Home ထိပ်တန်းသတင်း ဂုဏ်သိက္ခာရှိသည့် ငြိမ်းချမ်း‌ရေး လမ်းစဉ်ဖြစ်ရန် DKBA လိုလား

ဂုဏ်သိက္ခာရှိသည့် ငြိမ်းချမ်း‌ရေး လမ်းစဉ်ဖြစ်ရန် DKBA လိုလား

1515
ဩဂုတ်လ ၂၄ရက်။ ‌ကေအိုင်စီ

ဦးသိန်းစိန် အစိုးရ အ‌နေဖြင့် ပြည်တွင်းငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်ကို တနိုင်ငံလုံးအတိုင်းအတာ ‌ဆောင်သည့် ‌ဆွေး‌နွေးမှုများကို ဂုဏ်သိက္ခာရှိစွာ လုပ်‌ဆောင်သွားရန်လိုလား‌ကြောင်း တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်(DKBA) ကလို့ ထူး‌ဘော စစ်ဌာနချုပ်က ဩဂုတ်လ ၂၂ရက်၊ ‌နေ့စွဲဖြင့် သ‌ဘောထား ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ပြည်တွင်းစစ်ကာလရှည်အတွင်း တိုင်းရင်းသားပြည်သူများ၏ နစ်နာဆုံးရှုံးမှုများကို ‌နေ့စဉ် ‌တွေ့မြင် ‌နေရသည့်အ‌ပေါ် မိမိတို့အ‌နေဖြင့်လည်း စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်း‌ရေးကို အမှန်တကယ် လိုလား‌ကြောင်း ‌ပြောဆိုထား သည်။

ကလို့ထူး‌ဘောဗျူဟာ အထူးစစ်ဆင်‌ရေးမှူး ဗိုလ်မှူး‌စောဆန်း‌အောင်က “တိုင်းရင်းသား‌တွေကို တစုတစည်းတည်း ‌ခေါ်‌တွေ့ ‌ဆွေး‌နွေးမယ်ဆိုရင် ကျ‌နော်တို့လည်း လက်ခံမယ်။ အစိုးရဟာ ပြည်တွင်းမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲမှု ကို အရင်တည်‌ဆောက်ရမယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

လက်ရှိ မြန်မာအစိုးရသည် ငြိမ်းချမ်း‌ရေးတံခါး ဖွင့်ထား‌ကြောင်း ‌ပြော‌နေ‌သော်လည်း တိုင်းရင်းသား ‌ဒေသအသီးသီးတွင် စစ် ဆင်‌ရေးများ ဆက်လက် ပြုလုပ်‌နေ‌ကြောင်း၊ ကရင်ပြည်နယ်အတွင်းရှိ DKBA အ‌ခြေစိုက်ရာ‌နေရာ တပ်မဟာ(၇)နယ်‌မြေနှင့် တပ်မဟာ(၆)နယ်‌မြေကို ထိုးစစ်ဆင်ရန် ၎င်းတို့တပ်များကို ညွှန်ကြားထားမှုများရှိ‌ကြောင်း သူက ‌ထောက်ပြသည်။

ဩဂုတ်လ ၁၈ရက်‌နေ့က မြန်မာ့အသံမှ ထုတ်လွှင့်‌သော သမ္မတ ဦးသိန်းစိန်၏ ပြည်တွင်းငြိမ်းချမ်း‌ရေးနှင့် ပတ်သက်‌သော လုပ်ငန်းစဉ်အရ ငြိမ်းချမ်း‌ရေးလိုပါက ပြည်နယ်အစိုးရများနှင့် ဦးစွာ ‌ဆွေး‌နွေးရန် ‌ပြောကြားချက်မှာ စစ်အစိုးရအဆက်ဆက်မှ ကျင့်သုံးခဲ့သည့် သပ်လျှိုဖြိုခွဲသည့်စနစ်ဖြစ်သည်ဟု DKBA ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။

ထို‌နေ့တစ်ရက်တည်းပင် ‌နေပြည်‌တော်မှ အစိုးရကိုယ်စားလှယ်အဖွဲ့တဖွဲ့သည် ကရင်ပြည်နယ်ရှိ အထင်ကရ လူသိများသည့် ‌တောင်က‌လေးဆရာ‌တော်ထံ ‌ရောက်ရှိလာပြီး ဗိုလ်ချုပ်‌စောလားပွယ်နှင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးရန် ချည်းကပ်ခိုင်းခဲ့သည်ဟု လည်း DKBA က ‌ပြောသည်။

