Hay Htoo
စီးပွားရေးဖွံ့ဖြိုးမှု ပြုပြင်ပြောင်း လဲရေးဆိုင်ရာ ဆွေးနွေးပွဲသို့ တိုင်းရင်းသားပါတီများ တက်ရောက်
ဩဂုတ်လ ၁၉ရက်။ (ကေအိုင်စီ)
စီးပွားရေးဖွံ့ဖြိုးမှု ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းရင်းသား နိုင်ငံရေးပါတီများ အပါအဝင် ရွေးကောက်ပွဲ ဝင် နိုင်ငံရေးပါတီများ ယနေ့ စတင် တွေ့ဆုံကြသည်။
သမ္မတ ဦးသိန်းစိန် တက်ရောက်မည့် ထိုဆွေးနွေးပွဲတွင် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ (၃၇)ပါတီနှင့် အမျိုးသားဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ တရားဝင်...
မြဝတီတံတား ပြန်ဖွင့်တော့မည်ဟု မြို့ခံများပြောဆို
ဩဂုတ်လ ၁၉ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
တနှစ်ကျော်ကြာ ပိတ်ထားသည့် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ ပေါင်းကူးထားသော မဲဆောက်-မြဝတီ ချစ်ကြည်ရေး တံတားမှာ မကြာမီ ရက်ပိုင်းအတွင်း ဖွင့်လှစ်နိုင်တော့မည်ဟု မြဝတီမြို့ခံများက ပြောဆိုနေကြသည်။
မြို့ခံတဦးက “အာဏာပိုင်တွေ ပြောတာကတော့ ဒီရက်ပိုင်းတွေအတွင်းမှာ ဖွင့်မယ်။ အခု...
‘အစိုးရက မုန်းတီးရေး စကားသာ ပြောနေ’ ဟု KIO ဝေဖန်
ဩဂုတ်လ ၁၈ရက်။ စောခါးစူး (ကေအိုင်စီ)
မြန်မာအစိုးရက ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် တံခါးဖွင့်ထားကြောင်း တစ်ဘက်မှ ပြောသော်လည်း အခြားတစ်ဘက်တွင် မုန်း တီးရေးစကားများသာ ပြောနေသည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့-KIO က ဝေဖန်လိုက်သည်။
ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သော စီးပွားရေး လုပ်ငန်းရှင်များ၊ လူမှုရေး အဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲ တွင်...
ဒီမိုကရေစီမိတ်ဆွေများပါတီနှင့် ဂျွန်ကယ်ရီ၏ အကြံပေး အဖွဲ့ တွေ့ဆုံခဲ့
ဩဂုတ်လ ၁၈ရက်။ (ကေအိုင်စီ)
ဒီမိုကရေစီမိတ်ဆွေများပါတီနှင့် အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဌ ဂျွန်ကယ်ရီ၏ အကြံပေးအရာရှိ အက်ဒ်မန်ထရီဘာတီတို့ ဩဂုတ်လ ၁၇ ရက်နေ့မှာ တွေ့ဆုံခဲ့သည်။
ဂျွန်ကယ်ရီ အကြံပေး အရာရှိနှင့် ရွေးကောက်ပွဲအနိုင်ရ ဒီမိုကရေစီမိတ်ဆွေများပါတီတို့ တွေ့ဆုံမှုကို ရန်ကုန်ရှိ အမေရိကန်သံရုံး တွင် ယမန်နေ့ နေ့လည် ၁ဝနာရီဝန်းကျင်က...
သမ္မတ၏ ဖိတ်ခေါ်ချက်ကို အယုံကြည်မရှိဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပြောဆို
ဩဂုတ်လ ၁၈ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
မြန်မာအစိုးရကို ဆန့်ကျင်နေသည့် မည်သည့်လက်နက်ကိုင် အဖွဲ့မဆို ငြိမ်းချမ်းရေးရယူသည့် ဆန္ဒရှိပါက သက်ဆိုင်ရာ ပြည် နယ်အစိုးရအဖွဲ့နှင့် အချိန်မရွေး ဆွေးနွေးနိုင်ကြောင်း သမ္မတဦးသိန်းစိန်၏ ပြောကြားချက်အပေါ် အယုံအကြည်မရှိကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ပြောသည်။
မြန်မာအစိုးရ သမ္မတဦးသိန်းစိန်က ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့ရှိ...
