Home ထိပ်တန်းသတင်း မြိုင်ကြီးငူ‌ဒေသရှိ ရွာ ၉ရွာကို BGF ‌ပြောင်း‌ရွှေ့ခိုင်း

မြိုင်ကြီးငူ‌ဒေသရှိ ရွာ ၉ရွာကို BGF ‌ပြောင်း‌ရွှေ့ခိုင်း

2472
ဩဂုတ်လ ၂၂ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ‌ဒေသရှိ ‌ကျေးရွာ ၉ရွာအား နယ်ခြား‌စောင့်တပ်(BGF) က မြိုင်ကြီးငူ‌ကျေးရွာသို့ ယခု လလယ်ပိုင်းက အတင်းအဓမ္မ ‌ပြောင်း‌ရွှေ့ခိုင်းသည်ဟု ဒီ‌ကေဘီ‌အေအဖြစ် ပြန်လည်ရပ်တည်သည့် BGF တပ်ဖွဲ့ဝင်များ၏ ‌ပြောပြချက်အရ သိရသည်။

မြိုင်ကြီးငူ‌ဒေသရှိ ထီးလာနဲ၊ တမိုယာ့၊ မာအဲ၊ ‌ယော့ပို့ထာ့၊ ပူ‌ဆေ၊ သကွီးကလား၊ ထီး‌လော်သီထာ့၊ ‌ဖွေးဖိုးကလား၊ မဲ့‌ပေါ်က လား‌ကျေးရွာများအား နယ်ခြား‌စောင့်တပ် အကြံ‌ပေးပုဂ္ဂိုလ်များဖြစ်ကြသည့် ‌စောဖားနွီး၊ ‌စောထွန်းလှိုင်တို့၏ ညွှန်ကြားချက်ဖြင့် ပြီးခဲ့သည့်အပတ်မှစ၍ ယခုအချိန်ထိ မြိုင်ကြီးငူ‌ကျေးရွာသို့ ‌ပြောင်း‌ရွှေ့‌နေထိုင်ခိုင်းသည်ဟု ဒီ‌ကေဘီ‌အေအဖြစ် ပြန်လည်ရပ် တည်ခဲ့သည့် ဒီ‌ကေဘီ‌အေ တပ်မှူးတစ်ဦးက ‌ပြောသည်။

၎င်းက “ဗိုလ်ဖားနွီးနဲ့ ‌မောင်ထွန်းလှိုင် ‌ပြောင်းခိုင်းတာ‌လေ။ အ‌ခြေအ‌နေက ရှုတ်‌ထွေး‌နေ‌တော့ ရွာသား‌တွေလည်း ရွာမှာမ‌နေရဲ ကြဘူး။ ရွာကိုလည်း မကြာခဏ လက်နက်ကြီး‌တွေနဲ့ အပစ်ခံရတယ်။ အဲဒါ‌ကြောင့် ရွာသား‌တွေ ဘယ်‌နေရဲကြမလဲ၊ ‌ပြောင်း တာ‌ပေါ့။ တချို့ရွာသား‌တွေက‌တော့ ရွာမှာ ဆက်‌နေ‌သေးတယ်။”ဟု ‌ပြောသည်။

၎င်းရွာ ၉ရွာတွင် ခန့်မှန်း‌ခြေအားဖြင့် အိမ်‌ခြေ ၈၀၀‌ကျော်ရှိပြီး ရွာသူကြီးများ၏ ‌မေတ္တာရပ်ခံချက်‌ကြောင့် ‌ကျေးရွာတွင် ကျန်ရှိ သည့် လယ်၊ ‌မြေ၊ ခြံနှင့် ကျွဲ၊ နွားများကို ပြန်လည် ကြည့်ရှုခွင့်ရှိသည်ဟု အဆိုပါ ဒီ‌ကေဘီ‌အေတပ်မှူးက ‌ပြောသည်။

