Hay Htoo
ဂုဏ်သိက္ခာရှိသည့် ငြိမ်းချမ်းရေး လမ်းစဉ်ဖြစ်ရန် DKBA လိုလား
ဩဂုတ်လ ၂၄ရက်။ ကေအိုင်စီ
ဦးသိန်းစိန် အစိုးရ အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တနိုင်ငံလုံးအတိုင်းအတာ ဆောင်သည့် ဆွေးနွေးမှုများကို ဂုဏ်သိက္ခာရှိစွာ လုပ်ဆောင်သွားရန်လိုလားကြောင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA) ကလို့ ထူးဘော စစ်ဌာနချုပ်က ဩဂုတ်လ ၂၂ရက်၊ နေ့စွဲဖြင့် သဘောထား ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင်...
ရေကြီးမှုကြောင့် ကျောင်းပိတ် ထားရသည့် ဒုက္ခသည်ကလေးများ စာသင်နေပြီ
ဩဂုတ်လ ၂၃ရက်။ နန်းသူးလေ (ကေအိုင်စီ)
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်၊ မဲ့စရင်းမြို့နယ်ရှိ မယ်ရာမိုနှင့် မယ်လအူး ဒုက္ခသည်စခန်းများကို ယခုလဆန်းပိုင်းက မှိုင်းလုံးကြီး (မူယူချောင်း) ရေနစ်မြုပ်ခဲ့သည့်အတွက် ပိတ်ထားခဲ့ရသည့် စခန်းတွင်းရှိ စာသင်ကျောင်းများမှာ ယခုအချိန်တွင် ပြန် လည် ဖွင့်လှစ်ကာ စာသင်နေပြီဖြစ်ကြောင်း စခန်းမှ လာသည့်သတင်များအရ...
မြန်မာစစ်တပ် ပစ်ခတ်၍ ပလောင်ရွာသားတဦး သေဆုံး
ဩဂုတ်လ ၂၃ရက်။ စောခါးစူး (ကေအိုင်စီ)
သျှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုန်မြို့နယ် လွယ်ဆောင်ရွာတွင် မြန်မာစစ်တပ်က ပစ်ခတ်သည့်အတွက် ပလောင်အမျိုးသား တဦး သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဩဂုတ် ၁၆ရက်နေ့က မန်တုန်မြို့အခြေစိုက် ဗိုလ်မှူးကျော်ဇေယျာထွန်း ဦးဆောင်သည့် မြန်မာအစိုးရ ခြေလျင်တပ်ရင်း-ခလရ (၁၃၀)သည် လွယ်ဆောင်ရွာ (ပလောင်ရွာ) သို့ ခေတ္တ...
စစ်မှန်သည့် နိုင်ငံရေး ဆွေးနွေးမှု ရရှိရန် ခက်ခဲဟု KIO ရှုမြင်
ဩဂုတ်လ ၂၃ရက်။ နန်းရင် (ကေအိုင်စီ)
တိုင်းရင်းသားဒေသအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများသည် တိုင်းရင်းသား လက်နက်ကိုင် သောင်းကျန်းမှုပြဿနာအဖြစ် အစိုးရအနေနှင့် ရှုမြင်ပါက စစ်မှန်သည့် နိုင်ငံရေး ဆွေးနွေးမှုရရှိရန် ခက်ခဲမည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့-KIO က ပြော သည်။
ယမန်နေ့က ပြည်နယ်တည်ငြိမ်အေးချမ်းမှု ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးသန်းအောင်ထံ KIO က...
ဒေါ်စုနှင့် ဦးသိန်းစိန် တွေ့ဆုံမှု ရလဒ်ကောင်းထွက်ရန်နည်းဟု လက်နက်ကိုင်အဖွဲ့များပြော
ဩဂုတ်လ ၂၂ရက်။ စောခါးစူး (ကေအိုင်စီ)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့၏ ပထမဆုံးအကြိမ် တွေ့ဆုံမှုမှ ရလာဒ် ကောင်းထွက်ရန် နည်းသည်ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ယနေ့ ပြောကြားလိုက်သည်။
ဩဂုတ်လ ၁၉ရက်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော်၌ သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပွဲသည်...
