Home သတင်း အင်းစိန်ကုန်း မညက သပိတ်ဖြိုခွင်းစဉ် ဖမ်းခံရသည့် လူငယ် ၉ ဦး ပြန်လွှတ်လာ

အင်းစိန်ကုန်း မညက သပိတ်ဖြိုခွင်းစဉ် ဖမ်းခံရသည့် လူငယ် ၉ ဦး ပြန်လွှတ်လာ

1599

မတ် ၁၇ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

အင်းစိန်မြို့နယ်၊ မင်းကြီးလမ်း၊ ‌တောင်သူကုန်းရပ်ကွက်၊ မညက ကားမှတ်တိုင်အနီးသပိတ်ကို ပြီးခဲ့သည့် မတ် ၁၂ ရက်၊ ‌နေ့လည်ပိုင်းတွင် ဖြိုခွင်းစဉ် အဖမ်းခံရသည့်လူငယ် ၉ ဦးမှာ မတ်လ ၁၄ ရက်‌နေ့တွင် ပြန်လွှတ်လာ‌ကြောင်း မိသားစုဝင်များက ‌ပြောသည်။

” ဖမ်းခံရတဲ့ ၉ ဦး ည‌နေပိုင်းမှာ ပြန်လွှတ်လာတယ်။ ကျ‌နော့်သား ‌စောစဲမရယ်ရှင်း ည‌နေ ၅ နာရီ‌လောက် ပြန်‌ရောက်လာတယ်။ ” ဟု ဖမ်းခံရသူ တဦး၏ဖခင်ဖြစ်သူ ‌စောသန့်ရှင်းက မတ် ၁၄ ရက်‌နေ့ ည‌နေပိုင်းတွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလိုပြန်လွှတ်လာရန် အဘက်ဘက်မှ ဝိုင်းဝန်းကူညီ‌ပေးသူများကိုလည်း ‌ကျေးဇူးတင်ရှိပါ‌ကြောင်း‌ပြောလိုသည်ဟု ၎င်းက ဆက်‌ပြောသည်။

အဆိုပါ သပိတ်ဖြိုခွင်းစဉ်က လူငယ်များသည် နီးစပ်ရာလမ်းသွယ်များထဲ ‌ရှောင်‌ပြေးခဲ့‌သော်လည်း ရဲများက ‌နေအိမ်များထဲအထိ ဝင်‌ရောက်ရှာ‌ဖွေ ဖမ်းဆီးခဲ့ခြင်းဖြစ်‌ကြောင်း ရပ်ကွက်‌နေပြည်သူများက ‌ပြောသည်။