာ...
ဘုရားသုံးဆူတွင် အစိုးရစစ်တပ်များ စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်
ဇွန်လ ၁၀။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူဒေသတွင် ယခုရက်ပိုင်းအတွင်း အစိုးရစစ်တပ်ဘက် မှ စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်နေသည်ဟု စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်အရ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ဘုရားသုံးဆူမြို့တွင်းနှင့် မြို့ပြင်ဘက်တွင် အစိုးရစစ်တပ်အား ကရင်ပူးပေါင်းတပ်ဖွဲ့ များက နေ့စဉ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်နေသဖြင့် ယခုလို စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်ခြင်းဖြစ်သည်...
ကရင်နှင့် ကျောင်းသားတပ်မတော် ပူးပေါင်း စစ်ဆင်ရေး ကြေညာချက် ထုတ်ပြန်
ဇွန်လ ၉ရက်။ (ကေအိုင်စီ)
မြန်မာစစ်တပ်၏ စစ်ဆင်ရေးကွပ်ကဲမှု ပျက်ပြားစေရန် ရည်ရွယ်၍ “မာနယ်စိုးစစ်ဆင်ရေး (အောင်မြင်စိုးမိုးမှု)”ဟု အမည်ရ သော ပူးပေါင်းစစ်ဆင်ရေးနှင့် ပတ်သက်သည့် ကြေညာချက် တစ်ခုကို ကရင်နှင့် ကျောင်းသားတပ်မတော်တို့က ဇွန်လ ၆ရက် နေ့က ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည် ဧပြီလက DKBA ကလိုထူးဘော အခြေချဗျူဟာမှ...
လူငယ်များ၏ စကားလက်ဆောင်
စသာ့တော ၂၁နှစ်
ဝါသနာ ပန်းချ
နေရပ်ဇာတိ မြောင်းမြ
ပညာအရည်ချင်း ဆယ်တန်း
ကျနော် အသက် ၄နှစ်၊ ညီမလေး ၁နှစ်အရွယ် မိဘတွေ ကွဲသွားခဲ့တယ်။ ကျနော်တို့ မောင်နှမက အဖေဘက်က အဖိုး၊ အဖွား တွေနဲ့ပဲ ကြီးပြင်းရင်း ပညာသင်ခဲ့ရတယ်။ အိမ်မှာဆို ကျောင်းဆရာလုပ်တဲ့ ဦးလေးမိသားစု၊ ကွမ်းစိုက်တဲ့ အဒေါ်မိသားစု၊ အဖိုး၊...
မနားတမ်း စီးဆင်းသွားနေမယ့် စမ်းချောင်းတခု
ဇွန်လ ၈ရက်။ စောခါးစူးညား (ကေအိုင်စီ)
စာသင်ချိန်မမှီမှာစိုးလို့ ရေချိုးအပြီး အပြေးအလွှား အိမ်ပြန်လာပြီး ပြာယာခတ်အချိန်လုနေတဲ့ အသက် ၂၅ကျော်အရွယ် လူငယ် တစ်ယောက်ရဲ့ လှုပ်ရှားမှု မြင်ကွင်းဟာ ဥပေက္ခာပြုလို့မရအောင် ကျနော့်မျက်စိကို ဆွဲငင်ဖမ်းစားခဲ့ပါတယ်။
သူကတော့ နွေရာသီကျောင်းပိတ်ရက်မှာ ကလေးတွေကို အားသွန်ခွန်စိုက် စာသင်ပေးနေတဲ့ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အတွင်း...
မြန်မာစစ်တပ်နှင့် ကရင်တပ်ဖွဲ့ တိုက်ပွဲကြား ဒေသခံများ ရှေ့ပြေးအဖြစ် အသုံးပြုခံနေရ
ဇွန်လ ၈ရက်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူဒေသတွင် မြန်မာစစ်တပ်နှင့် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများအကြား တိုက်ပွဲများ ဖြစ်ပွားပြီးနောက်ပိုင်း မြန်မာစစ်တပ်မှ ထိုဒေသရှိ အမျိုးသမီးနှင့် ကလေးများ အပါအဝင် ကရင်ရွာသား ၃၀ကျော်ကို စစ်ကြောင်း၏ ရှေ့ပြေးလမ်းပြအဖြစ် ဖမ်းဆီးအသုံးပြုခဲ့သည်။
မြန်မာစစ်တပ် ခလရ(၃၇၃) စစ်ကြောင်းက ကရင်ဒေသခံများကို လမ်းပြအဖြစ်...