မြိုင်ကြီးငူဒေသရှိ ရွာ ၉ရွာကို BGF ပြောင်းရွှေ့ခိုင်း
ဩဂုတ်လ ၂၂ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသရှိ ကျေးရွာ ၉ရွာအား နယ်ခြားစောင့်တပ်(BGF) က မြိုင်ကြီးငူကျေးရွာသို့ ယခု လလယ်ပိုင်းက အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းသည်ဟု ဒီကေဘီအေအဖြစ် ပြန်လည်ရပ်တည်သည့် BGF တပ်ဖွဲ့ဝင်များ၏ ပြောပြချက်အရ သိရသည်။
မြိုင်ကြီးငူဒေသရှိ ထီးလာနဲ၊ တမိုယာ့၊...
ဆွဲမိုင်းကြောင့် အစိုးရအဖွဲ့၏ လုံခြုံရေးတပ်သားတစ်ဦး ထိခိုက်
ဩဂုတ်လ ၂ဝရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
မြဝတီမြို့နယ် သဃင်္န်းညီနောင်ကျေးရွာအနီးတွင် ဆွဲမိုင်းထိမှန်၍ ပြည်နယ်အစိုးရအဖွဲ့၏ လုံခြုံရေးတပ်သားတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
မြို့ခံတစ်ဦးက “ဒီမနက် တိုင်းမှူးတို့ အစိုးရအဖွဲ့တွေ တက်လာတဲ့ကားတန်းရဲ့ ရှေ့ဆုံးက လုံခြုံရေးတပ်ဖွဲ့ကား သဃင်္န်းညီ နောင်နားက ရာဘာတောမှာ ဆွဲမိုင်းထိတယ်လေ။ အဲဒီကားမှာ ပါလာတဲ့...
အစိုးရတပ်မှ ကေအဲန်ယူထံ လက်နက်ကြီးများဖြင့် လှမ်းပစ်ခတ်ခဲ့
ဩဂုတ်လ ၂ဝရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေအတွင်းရှိ အစိုးရစစ်တပ် စကခ(၁၂) လက်အောက်ခံတပ်များက ကေအဲန်အယ်လ်အေ တပ် ရင်းတပ်ဖွဲ့များ ရှိနိုင်မည့်နေရာများသို့ မှန်းဆကာ ယခုရက်ပိုင်းအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ကေအဲန်ယူ ဘက်က ပြောသည်။
ကေအဲန်အယ်လ်အေ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီက “မနေ့က မွန်းလွဲပိုင်းလောက်မှာ ခလယ့်ဒေးမှာ...
အုန်းဖျန်စခန်းဒုက္ခသည်များအား လူဦးရေစာရင်းကောက်ခံရန် ညွှန်ကြားခံရ
ဩဂုတ်လ ၂ဝရက်။ နန်းသူးလေ (ကေအိုင်စီ)
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ အုန်းဖျန်ဒုက္ခသည်စခန်းမှ ဒုက္ခသည်များအား လူဦးရေစာရင်း ကောက်ခံပေးရန် ဒုက္ခသည်စခန်းဆိုင် ရာ ထိုင်းအုပ်ချုပ်ရေးအဖွဲ့မှ ပြီးခဲ့သည့် ဩဂုတ်လ ၁၅ရက်နေ့တွင် စခန်းတာဝန်ရှိသူများကို ပြောဆိုညွှန်ကြားခဲ့သည်ဟု သိရသည်။
ထိုသို့ ကောက်ခံရန် တာ့ခ်ခရိုင် ဥက္ကဌက ညွှန်ကြားခြင်းဖြစ်ပြီး စခန်းအတွင်းရှိ ဒုက္ခသည်များအနက်...
၁နှစ်မြောက် နယ်ခြားစောင့် တပ် နှစ်ပတ်လည် အခမ်း အနား ရွှေကုက္ကိုမြိုင်တွင် ကျင်းပ
ဩဂုတ်လ ၂ဝရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၃)တပ်နယ်ရှိ အမှတ်(၁၀၁၇၊ ၁၀၁၈၊ ၁၀၁၉၊ ၁၀၂၀)တပ်ရင်းများက ၁နှစ်မြောက် တပ်နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားကို ယနေ့မနက်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ကုကိ္ကုမြိုင်ကျေးရွာ၌ ကျင်း ပပြုလုပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူး...





