Home သတင်း ကော့ကရိတ်မြို့နယ်တွင် ဝက်ရောဂါဖြစ်၍ အိမ်တွင်းဝက်သေဆုံးမှုများနေ

ကော့ကရိတ်မြို့နယ်တွင် ဝက်ရောဂါဖြစ်၍ အိမ်တွင်းဝက်သေဆုံးမှုများနေ

1098

ဩဂုတ်လ ၁၅ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ယခုလပိုင်းအတွင်း ဝက်ရောဂါဖြစ်ပွား၍ ဝက်သေဆုံးမှုများနေကြောင်း ဝက်မွေးမြူသူများက ကေအိုင်စီသို့ ပြောသည်။

ဝက်ရောဂါဖြစ်ပွား၍ ဝက်သေဆုံးမှုများနေသဖြင့် တစ်ပိုင်တစ်နိုင် အိမ်တွင်း ဝက်မွေး မြူသူများသည် ရောဂါမဖြစ်မီအချိန်တွင် ဖော်ရောင်းနေကြရကြောင်း အိမ်တွင်း ဝက်မွေးမြူသူတစ်ဦးက ယခုလိုပြောသည်။

၎င်းက”ရွာက ဝက်ရောဂါဖြစ်လို့ ‌ဝက်တွေတော်တော်သေကြတယ်။ တချို့ကလည်း ရောဂါမဖြစ်မီ အသားဖော်ရောင်းကြတယ်။ ကျမလည်း တစ်ကောင်‌အသား ဖော် ရောင်းလိုက်ပြီး။ တစ်ကောင်က ငယ်လို့အသားဖော်ဖို့ နှမြောတာ ရောဂါဖြစ်လို့သေသွားတယ်”ဟု ကေအိုင်စီသို့ပြောသည်။

အလားတူ မွေးမြူရေးဝက်များသည်လည်း ပြီးခဲ့သည့်လတွင် ရောဂါဖြစ်၍ အများ အပြား သေဆုံးကာ ဝက်ရောဂါ မဖြစ်ပွားအောင် ကာကွယ်ဆေး ကြိုတင်ထိုးနေရကြောင်း တစ်ပိုင်တစ်နိုင် မွေးမြူသူတစ်ဦးက ပြောသည်။

“ပြီးခဲ့တဲ့လ ၇လပိုင်းတုန်းက ရေကျော်မှာ မွေးမြူရေးဝက် ရောဂါဖြစ်လို့ သေတာအများ ကြီးပဲ။ အဲ့တာနဲ့ ဖုန်းဆက်ပြောလာလို့ ဝက်ကာကွယ်ဆေးကြိုတင်ထိုးလိုက်တယ်။ ကျမဝက်တော့ ရောဂါဆိုးဆိုး ရွားရွား မဖြစ်ဘူး။ ချောင်းဆိုးတာလောက်ပဲ။ အသေအပျောက်လည်း မရှိဘူး”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

သဘာဝအိမ်တွင်း ဝက်မွေးမြူသူများသည် ဝက်များကို သဘာဝအတိုင်းအစာကျွေးကာ ကာကွယ်ဆေးများလည်း အသုံးမပြုဘဲ တစ်ပိုင်တစ်နိုင်မွေးမြူကြပြီး မွေးမြူရေး ဝက်များကိုမူ မွေးမြူရေးအစာနှင့် ကုန်ကျမှု နည်းစေရန် ဒေသထွက်အ စာများရောနှောအစာကျွေးကာ ကာကွယ်ဆေးလည်း ပုံမှန်ထိုးပြီး စီးပွားဖြစ်မွေးမြူ ကြသည်ဟု သိရသည်။