စိန်ခေါ်မှုများနဲ့ ဒုက္ခသည် ပညာရေး ကြိုတင်ပြင်ဆင်ဖို့လိုပြီ
မနိုက်အွာ (ဇွန်လ ၆ရက်။ ကေအိုင်စီ)
ထိုင်းနိုင်ငံအတွင်း ဒုက္ခသည်တွေရဲ့ ပညာရေးကို ကူညီထောက်ပံ့ပေးနေတဲ့ နိုင်ငံတကာ NGOs အဖွဲ့အစည်းတွေက အကူအညီ တွေ လျှော့ချလိုက်တဲ့အတွက် အခု စာသင်နှစ်မှာ ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်စစ်ပြေး ဒုက္ခသည်စခန်း ၇ ခုအတွင်းမှာရှိတဲ့ စာသင်ကျောင်းတွေ လည်ပတ်နိုင်ဖို့အတွက် အကြပ်အတည်း၊ အခက်အခဲတွေ...
ဘုရားသုံးဆူမြို့နယ်တွင် ပြောက်ကျားတိုက်ပွဲ ပြန်လည်စတင်လာ
ဇွန်လ ၇ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့အနီးတွင် မြန်မာစစ်တပ်နှင့် ကရင်တပ်ဖွဲ့ဝင်များ ယနေ့ ထိုင်းစံတော်ချိန် မွန်းလွဲ ၁နာရီခန့်အ ချိန်တွင် လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်မှု အချိန်အတော်ကြာ ဖြစ်ပွားခဲ့သည်ဟု နယ်စပ်သတင်းများအရ သိရသည်။
အဆိုပါတိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်မှုကို အတိအကျ မသိရသော်လည်း ကရင်တပ်ဖွဲ့ဝင်များက မဲ့ကသာရွာ နယ်မြေရှိ...
ကြားဖြတ်ရွေးကောက်ပွဲတွင် မွန်ပါတီက တစ်နေရာသာ ဝင်ပြိုင်မည်
ဇွန်လ ၇ရက်။ ကေအိုင်စီ
ကြားဖြတ်ရွေးကောက်ပွဲအတွက် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက တစ်နေရာသာဝင်ရောက် အရွေးခံရန် ပြင်ဆင်ထား လျှက်ရှိကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် ရက်အတိအကျကို ရွေးကောက်ပွဲကော်မရှင်က တရားဝင် မကြေငြာသေးသည့်အတွက် ဝင်ရောက်အရွေးခံမည့် ပါတီတွေက ပြင်ဆင်မှုတွေ ပြုလုပ်ထားကြပြီးဖြစ်သည်။
“ကြားဖြတ်ရွေးကောက်ပွဲ ဝင်မယ်။ ဟုတ်တယ်။ တစ်နေရာပဲ...
လက်ဖက်လုပ်ငန်း လက်ဝါးကြီး အုပ်ခံရမှုအပေါ် တအာင်းလုပ်ငန်း အဖွဲ့ စာတမ်းထုတ်ပြန်
ဇွန်လ ၆ရက်။ စောခါးစူးညား (ကေအိုင်စီ)
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပလောင်တောင်သူ ၆သိန်းကျော်သည် ၎င်းတို့၏ လက်ဖက်လုပ်ငန်း လက်ဝါးကြီးအုပ်ခံရမှုအပေါ် လက်ဖက်တောင်သူအဖွဲ့ ဖွဲ့စည်းပြီး ပူးပေါင်းလုပ်ဆောင်ကြရန်နှင့် အစိုးရသစ်မှ နိုင်ငံ၏ စီးပွားရေးမူဝါဒများကို ပြန်လည် စိစစ် ပေးရန် တောင်းဆိုသည့် စာတမ်းတစ်စောင်ကို ပလောင်(တအာင်း) လုပ်ငန်းအဖွဲ့မှ ယနေ့ ထုတ်ပြန်လိုက်သည်။
စာမျက်နှာ...





