Home ဆောင်းပါး ဘယ်‌ခေတ်မဆို အမြဲရှိ‌နေမယ့်သူဟာ ပြည်သူ‌တွေပဲ

ဘယ်‌ခေတ်မဆို အမြဲရှိ‌နေမယ့်သူဟာ ပြည်သူ‌တွေပဲ

2003
ဘယ်‌ခေတ်မဆို အမြဲရှိ‌နေမယ့်သူဟာ ပြည်သူ‌တွေပဲ
‌မောင်‌ကျော်စွာ
(၂၀၂ဝ ပြည့်နှစ်၊ နိုဝင်ဘာ ၂၁)

 

တရားဝင် ‌ရွေး‌ကောက်ပွဲရလဒ် ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင် (UEC) က အပြီးသတ် ‌ကြေညာပြီး ခဲ့ပြီ။ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD)ပါတီက မဲအပြတ်အသတ် (ရရှိမဲ စုစု‌ပေါင်း ၉၂၀)နဲ့ ထပ်မံအနိုင်ရ ‌အောင်ပွဲခံသွားပါတယ်။ မဲ‌ပေးနိုင်သူ ပြည်သူ‌တွေရဲ့ အများစုဆန္ဒနဲ့ ‌ရွေး‌ကောက်ပွဲရလဒ်ဟာ တစ်ထပ်တည်းကျ တယ်လို့ ယူဆရပါတယ်။ အရှုံးကြီး ရှုံးရပြန်တဲ့ ကြံ့ဖွံ့ပါတီ(USDP)က‌တော့ ပုံပြင်ထဲက ‌မြေ‌ခွေးလိုပဲ စပျစ်သီးချဉ် ‌နေ‌လေရဲ့။

ဒီ‌နေရာမှာ အချက် ၃ချက်ကို တင်ပြ‌ဆွေး‌နွေးချင်ပါတယ်။

ပထမအချက်က “ဘာ‌ကြောင့် ရှုံးတယ်”။ ဒုတိယအချက်က “ဘာ‌ကြောင့်နိုင်တယ်”။ တတိယအချက်က “ဘယ်လို ‌ရှေ့ဆက်ကြရမလဲ” ဆိုတဲ့ တစ်ခုနဲ့တစ်ခု ဆက်စပ်‌နေတဲ့ အချက် ၃ချက်ပါပဲ။

ပထမအချက် “ဘာ‌ကြောင့် ရှုံးတယ်”
ရှုံးသူ/နိုင်သူကို မဲနိုင်‌ပေးသူ ပြည်သူ‌တွေက‌ပေးတဲ့ မဲအ‌ရေအတွက် အနည်းအများနဲ့ အဆုံးအဖြတ်ပြုတာ ပါ။ ပထမဆုံးအချက်က‌တော့ ပြည်သူ‌တွေရဲ့ တခဲနက်ဆန္ဒ (ဝါ) အဆုံးအဖြတ်ကို နာခံရမယ်၊ ‌လေးစားလိုက်နာပြီး ဖြစ်‌မြောက်‌အောင် အ‌ကောင်အထည်‌ဖော်ရမယ်ဆိုတဲ့ အချက်ပါပဲ။ ဒုတိယအချက်က‌တော့ ပြည်သူ‌တွေရဲ့ တခဲ နက်ဆန္ဒ (ဝါ) အဆုံးအဖြတ်ကို ဖျက်ဆီးတာ၊ လျစ်လျူရှုတာ၊ ပျက်ရယ်ပြုတာ၊ ‌စော်ကားသရုပ်ဖျက်တာ မပြုသင့် ဘူး ဆိုတဲ့အချက်ဖြစ်ပါတယ်။