တော်လှန်ရေးကို ကူညီပံ့ပိုးကြရန် ကရင်နီပြည်သူများကို KNPP တိုက်တွန်း
ဩဂုတ်လ ၁၇ရက်။ စောခါးစူး
ကေအိုင်စီ)
အမျိုးသားရေးအတွက် ရှေးရှု၍ တော်လှန်ရေးကို ကူညီပံ့ပိုးကြရန် ယနေ့ ဩဂုတ်လ ၁၇ရက်နေ့၌ ကျရောက်သော ၆၃နှစ်မြောက် ကရင်နီပြည် တပ်မတော်နေ့တွင် ကရင်နီပြည်သူများအား ကရင်အမျိုးသား တိုးတက်ရေးပါတီ-KNPP က တိုက်တွန်ပြောကြားလိုက် သည်။
ထိုင်း-မြန်မာနယ်စပ် KNPP ထိန်းချုပ်နယ်မြေ လိုဘာခိုခရိုင်၊ မယ်စဲမြို့နယ်အတွင်းရှိ ကရင်နီတပ်မတော်...
ဆောင်ပုဒ်ဖျက်ရုံဖြင့် မီဒီယာလွတ်လပ်မည်မဟုတ်ဟု မြန်မာသတင်းသမားများ ပြောဆို
ဩဂုတ်လ ၁၇ရက်။ နန်းသူးလေ (ကေအိုင်စီ)
မြန်မာအစိုးရ သတင်းစာများတွင် ဖော်ပြနေခဲ့သည့် ပြင်ပသတင်း ဌာနများအပေါ် ပုပ်ခတ်ရေးသားထားသည့် ဆောင်ပုဒ်အား ယမန်နေ့က ဖြုတ်လိုက်ခြင်းသည် အစိုးရသစ်၏ အပြောင်းအလဲတရပ်ဖြစ်သော်လည်း အသွင်သဏ္ဍာန်အရ ပြောင်းလဲမှုသာ ဖြစ်ကြောင်း ပြည်တွင်းပြည်ပ မြန်မာသတင်းသမားများက ဝေဖန်ပြောဆိုနေကြသည်။
မြန်မာသတင်းသမဂ္ဂ ဒုဥက္ကဌ ဦးဇင်လင်းက အချိန်အတိုင်းအတာတခုအထိ စောင့်ကြည့်ရန်...
ဒုက္ခသည်ကို မကူညီရန် အစိုးရပိတ်ထားသည်ဟု ကချင်အမျိုးသမီးအဖွဲ့ပြောဆို
ဩဂုတ်လ ၁၇ရက်။ (ကေအိုင်စီ)
အကူအညီလိုအပ်နေသည့် စစ်ပြေးဒုက္ခသည် နှစ်သောင်းခန့်ကို အစိုးရမှ မကူညီရန် ပြည်တွင်းပြည်ပ အဲန်ဂျီအိုအဖွဲ့များကို တားဆီးထားကြောင်း ကချင်အမျိုးသမီးအဖွဲ့အစည်း(ထိုင်းနိုင်ငံ)က ပြောသည်။
ဩဂုတ်လ ၁၆ရက် နေ့စွဲဖြင့် ကချင်အမျိုးသမီးအဖွဲ့အစည်း (Kachin Women’s Association Thailand)က မြန်မာအစိုးရ တပ် နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)...
စိတ်ရှည်လက်ရှည် လက်တွဲခေါ်ယူနေတယ်ဆိုတာ ဘယ်ကိုလဲ
တူမောင်ညို
(၂၀၁၁ခုနှစ်။ ဩဂုတ်လ ၁၅ရက်)
(၁/၂၀၁၁) သတင်းစာရှင်းလင်းပွဲ။
အစိုးရသစ်ရဲ့ ပွဲဦးထွက် သတင်းစာရှင်းလင်းပွဲ ဖြစ်တယ်။ အကွက်ချပြင်ဆင်ထားတာလည်း ဖြစ်တယ်။ ဒီတော့ သတိထားပြီး ဖတ်ရှုလေ့လာပါတယ်။
အဓိကအားဖြင့် ဘယ်လိုဦးတည်ချက်လဲ၊ ဘယ်လို အကြောင်းအရာတွေကို အဓိကထားပြီး ရှင်းလင်းတာလဲ။ ဘယ်လို စကား လုံးတွေ အသုံးပြုသွားသလဲ၊ သတင်းစာမှာ...
ဒေါ်စုနှင့်အစိုးရတွေ့ဆုံမှုမှ သုံးပွင့် ဆိုင် ဆွေးနွေးပွဲ ဖြစ်လာရန် မျှော် လင့်ချက်နည်း
ဩဂုတ်လ ၁၆ရက်။ စောခါးစူး (ကေအိုင်စီ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံပြီး နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု သဘောထားထုတ်ပြန်ထားသော်လည်း သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဖြစ်လာရန် မျှော်လင့်ချက် နည်းသည်ဟု အတိုက်အခံတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ပြောသည်။
အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်စုတို့...