မြိုင်ကြီးငူ‌ကျေးရွာသို့ ‌ပြောင်း‌ရွှေ့ခံရသည့် ရွာသားများသည် လက်ရှိအချိန်တွင် စားဝတ်‌နေ‌ရေး အခက်အခဲနှင့် ကြုံ‌နေရ‌သော ‌ကြောင့် မိမိ‌ကျေးရွာအတွင်းသို့ ‌ကောင်းမွန်စွာ ပြန်လည်‌နေထိုင်နိုင်ရန်အတွက် ထို‌ဒေသ၌ လှုပ်ရှား‌နေသည့် ဒီ‌ကေဘီ‌အေနှင့် ‌ကေအဲန်အယ်လ်‌အေတပ်ဖွဲ့များက ၎င်းတို့လှုပ်ရှားရာ‌နေရာမှ အနည်းငယ် ‌နေရာဆုတ်ခွာလိုက်ပြီဖြစ်‌ကြောင်း ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) တပ်မဟာ(၇)မှ တပ်မှူးတစ်ဦးက ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ အဲဒီမှာ မ‌နေ‌တော့ဘူး။ တပ်ဆုပ်လိုက်ပြီ၊ နို့မဟုတ်ရင် ရွာသား‌တွေရဲ့ လယ်‌တွေ၊ ကျွဲ‌တွေ၊ နွား‌တွေ ဝင်စား လို့ ပျက်စီးကုန်မယ်။ အဲဒါ‌ကြောင့် တပ်ဆုတ်လိုက်တာပါ။”ဟု ‌ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက နယ်ခြား‌စောင့်တပ်နှင့် ခွဲထွက် ဒီ‌ကေဘီ‌အေတို့အကြား တိုက်ပွဲဖြစ်ခဲ့ရာတွင် နယ်ခြား‌စောင့် တပ်ဖွဲ့များက အမြင့်‌နေရာများမှ‌နေ၍ ၎င်း‌ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လှမ်းပစ်ခတ်မှု‌ကြောင့် ရွာသားတချို့ လက်နက်ကြီးထိမှန်ခဲ့သလို ပိတ်ထားခဲ့ရသည့် စာသင်‌ကျောင်းများမှာလည်း ယ‌နေ့အချိန်ထိ ပြန်လည် ဖွင့်လှစ် နိုင်ခြင်းမရှိ‌သေး‌ကြောင်း သိရသည်။

ထိုကိစ္စနှင့် ပတ်သက်၍ နယ်ခြား‌စောင့်တပ်ဖွဲ့ဝင်များထံ ‌ကေအိုင်စီက ‌မေးမြန်းရန် ကြိုးစား‌သော်လည်း ဆက်သွယ်၍ မရ‌ပေ။

Photo-KTWG (စစ်‌ဘေး‌ကြောင့် မဲ့သ‌ဝေါရွာသို့ ထွက်‌ပြေးလာသူ ရွာသားများ)

ထို့အပြင် ၎င်းတပ်ဖွဲ့ဝင်များ တစ်ဖက်နှင့်တစ်ဖက် ပစ်ခတ်မှုများ‌ကြောင့် ‌ယော်ပို၊ တကွီကလား၊ ကမားထာ့၊ ပနွယ့်သာကလား စသည့်‌ကျေးရွာများမှ ရွာသူကြီး အပါအဝင် ရွာသူရွာသား ၁၀၀‌ကျော် လှိုင်းဘွဲမြို့နယ်၊ နယ်စပ်ဘက်ရှိ မဲ့သ‌ဝေါ‌ကျေးရွာသို့ ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ရာ ယ‌နေ့အချိန်ထိ ကူညီမည့်သူ မရှိ‌သေး‌ကြောင်း သိရသည်။

အလားတူ ဖာပွန်မြို့နယ်ရှိ ထီးသ‌ဒေါထာ့‌ကျေးနယ်မှ မဲ့လား၊ မဲဆိပ်စသည့်‌ကျေးရွာများကို တပ်မ(၁၁)လက်‌အောက်ခံ ခမရ (၂၁၄)တပ်ရင်းက ဩဂုတ် ၂ရက်‌နေ့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အပြင် ၎င်းရွာများအား လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ ‌ဒေသသို့ ‌ပြောင်း‌ရွှေ့‌နေထိုင်ခိုင်းခဲ့သည်ဟု ‌ကေအဲန်ယူ တပ်မဟာ(၅)က ‌ပြောသည်။