ပြည်သူ‌တွေဟာ ယခုထက်ပိုပြီး ‌အေးချမ်းသာယာတဲ့၊ ဒီမိုက‌ရေစီအခွင့်အ‌ရေး‌တွေနဲ့ တန်းတူအခွင့်အ‌ရေး ‌တွေ တင်းပြည့်ကြပ်ပြည့်ရှိတဲ့ အ‌ခြေအ‌နေမှာဆိုရင် ဒီထက်ပိုပြီး ရှင်းလင်းစွာ တိကျစွာ များပြားစွာ ‌ဖော်ပြလာမှာ အ‌သေအချာပဲလို့ ယုံကြည်ပါတယ်။ ပြည်တွင်းစစ်ကြီးရှိ‌နေတဲ့ အ‌ခြေအ‌နေ၊ ဒီမိုက‌ရေစီနဲ့တန်းတူမှု စံချိန်စံနှုန်း‌တွေ ကင်းမဲ့လွန်းလှတဲ့ ၂၀၀၈ အ‌ခြေခံဥပ‌ဒေ၊ ကမာ္ဘလုံးဆိုင်ရာ ကိုဗစ် – ၁၉ ကပ်‌ဘေးကြီးသင့်‌နေတဲ့ကာလ စတဲ့ မလူး သာ မလွန့်သာ ‌ဘေးအန္တရာယ်‌တွေပြွမ်း‌နေတဲ့ အ‌နေအထားက‌နေ ပြည်သူ‌တွေဟာ သူတို့ဆန္ဒကို တခဲနက် ‌ဖော်ပြ ခဲ့ကြတာမဟုတ်ပါလား။

ပြည်သူ‌တွေဟာ သူတို့ လက်‌တွေ့ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ အတိတ်သမိုင်းဖြတ်သန်းမှုထဲက အ‌တွေ့အကြုံ နဲ့ သူတို့ လက်ရှိဘဝကို နှိုင်းယှဉ်ချိန်ထိုးပြီး သူတို့ ‌ရွေးချယ်ရမယ့်ပါတီ၊ မဲ‌ပေးရမယ့်ပါတီကို စုပုံပြီး မဲထည့်ခဲ့ကြတာ ပါပဲ။ ကြံ့ဖွံ့ပါတီ ရှုံးရတာဟာ သာမန်အရှုံးမဟုတ်ပါဘူး။ နလန်မထူနိုင်‌တော့မယ့် အရှုံးဖြစ်ပါတယ်။ ဒီလို အရှုံးမျိုး ကို ကြံ့ဖွံ့ပါတီရဲ့ အ‌ရှေ့မှာ (တစည) ပါတီ ကြုံခဲ့ရပြီးဖြစ်ပါတယ်။ (တစည)ပါတီဟာ ဗိုလ်‌နေဝင်းရဲ့ တစ်လက်ကိုင် ပါတီဖြစ်တဲ့ (မဆလ)ပါတီက‌နေ အ‌ရေခွံလဲ အသွင်‌ပြောင်းလာတာပါ။

ကြံ့ဖွံ့ပါတီကလည်း ဗိုလ်သန်း‌ရွှေရဲ့ တစ်လက်ကိုင် “လူမှု‌ရေးအသင်း” အမည်ခံရာ‌နေ “နိုင်ငံ‌ရေးပါတီ” အဖြစ် အ‌ရေခွံလဲလာတာ မဟုတ်ပါလား။ ပြည်သူ‌တွေဟာ ဗိုလ်‌နေဝင်း – ဗိုလ်သန်း‌ရွှေ စတဲ့ စစ်အာဏာရှင်‌တွေရဲ့ အကြမ်းဖက် ဖိနှိပ်မှု‌တွေကို နှစ်‌ပေါင်းများစွာ ရင်ဆိုင်ခဲ့ကြရတာပါ။ နည်းသဏ္ဍာန်မျိုးစုံနဲ့ ဆန့်ကျင်တွန်းလှန်ခဲ့ကြ တာပါ။ ဆန္ဒပြမှု က‌လေး‌တွေ – အလုပ်သမား၊ လယ်သမား၊ ‌ကျောင်းသား သပိတ်တိုက်ပွဲ‌တွေက‌နေ ၁၉၈၈ ဒီမိုက ‌ရေစီအ‌ရေး‌တော်ပုံကြီးလို ပြည်သူတစ်ရပ်လုံးပါဝင်တဲ့ လူထုလှုပ်ရှားမှုကြီး၊ စစ်အာဏာရှင်များက မတတ်သာတဲ့ အဆုံး ကျင်းပ‌ပေးရတဲ့ ‌ရွေး‌ကောက်ပွဲ‌တွေ စသဖြင့် တိုက်ပွဲ‌ပေါင်းစုံကို ဖြတ်သန်းခဲ့၊ ဖြတ်သန်း‌နေရတဲ့ ပြည်သူ‌တွေ ဖြစ်ပါတယ်။

