Home ရသကဏ္ဍ ကန္တာရ ခြ‌သေင့်္များသို့

ကန္တာရ ခြ‌သေင့်္များသို့

1562

(လကင်္ာဒီပ)

ပူပြင်းလွန်းတဲ့ ‌နွေ‌ခေါင်‌ခေါင်
ဒီ‌မောင်‌တွေအသဲကလည်း
‌ကျောက်ခဲ‌ကျောက်‌တောင်‌တွေလို
အလွန်ကို မာ‌ကျောလှပါဘိ‌တော့
မ‌လျော့‌သောဇွဲများနဲ့
ချစ်တဲ့ပြည်သူများအ‌ရေး
ကိုးဒီ‌သွေး‌တွေ ‌ပေးဆပ်‌နေလိုက်ကြတာ
ကန္တာရ ခြ‌သေင့်္မင်းများလို‌ပေါ့။

ပြည်သူပြည်သားအ‌ရေးများ
တစ်ပြားသားမှ မ‌လျော့မယ့်‌မောင်
‌တောင်နံရံ ‌ထောင်နံရံကို ထိုးသွင်းရင်း
ပစ်ခွင်း‌တော့မယ့် မိုးကြိုးသွားနှယ်
တကယ်ပဲ မြင့်မြတ်လှပါသည်‌လေ။

တူညီ‌ရွေးချယ်သ‌ဘောထား
ပြတ်သားသံန္နိဌာန်‌တွေလည်း
ရဲရင့်ရဲတင်းလှပါဘိ
ကတိ‌တွေလည်း မ‌ဖောက်မယ့်အ‌မောင်
‌ရွှေ‌တောင်ပံမာန်ဟုန်ပြင်း
သိကြားမင်းနတ် စစ်သည်‌တွေအလား
ဓား‌တောင်‌တွေကြား ‌လေးစားထိုက်သူ‌တွေမို့။

ကိုးဒီ‌သွေးတို့‌ရေ
မြက်မစားသီဟ‌တွေ‌နေတဲ့
ကျုပ်ချစ်တဲ့ ‌ကော်သူး‌လေကမ္ဘာမှာ
ကန္တာရမီးပင်လယ်
ဘယ်‌လောက်ပင် ကျယ်ဝန်း‌နေ‌စေ
ဒီ‌မြေဒီ‌ရေ ဒီ‌လေ
ငြိမ်းချမ်း‌ရေး‌တွေ‌ဝေ‌စေ‌ရေး
သံလွင်‌ရေ‌တွေ ဘယ်မခမ်းသ‌ရွေ့
တ‌နေ့တလံ ကြိုးစားအ‌ရောက်သွားကြစို့ကွယ်
ဘယ်‌သောင်ဘယ်ကမ်းဘယ်လမ်း
စခန်း‌တွေ ဘယ်လိုကြမ်းပါ‌စေ
မြင့်မြတ်‌နေသူတို့ နှလုံးသား
ဓား‌တောင်‌တွေ ထိပ်တည်‌နေမည်မှာ အမှန်ဖြစ်သည်။

‌မေလ ၃၁ရက်၊ ၂၀၁၁ခုနှစ်။