Home သတင်း မြဝတီ-ကော့ကရိတ်အာရှလမ်းတွင် သံတိုသံစတင်တွဲကား ၁ စီး တိမ်းမှောက်မှုထပ်ဖြစ်

မြဝတီ-ကော့ကရိတ်အာရှလမ်းတွင် သံတိုသံစတင်တွဲကား ၁ စီး တိမ်းမှောက်မှုထပ်ဖြစ်

1397
Photo: CJ

ဖေဖော်ဝါရီ ၁၈ ရက် ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်မှု အဓိကလမ်းကြောင်းဖြစ်သော မြဝတီ-ကော့ကရိတ် အာရှလမ်း ကွမ်းခြံကွေ့ကုန်းဆင်းနေရာတွင် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်က သံတိုသံစတင် တွဲကား (၁) စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား ၂ ဦး အား သင်္ဃန်းညီနောင် လူမှုကယ်ဆယ် ရေးအဖွဲ့က ဖြစ်စဉ်နေရာမှ မြဝတီခရိုင်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည် ဟု ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

“မှောက်တဲ့ကားကတော့ သံတိုသံစတွေ တင်ထားတဲ့ တွဲကားပဲ။ ကော့ကရိတ်ဘက်ကနေ မြဝတီဘက်ကို တက်လာတဲ့ ကားပေါ့။ ကွမ်းခြံကွေ့ကုန်းအဆင်းမှာ အရှိန်လွန်ပြီး တိမ်းမှောသွားတာပါ။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းနဲ့ ယာဉ်အကူ တို့ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ယာဉ်မောင်းကတော့ ဒဏ်ရာအနည်းငယ်ပြင်းထန်ပြီး စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ် “ဟု သင်္ဃန်းညီနောင်လူမှုကယ်ဆယ်ရေး အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်သည် အာရှလမ်း ကွမ်းခြံကွေ့ကုန်းအဆင်း နေရာတွင်ပြီးခဲ့သည့် ဖေဖော်ဝါရီ၁၆ရက် နေ့ကလည်း ပြောင်းဆန်တင် တွဲကားတစ်စီး အလားတူ တိမ်းမှောက်မှုဖြစ်ခဲ့ပြီး ယာဉ်မောင်းနှင့် ၎င်း၏ ဇနီးတို့ ၂ ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ယာဉ်အကူမှာ စိုးရိမ်ရသည့် အခြေအနေဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

Photo: CJ