Home ထိပ်တန်းသတင်း မြန်မာစစ်တပ် ပစ်ခတ်၍ ပ‌လောင်ရွာသားတဦး ‌သေဆုံး

မြန်မာစစ်တပ် ပစ်ခတ်၍ ပ‌လောင်ရွာသားတဦး ‌သေဆုံး

2002
ဩဂုတ်လ ၂၃ရက်။ ‌စောခါးစူး (‌ကေအိုင်စီ)

သျှမ်းပြည်နယ်‌မြောက်ပိုင်း၊ မန်တုန်မြို့နယ် လွယ်‌ဆောင်ရွာတွင် မြန်မာစစ်တပ်က ပစ်ခတ်သည့်အတွက် ပ‌လောင်အမျိုးသား တဦး ‌သေဆုံးသွားခဲ့သည်ဟု ‌ဒေသခံများက ‌ပြောသည်။

ဩဂုတ် ၁၆ရက်‌နေ့က မန်တုန်မြို့အ‌ခြေစိုက် ဗိုလ်မှူး‌ကျော်‌ဇေယျာထွန်း ဦး‌ဆောင်သည့် မြန်မာအစိုးရ ‌ခြေလျင်တပ်ရင်း-ခလရ (၁၃၀)သည် လွယ်‌ဆောင်ရွာ (ပ‌လောင်ရွာ) သို့ ‌ခေတ္တ ဝင်‌ရောက်ရပ်နားခိုစဉ် အသက် ၂၇နှစ်အရွယ် မိုင်းအိုက်ဆမ်ပီးကို ကချင် (သို့မဟုတ်) သျှမ်းလက်နက်တပ်ဖွဲ့ဝင်ဟု ထင်မှတ်ကာ မှားယွင်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ‌ဒေသခံ အမျိုးသမီးတဦးဖြစ်သူ ‌လွေး အမ်က ‌ကေအိုင်စီကို ‌ပြောသည်။

၎င်းက “စစ်တပ်(မြန်မာအစိုးရတပ်)က အဲဒီရွာထဲကို ဝင်လာတဲ့အခါ အိုက်ဆမ်ပီးက သူ ‌ပေါ်တာ အဆွဲခံရမှာကို ‌ကြောက်ပြီး ပုန်း တယ်‌လေ။ ပုန်းတာကို စစ်တပ်က ‌တွေ့‌တော့ ‌သေနတ်နဲ့ ပစ်လိုက်တာ သုံးချက်မှန်ပြီး ‌သေသွားတယ်။”ဟု ‌ပြောသည်။

မတ်လမှစ၍ မြန်မာစစ်တပ်နှင့် ကချင်၊ သျှမ်းတပ်များ တိုက်ပွဲဖြစ်ပွား‌နေသည့်အတွက် မန်တုန်‌ဒေသတဝိုက်၌ ကချင်နှင့် ရှမ်းတပ် ဖွဲ့များ ဝင်‌ရောက်လှုပ်ရှား ခို‌အောင်း‌နေသည်ဟု ယူဆကာ မြန်မာစစ်တပ်က လိုက်လံရှာ‌ဖွေမှုများ ပြုလုပ်‌နေသည်ဟု ၎င်းက ဆက် ‌ပြောသည်။

ယခုလို လွယ်‌ဆောင်ရွာသား ပစ်သတ်ခံရမှုနှင့် ပတ်သက်၍ ထိုင်း-မြန်မာအ‌ခြေစိုက် ပ‌လောင်(တအာင်း) အမျိုးသမီး အစည်းအရုံး-PWO မှ ဩဂုတ်လ ၂၂ရက်‌နေ့တွင် ‌ကြေညာချက် ထုတ်ပြန်ထားသည်။ အဆိုပါ ထုတ်ပြန်ချက်အရ ပစ်သတ်ခံရသူကို စစ်တပ်က ‌လျော်‌ကြေး‌ငွေ ၅၀၀ဝကျပ်သာ ‌ပေးခဲ့သည်ဟု သိရှိရသည်။

PWO ၏ အတွင်း‌ရေးမှူး လိုည်း‌နွေ‌နှောင်းက “စစ်တပ်က သူ(မိုင်းအိုက်ဆမ်ပီး)ရဲ့မိဘ‌တွေကို ပိုက်ဆံအဲ‌လောက်ပဲ ‌ပေးတယ်။ အခြားဘာမှကူညီခဲ့တာ မရှိဘူး။ ဒီကိစ္စကို ရွာသား‌တွေ မ‌ကျေနပ်တာ‌တွေ ရှိ‌ပေမယ့် ‌ကြောက်‌တော့ ဘာမှ ပြန်မ‌ပြောရဲကြဘူး။”ဟု ‌ပြောသည်။

မန်တုန်မြို့နယ် လွယ်‌ဆောင်ရွာ အနီးအနားတွင် မိုင်း‌မော်၊ ‌တော‌နေ စသည့် ပ‌လောင်ရွာများ တည်ရှိပြီး တရွာတရွာလျင် အိမ်‌ခြေ ၈ဝမှ ၁၀ဝအကြားတွင် ရှိသည်။ အဆိုပါ‌ဒေသတွင်း လှုပ်ရှား‌နေသည့် မြန်မာစစ်တပ်များသည် ‌ဒေသခံရွာသားများအား ရံဖန်ရံခါ ‌ပေါ်တာဆွဲမှုများ ရှိ‌နေသည်ဟု ပ‌လောင်‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။