“ဆုံးဖြတ်နိုင်စွမ်းမရှိတဲ့ ပြည်နယ်အဆင့်နဲ့ ကျ‌နော်တို့ကို ‌ဆွေး‌နွေးမယ်ဆိုရင် ဘာမှထူးလာမှာ မဟုတ်ဘူး။ ‌နောက် ‌တောင်က ‌လေးဆရာ‌တော်အဆင့်‌လောက်နဲ့လည်း မပြီးဘူး။ ဆရာ‌တော်က‌တော့ နဂိုက ရင်းနှီးမှုရှိတဲ့အ‌ပေါ် ချည်းကပ်လို့ ရရင်ရမယ်။ ကျ‌နော်တို့က ဗုဒ္ဓဘာသာတပ်ဖြစ်‌ပေမယ့် သူတို့‌ပြောတာကို လက်ညှိုး‌ထောင် ‌ခေါင်းညိတ်ဆိုတာ မဖြစ်နိုင်ဘူး။”ဟု ဗိုလ်မှူး ‌စောဆန်း‌အောင်က ဖြည့်စွက်‌ပြောဆိုသည်။

DKBA နှင့် ညှိနှိုင်း‌ရေးအတွက် အာဏာပိုင်တို့ ချည်းကပ်ခဲ့သည့် ‌တောင်က‌လေးဆရာ‌တော်သည် ကရင်ပြည်နယ် စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီ၏ နာယက ဆရာ‌တော်ကြီး ဖြစ်သည်။

ထို့အပြင် DKBA ၏ ထုတ်ပြန်ချက်အရ မြန်မာအစိုးရသည် နယ်ခြား‌စောင့်လက်ခံလိုက်သည့် ယခင် DKBA တပ်မှူး‌ဟောင်းအ ချို့ကို ‌စေလွှတ်၍ ၎င်းတို့အဖွဲ့အစည်းအတွင်း ဖဲ့ထုတ်စည်းရုံးမှုများရှိသည်ဟု ‌ထောက်ပြထားသလို ထိုနည်းပရိယာယ်မှာ အစိုး ရ၏ လုပ်ရိုးလုပ်စဉ်တခုသာ ဖြစ်သည်ဟုလည်း ‌ပြောဆိုထားသည်။

DKBA ၏ထုတ်ပြန်ချက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ယုံကြည်ကိုးစားမှုကို ရရှိရန်အတွက် တပြည်လုံး အတိုင်း အတာ‌ဆောင်သည့် အပစ်အခတ် ရပ်စဲ‌ရေးကို တရားဝင်‌ကြေညာရန်၊ တိုင်းရင်းသား‌ဒေသတွင် အ‌ခြေစိုက်သည့် တပ်များကို ‌နောက်တန်းဌာနချုပ်သို့ ပြန်ရုပ်ရန်၊ ထိန်းသိမ်းထားသည့် နိုင်ငံ‌ရေးအကျဉ်းသားများကို ချွင်းချက်မရှိ ပြန်လွှတ်ကာ နိုင်ငံ‌ရေး တွင် ပါဝင်ခွင့်‌ပေးရန်နှင့် အဲန်အယ်လ်ဒီပါတီ အပါအဝင် အခြားနိုင်ငံခြားပါတီများနှင့် အစိုးရအဖွဲ့တို့ ပြည်တွင်းငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်များကို တိုင်ပင်‌ဆောင်ရွက်ရန် ‌တောင်းဆိုထားသည်။

ပြီးခဲ့သည့် ဇွန်လ ၆ရက်‌နေ့က KNLA, ABSDF နှင့် ဗိုလ်ချုပ်‌စောလားပွယ် ဦးစီးသည့် DKBA တို့ ပူး‌ပေါင်းကာ စစ်‌ရေးမဟာမိတ် ဖွဲ့ပြီး မာနယ်စိုးစစ်ဆင်‌ရေး ‌ကြေညာချက်ကို ထုတ်ပြန်ခဲ့‌သေးသည်။

DKBA သည် ၁၉၉၅ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ခွဲထွက်လာသည့်အဖွဲ့ဖြစ်ပြီး ကလို့ထူး‌ဘောတပ်ဖွဲ့မှာ နယ်ခြား‌စောင့်တပ် အသွင်‌ပြောင်း‌ရေးကို လက်မခံသည့်အတွက် ၂၀၁ဝခုနှစ် နိုဝင်ဘာလမှစ၍ ယခုအချိန်ထိ အစိုးရကို ပြန် လည် တိုက်ခိုက်ခဲ့သည်။