အဲဒီတိုက်ပွဲသဏ္ဍာန်‌တွေထဲက‌နေ အထင်အရှား မြင်ရတဲ့အချက်က‌တော့ ပြည်သူ‌တွေဟာ ဘယ်လို သဏ္ဍာန်မှာပဲဖြစ်ဖြစ် သူတို့ကို ဖိနှိပ်အကြမ်းဖက်တဲ့ အုပ်စိုးသူ‌တွေအ‌ပေါ် ပြတ်ပြတ်သားသား ပြုမူတဲ့အချက်ပါ။ အခုလို မဲ‌ပေးခွင့် ရရှိလာတဲ့ အခါအခွင့်မှာလည်း သူတို့အ‌ပေါ် နှစ်ရှည်လများ အကြမ်းဖက် ဖိနှိပ်အုပ်စိုးခဲ့ကြသူ ‌တွေနဲ့ သူတို့ရဲ့ အဆွယ်အပွား‌တွေကို ပြတ်သားစွာ ဒဏ်ခတ်ခဲ့ကြတယ်။ အကြမ်းဖက်ဖိနှိပ်သူများနဲ့ ပတ်သက်မိသူ၊ ‌ခြေရှုပ်မိသူ‌တွေ၊ မလည်ရှုပ်လုပ်မိသူ‌တွေလည်း ဒီပွဲမှာ (၂၀၂ဝ ‌ရွေး‌ကောက်ပွဲမှာ) အဖျားခတ်တာခံသွားရတာပဲ မဟုတ်ပါလား။

အရှင်းလင်းဆုံးနဲ့ အထင်ရှားဆုံး မြင်ရတဲ့အချက်က‌တော့ ကြံ့ဖွံ့ပါတီနဲ့ စစ်အုပ်စုက‌နေ ‌ပေါက်ဖွားအ‌ခြေခံ လာတဲ့ ပါတီမှန်သမျှ ရှုံးနိမ့်သွားတဲ့အချက်ပါ။ ဒါဟာ သာမန်အရှုံးမဟုတ်ပါဘူး။ သူတို့အ‌ပေါ် အကြမ်းဖက် ဖိနှိပ်သူ ‌တွေအ‌ပေါ် ပြည်သူ‌တွေက အခွင့်သာခိုက်မှာ ပြတ်ပြတ်သားသား ဒဏ်ခတ်ပညာ‌ပေးလိုက်တာပါ။ ဒါဟာ “ဘာ ‌ကြောင့် ရှုံးတယ်” ဆိုတာအ‌ပေါ် ကျ‌နော့်အမြင်နဲ့ ယူဆသုံးသပ်ချက်ပါ။

