အောက်တိုဘာ (၂၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယခု အောက်တိုဘာလအတွင်း ထိုင်းအာဏာပိုင်အဖွဲ့စုံက ရှောင်တခင်ရှာဖွေဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းကြောင့် မြန်မာရွှေ့ပြောင်း ကျောင်းသူ၊ ကျောင်းသားများအတွက် ပညာသင်ကြားပေးနေသည့် စင်တာတစ်ချို့ ယမန်နေ့၊ အောက်တိုဘာ(၁၉)ရက်မှစ၍ ယာယီရပ်နားလိုက်ရကြောင်း သိရသည်။
ထိုင်းအာဏာပိုင်များသည် နယ်စပ်လုံခြုံရေးတိုးမြှင့်ဆောင်ရွက်မှုနှင့် တရားမဝင်လုပ်ငန်းများ...