Home ထိပ်တန်းသတင်း စစ်မှန်သည့် နိုင်ငံ‌ရေး ‌ဆွေး‌နွေးမှု ရရှိရန် ခက်ခဲဟု KIO ရှုမြင်

စစ်မှန်သည့် နိုင်ငံ‌ရေး ‌ဆွေး‌နွေးမှု ရရှိရန် ခက်ခဲဟု KIO ရှုမြင်

1682
ဩဂုတ်လ ၂၃ရက်။ နန်းရင် (‌ကေအိုင်စီ)

တိုင်းရင်းသား‌ဒေသအတွင်း ဖြစ်ပွား‌နေသည့် တိုက်ပွဲများသည် တိုင်းရင်းသား လက်နက်ကိုင် ‌သောင်းကျန်းမှုပြဿနာအဖြစ် အစိုးရအ‌နေနှင့် ရှုမြင်ပါက စစ်မှန်သည့် နိုင်ငံ‌ရေး ‌ဆွေး‌နွေးမှုရရှိရန် ခက်ခဲမည်ဟု ကချင်လွတ်‌မြောက်‌ရေးအဖွဲ့-KIO က ‌ပြော သည်။

ယမန်‌နေ့က ပြည်နယ်တည်ငြိမ်‌အေးချမ်းမှု ညှိနှိုင်း‌ရေးအဖွဲ့‌ခေါင်း‌ဆောင် ဗိုလ်မှူးကြီးသန်း‌အောင်ထံ KIO က အ‌ကြောင်းပြန်စာ ‌ပေးပို့ရာ၌ ဩဂုတ်လ ၁၂ရက်‌နေ့နှင့် ၁၇ရက်‌နေ့တွင် ‌ပြောကြားခဲ့သည့် သမ္မတမိန့်ခွန်းများအရ KIO အား ‌သောင်းကျန်းသူအ ‌နေဖြင့် သတ်မှတ်ပြီး KIO မှ ‌တောင်းဆိုချက်များကိုလည်း ‌သောင်းကျန်းမှုပြဿနာအဖြစ်သာ ရှုမြင်‌ကြောင်း၊ “ငြိမ်းချမ်း‌ရေး နည်းလမ်းဖြင့် ‌ဆောင်ရွက်ရန်”ဟု ‌ခေါင်းစဉ်တပ်‌ပြော‌သော်လည်း လုပ်ငန်းစဉ်အားလုံးမှာ လက်နက်ချ‌ရေးမူသာဖြစ်‌ကြောင်း KIO က ရှုမြင်သည်ဟု ‌ဖော်ပြထားသည်။

အစိုးရ၏ သတင်းစာရှင်းလင်းပွဲတွင် KIO နှင့်ပတ်သက်၍ မဟုတ်မှန်‌သော အချက်အလက်များ ထည့်သွင်း‌ဖော်ပြထားသည်ကို ‌တွေ့ရှိရကာ ဤသို့ မဟုတ်မမှန်ဝါဒဖြန့်မှုများကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ကာ KIO အား ‌ချေမှုန်းနိုင်ရန်ဖြစ်သည်ဟု အ‌ကြောင်း ပြန်စာတွင် သုံးသပ်ထားသည်။

“အစိုးရအနနဲ့က ကျ‌နော်တို့ KIO ကိုသာမကဘူး။ တိုင်းရင်းသားလက်နက်ကိုင်အားလုံး‌တွေကို ‌သောင်းကျန်းသူ‌တွေလို့ပဲ ‌ပြော ‌နေတယ်။ တိုင်းပြည်ငြိမ်းချမ်းဖို့က ကျ‌နော်တို့ချည်းပဲ လုပ်လို့မရသလို သူတို့‌တွေပဲလည်း လုပ်လို့ရတာ မဟုတ်ဘူး။”ဟု ကချင် လွတ်‌မြောက်‌ရေးအဖွဲ့ KIO တွဲဖက်အတွင်း‌ရေးမှူး ဦးလနန်က ‌ကေအိုင်စီကို ‌ပြောသည်။

အစိုးရအ‌နေနှင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမည်ဟု မည်သို့ပင် ‌ပြောဆို၊ ကမ်းလှမ်း‌နေပါ‌စေ ၂၀၀၈ ဖွဲ့စည်းပုံအရ လုပ်‌ဆောင်‌နေသမျှ ‌မျှော်လင့်၍ရနိုင်မည့် အ‌နေအထားမရှိ‌ကြောင်းလည်း ဦးလနန်က ‌ပြောသည်။

KIO အ‌နေနှင့် အစိုးရတို့၏ ငြိမ်းချမ်း‌ရေးကမ်းလှမ်းချက်သည် အဖွဲ့တဖွဲ့ချင်း၊ ပြည်နယ်တခုချင်းနှင့်သာ ‌ဆွေး‌နွေး‌ဖြေရှင်းခြင်းမှာ မှန်ကန်သည့် ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေး‌ရေးနည်းလမ်း မဖြစ်နိုင်‌ကြောင်းလည်း ‌ကြေညာချက်တွင် ပါရှိသည်။

ထို့‌ကြောင့် ‌ကေအိုင်အိုအ‌နေဖြင့် မိမိတို့သ‌ဘောထားအမြင် ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးလိုသည့် နည်းလမ်း၊ အ‌ခြေအ‌နေများကို ညီ ညွှတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ (UNFC) အ‌နေဖြင့်သာ လုပ်‌ဆောင်သွားမည်ဟု ဆိုသည်။

KIO မှ ပြည်နယ်တည်ငြိမ်‌အေးချမ်းမှု ညှိနှိုင်း‌ရေးအဖွဲ့‌ခေါင်း‌ဆောင်ထံ ‌ပေးပို့သည့် ၎င်းတို့၏ အ‌ကြောင်းပြန်စာကို ပြည်နယ်ဝန် ကြီးချုပ်၊ ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ (WMR)နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ယူနန်ပြည်နယ်အစိုးရထံသို့ မိတ္တူ ကူးကာ ‌ပေးပို့ထားသည်။