Hay Htoo
ပြည်နယ်၊ တိုင်းအလိုက် ငြိမ်းချမ်းရေး ကမ်းလှမ်းချက် UNFC ငြင်းဆိုပြန်ကြား
ဩဂုတ်လ ၃ဝရက်။ (ကေအိုင်စီ)
မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းချက်သည် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအတွက် ရလဒ်ကောင်း မရရှိနိုင်သည့်အတွက် လက်မခံနိုင်ကြောင်း ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှ ယမန်နေ့က ထုတ်ပြန်လိုက်သည်။
UNFC အနေဖြင့် တဖွဲ့ချင်း သီးခြားဆိုင်ရာ ပြည်နယ် (သို့မဟုတ်)...
ထားဝယ်ဆိပ်ကမ်း စီမံကိန်းကြောင့် ရွာ ၅ရွာ အရင်ဆုံး ပြောင်းရွှေ့ ရမည်
ဩဂုတ်လ ၂၉ရက်။ စောခါးစူး (ကေအိုင်စီ)
တနသင်္ာရီတိုင်း ထားဝယ်ရေနက်ဆိပ်ကမ်း ဆောက်လုပ်ရေး စီမံကိန်းကြောင့် ထားဝယ်မြို့နယ်တွင်းရှိ နဘူးလယ်ကျေး ရွာအုပ်စုရှိ ရွာ ၅ရွာ ပထမဆုံးအသုတ်အနေနှင့် ပြောင်းရွှေ့ခံရတော့မည်ဟု ထားဝယ်ဒေသခံများက ပြောသည်။
ထားဝယ်ဆိပ်ကမ်း စီမံကိန်းနယ်မြေအတွင်း ကျရောက်နေသောကြောင့်ဟု ဆိုကာ ပြောင်းရွှေ့ရန် ဩဂုတ်လအတွင်း က အစိုးရနှင့် ကုမ္ပဏီတာဝန်ရှိသူတို့က...
ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ……..
M.ထက်ခေါင်
(၁)
ပြီးခဲ့သော ဇူလိုင် ၂၅ရက်နေ့က တစ်ကြိမ်၊ ဩဂုတ်လ ၁၂ရက်နေ့က တစ်ကြိမ် စစ်အုပ်စု ဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည် တစ်လမပြည့်မီ ၂ကြိမ် တွေ့ဆုံသည့်သတင်းများ ထွက်ပေါ်လာသည်နှင့် မရှေးမနှောင်းဆိုသလိုပင် ထိုသို့ တွေ့ဆုံမှုအပေါ် ပြည်တွင်းပြည်ပ နိုင်ငံရေးသမားများထံမှ သဘောထား အမြင်အမျိုးမျိုး ကြားလာရသည်။ စစ်အုပ်စုအ...
သံဖြူဇရပ် ရဲစခန်းကို အမည် မသိ သေနတ်သမား ၂ဦး ပစ်ခတ်
ဩဂုတ်လ ၂၉ရက်။ (ကေအိုင်စီ)
မွန်ပြည်နယ် သံဖြူဇရပ်မြို့၊ အောင်ဇေယျရပ်ကွက်ရှိ မြို့မရဲစခန်းကို အမည်မသိ သေနတ်သမားနှစ်ဦးက ယနေ့ နေ့လည် ၁၁နာရီ ဝန်းကျင်ခန့်က သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သည်။
ဆိုင်ကယ်စီးလာသည့် ထိုသေနတ်သမား ၂ဦးသည် မြို့လယ်ရှိ ရဲစခန်းကို ၄၀-မမဖြင့် ပစ်ခတ်သွားရာ စခန်းခြံစည်းရိုးထိကာ ပေါက်ကွဲမှုမရှိသည့်အတွက် တစုံတရာ ထိခိုက်မှုမရှိကြောင်း...
မစ္စတာ ကင်တားနား တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံခဲ့
ဩဂုတ်လ ၂၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားသည် ဩဂုတ်လ ၂၃ရက်နေ့က တိုင်းရင်းသားပါတီများကို နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိ အစည်းအဝေးခမ်းမတွင် တွေ့ဆုံခဲ့သည်မှာ သာမန်အနေဖြင့်သာဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ပြောသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ...
