Home သတင်း ‌လောင်းလုံးမြို့နယ်အတွင်း အမျိုးသမီးများဦး‌ဆောင်၍ စစ်အာဏာရှင်စနစ်ဆန့်ကျင်‌ရေး ‘နှင်းဆီ‌ရောင်အမျိုးသမီးထုလှုပ်ရှားမှု’ ပြုလုပ်

‌လောင်းလုံးမြို့နယ်အတွင်း အမျိုးသမီးများဦး‌ဆောင်၍ စစ်အာဏာရှင်စနစ်ဆန့်ကျင်‌ရေး ‘နှင်းဆီ‌ရောင်အမျိုးသမီးထုလှုပ်ရှားမှု’ ပြုလုပ်

1252
Photo: CJ

‌ဖေ‌ဖော်ဝါရီ ၈ ရက်၊ ၂၀၂၂ခုနှစ်။ ‌ကေအိုင်စီ

တနသင်္ာရီတိုင်း‌ဒေသကြီး ထားဝယ်ခရိုင်၊ ‌လောင်းလုံးမြို့နယ်အတွင်း အမျိုးသမီးများဦး‌ဆောင်၍ ‌ဖေ‌ဖော်ဝါရီလ ၈ ရက်၊ နံနက်ပိုင်းတွင် (၇)ကြိမ်‌မြောက် စစ်အာဏာရှင်စနစ်ဆန့်ကျင်‌ရေး ‘နှင်းဆီ‌ရောင်အမျိုးသမီးထုလှုပ်ရှားမှု’ ပြုလုပ်ခဲ့ကြသည်။

ထိုလှုပ်ရှားမှုတွင် ‘‌တော်လှန်နှင်းဆီရဲရဲနီ အာဏာရှင်ကိုအမြစ်ဖြတ်မည်’၊ ‘အမျိုးသမီး‌တွေဦး‌ဆောင် အ‌ရေး‌တော်ပုံကြီးအပြီး‌အောင်’၊ ‘အ‌ရေး‌တော်ပုံကြီး‌အောင်မြင်ဖို့ ဒို့အမျိုးသမီး‌တွေပါဝင်စို့’ အစရှိသည့် ‌ကြွေး‌ကြော်သံများ‌ကြွေး‌ကြော်ကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်‌ရေး ဆန္ဒထုတ်‌ဖော်ခဲ့ကြသည်။

Photo: CJ