ဒုတိယအချက် “ဘာ‌ကြောင့်နိုင်တယ်”
သူတို့ဘက်က ရပ်တည်‌ဆောင်ရွက်ခဲ့ကြတယ်။ သူတို့ဆန္ဒနဲ့ သူတို့‌တောင်းဆိုချက်‌တွေကို ကိုယ်စားပြု တယ်။ ဖြစ်‌မြောက်‌အောင် စွမ်း‌ဆောင်‌ပေးနိုင်လိမ့်မယ်လို့ ‌မျှော်လင့်အားကိုးလို့ ဖြစ်တယ်။ တချို့က‌တော့ ပြည်သူ ‌တွေရဲ့ ဒီ‌မျှော်လင့်ချက်နဲ့ အားကိုးအားထားမှုကို ပုဂ္ဂိုလ်‌ရေးကိုးကွယ်မှုအဖြစ် ‌လှောင်‌ပြောင်နှာ‌ခေါင်းရှုံ့ကြတယ်။ “တစ်ဦးချင်းလူပုဂ္ဂိုလ်အခန်း” ဆိုတာ အများတကာ့ အများစု ပြည်သူလူထုကြီးရဲ့ လက်ငင်းအကျိုးစီးပွား – ‌ရေရှည် အကျိုးစီးပွားနဲ့ ဘယ်‌လောက်အတိုင်းအတာထိ ဆက်စပ်သလဲ၊ အကျိုးပြုသလဲ ဆိုတဲ့အချက်နဲ့ တိုင်းတာကြည့်မြင် ရမှာပါ။ “ပုဂ္ဂိုလ်‌ရေးအခန်း”ကို လုံးဝ ဖယ်ရှားထားတဲ့ “ပုဂ္ဂိုလ်‌ရေးအခန်း” ကင်းရှင်းတဲ့ လက်‌တွေ့လုပ်ကိုင်‌ဆောင် ရွက်မှုမျိုးကို ပြည်တွင်းမှာ‌ရော အခြားပြည်ပနိုင်ငံ‌တွေမှာပါ မ‌တွေ့ဖူး‌သေးတာကို ကျ‌နော်အ‌လေးအနက် ဝန်ခံပါ တယ်။

အနီးကပ်ဆုံး လက်‌တွေ့ဖြစ်တဲ့ ပြီးခဲ့တဲ့ ၂၀၂ဝပြည့်နှစ် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲမှာပဲကြည့်ပါ။ ပညာအ ရည်အချင်းရှိတဲ့ လူပုဂ္ဂိုလ်‌တွေ – ရုပ်ရည်ရူပကာ နှစ်လိုဖွယ်ရှိသူ‌တွေကို (သူတို့ပါတီ ကိုယ်စားလှယ်‌လောင်း‌တွေအ ဖြစ်) ‌ရှေ့တန်းတင်ပြီး စည်းရုံးခဲ့ကြတာကို မြင်ကြရတာပဲ‌လေ။

‌နောက်တစ်ချက်က‌တော့ နှိုင်းယှဉ်ချက်အရ ‌ဖြောင့်မတ်တည်ကြည်လို့ပါ။ နိုင်ငံ‌ရေးမှာ “စင်းလုံး‌ချော”တာ ကို ‌တောင်းဆိုကြရမှာပါ။ ဒါ‌ပေမယ့် လက်‌တွေ့မှာ‌တော့ နှိုင်းယှဉ်ချက်အရပဲ ဆုံးဖြတ်‌ရွေးချယ်ကြရမှာပဲ မဟုတ်ပါ လား။ အ‌ကောက်ထဲက‌နေ ‌ကွေးတာကို ‌ရွေးရတာမျိုး‌ပေါ့။

ဒီအခါမှာ ၁၉၈၈ ဒီမိုက‌ရေစီအ‌ရေး‌တော်ပုံကြီးထဲက‌နေ ‌ပေါက်ဖွားလာတယ်။ ဖြတ်သန်းမှုနဲ့ စွန့်လွှတ် စွန့် စားမှု အတိုင်းအတာတစ်ခုထိရှိကြတဲ့ – ပြည်သူ့ဘဏ္ဍာ ဥစ္စာကို လုယူခိုးဝှက်ဖူးခြင်း မရှိတဲ့သူ‌တွေကို ပြည်သူ‌တွေ က သူတို့ဆန္ဒ‌တွေ ဖြစ်‌မြောက်‌အောင် စွမ်း‌ဆောင်‌ပေးနိုင်မယ်လို့ ‌မျှော်လင့်အားကိုးမှုနဲ့ အဲဒီပါတီ‌တွေ မဲပုံ‌အော‌ပေး ခဲ့ကြတာလို့ နားလည်မိပါတယ်။ ဒါဟာ “ဘာ‌ကြောင့် နိုင်တယ်” ဆိုတဲ့ အချက်နဲ့ပတ်သက်လို့ ကျ‌နော့်ရဲ့ ‌ယေဘု ယျ ရရှိချက်ပါ။ တတိယအချက်ကို သွားကြပါစို့။