အစိုးရစစ်တပ်တွင် ကလေးစစ်သားရှိနေဆဲ
ဩဂုတ်လ ၂၅ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
အစိုးရသစ် တက်လာသော်လည်း မြန်မာစစ်တပ်အတွင်း၌ ကလေးစစ်သားများကို ခေါ်ယူ အသုံးပြုလျှက်ရှိနေသေးကြောင်း ဩဂုတ်လ ၂၃ရက်နေ့က ကေအဲန်ယူနယ်မြေသို့ ထွက်ပြေးရောက်ရှိလာသည့် အသက် ၁၇နှစ်အရွယ် မြန်မာတပ်သားက ထုတ်ဖော်ပြောဆိုသည်။
မြဝတီမြို့နယ်၊ မော်ခီးကျေးရွာတွင် တပ်စွဲလှုပ်ရှားနေသည့် မြန်မာစစ်တပ် အမှတ်(၅) စစ်ကွပ်ကဲရေးဌာနချုပ် လက်အောက်ခံ ခလရ(၃၇၂)တပ်ရင်းမှ...
အုန်းဖျန်စခန်း ဒုက္ခသည်များကို ဂျပန်နိုင်ငံက ခေါ်မည်
ဩဂုတ်လ ၂၅ရက်။ စောခါးစူး (ကေအိုင်စီ)
တတိယနိုင်ငံသို့ နေရပ်ပြောင်းရွှေ့နေရာချထားရေး အစီအစဉ်အရ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်အတွင်းရှိ အုန်းဖျန်ဒုက္ခသည်စခန်းမှ ဒုက္ခသည်များကို ၂၀၁၂ခုနှစ်၌ ဂျပန်နိုင်ငံက ခေါ်ယူ နေထိုင်ခွင့်ပြုသွားမည်ဟု အုန်းဖျန်စခန်းတာဝန် ရှိသူများက ပြောသည်။ သို့သော် လက်ခံခေါ်ယူမည့် ဒုက္ခသည် အရေအတွက်ကိုမူ မသိရသေးပေ။
ဇူလိုင်လက ဂျပန်အစိုးရ...
ချောင်းရေကြီးမှုကြောင့် ကရင်နီ ဒုက္ခသည်တဦး ရေနစ်သေဆုံးခဲ့
ဩဂုတ်လ ၂၄ရက်။ နန်းသူးလေ (ကေအိုင်စီ)
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်၊ မဲ့စရင်းမြို့နယ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ်(၂)တွင် မဲ့စရင်းချောင်း ရေကြီးမှုကြောင့် စခန်းတွင်းရှိ ရိက္ခာဂိုဒေါင်မှူးတစ်ဦး ရေနစ်သေဆုံးသွားခဲ့သည်ဟု စခန်းတွင်းနေထိုင်သူများ၏ ပြောပြချက်အရ သိရသည်။
ဩဂုတ်လဆန်းပိုင်းမှ စတင်ပြီး မိုးများဆက်တိုက် ရွာသွန်းနေမှုကြောင့် စခန်းအတွင်းရှိ မဲ့စရင်းချောင်း ရေစီးနှုန်း ပိုသန်လာကာ ဩဂုတ်လ...
နေပြည်တော် စီးပွားရေးမြှင့်တင်မှု ဆွေးနွေးပွဲ ရလဒ်ကောင်းမရှိဟု ဖလုံ-စဝေါ်ပြောကြား
ဩဂုတ်လ ၂၄ရက်။ (ကေအိုင်စီ)
ပြီးခဲ့သည့် အပတ်က နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုးမှု ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အ လုပ်ရုံဆွေးနွေးပွဲမှာ တက်ရောက်သူနှင့် ဆွေးနွေးချိန်နည်းသဖြင့် ရလဒ်ကောင်းမရှိဟု ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP) က ပြောသည်။
ဩဂုတ်လ ၁၉ရက်နေ့မှ ၂၁ရက်နေ့အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(MICC)တွင် ပြုလုပ်...
လွှတ်တော်တွင် ငြိမ်းချမ်းရေးကော်မတီ အပါအဝင် ကော်မတီများ ဖွဲ့စည်း
ဩဂုတ်လ ၂၄ရက်။ (ကေအိုင်စီ)
ဩဂုတ်လ ၂၂ရက်နေ့တွင် စတင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတွင် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကော်မတီ အပါအဝင် ကော်မတီများကို ဖွဲ့စည်းခဲ့သည်။
အမျိုးသားလွှတ်တော်တွင် တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးကော်မတီ အပါအဝင် ကော်မတီ (၈)ရပ်နှင့် ပြည်သူ့လွှတ် တော်တွင် ကော်မတီ ၁၈ရပ်ကို ဖွဲ့စည်းခဲ့ခြင်း...