ဘယ်လို “‌ရှေ့ဆက်ကြရမလဲ”
ဒီအချက်က ပြည်သူ‌တွေက တခဲနက် ‌ရွေးချယ် အနိုင်‌ပေးလိုက်တဲ့ ပါတီနဲ့ ပြည်သူ‌တွေရဲ့ လက်‌တွေ့လုပ် ငန်းစဉ် ဖြစ်ပါတယ်။ မဲ‌ပေးပြီးရင် ပြည်သူ‌တွေရဲ့ တာဝန်ပြီးသွားပြီလို့ တချို့က ‌ပြောကြပါတယ်။ အဲဒါ မမှန်ပါဘူး။ လွဲ‌နေပါတယ်။ သူတို့‌ရွေးချယ်လိုက်သူ‌တွေ ဘယ်လို လက်‌တွေ့ပြုမူ‌ဆောင်ရွက်‌နေသလဲ၊ သူတို့ဟာ ပြည်သူ‌တွေရဲ့ ‌မျှော်မှန်းချက်‌တွေ – လိုလားချက်‌တွေ – ဆန္ဒ‌တွေကို ဘယ်လိုနည်းနာ‌တွေနဲ့ လက်‌တွေ့‌ဆောင်ရွက်‌နေကြသလဲ – ဘယ်လို ချို့ယွင်း တိမ်း‌စောင်းမှု‌တွေရှိ‌နေသလဲ။ ဒါ‌တွေကို မျက်ခြည်မပြတ် ‌လေ့လာအကဲခတ်ပြီး လိုအပ်သလို ‌ဝေဖန်ကြီးကြပ် တည့်မတ်‌ပေးဖို့ မဲ‌ပေးသူ ပြည်သူ‌တွေမှာ တာဝန်ဆက်ရှိ‌နေပါတယ်။ ဒီတာဝန်ဟာ မဲ‌ပေးတာထက် ပိုပြီး အ‌ရေးကြီးပါတယ်။

ပြည်သူ‌တွေက ‌မျှော်လင့်ချက်နဲ့ အားကိုးတကြီး မဲ‌ပေး‌ရွေးချယ်ခဲ့သူ‌တွေဟာ “၂၀၀၈ အ‌ခြေခံဥပ‌ဒေ‌ဘောင် ထဲမှာ – စည်းကမ်းပြည့်ဝတဲ့ဒီမိုက‌ရေစီ‌ဘောင်”ထဲမှာ သမရိုးကျနည်း‌တွေနဲ့ ‌လှေကြီးထိုးရိုးရိုးပဲ၊ “လည်စင်းငုံ့ခံ – သင့်မြတ်ရန်”ဆိုပြီး “ပြုသမျှ – နု‌နေ”ရင်‌တော့ မဲ‌ပေးသူပြည်သူ‌တွေက လိုအပ်ရင်လိုအပ်သလို ကြိမ်တံဖျာနဲ့ အဆက်မပြတ် တို့ – တို့ ‌ပေး‌နေဖို့ မလွဲမ‌သွေ လိုအပ်ပါတယ်။ ဒါ ပြည်သူ‌တွေရဲ့ တာဝန်ပါ။

တန်းတူရည်တူ ညှိတာနှိုင်းတာကို ပြည်သူ‌တွေက ‌ယေဘုယျအားဖြင့် လက်ခံ‌ပေမယ့် တဖက်သတ် အညံ့ ခံ အ‌လျှော့‌ပေး‌နေတာမျိုးကို‌တော့ တာရှည် သည်းမခံနိုင်ပါဘူး။ “ပြည်သူ‌တွေ မနာကျင်ရတဲ့နည်း (ဝါ) ပြည်သူ ‌တွေ အထိအခိုက် အနည်းဆုံးနည်း”ဆိုတာ ကြားရတာ နားဝင်ပီယံ ရှိလှပါတယ်။ ဒါ‌ပေမယ့် ဒီက‌နေ့အထိ ပြည်သူ ‌တွေ ဖြတ်သန်းလာခဲ့၊ ဖြတ်သန်း‌နေဆဲ ဒီမိုက‌ရေစီရရှိ‌ရေး သမိုင်းလက်‌တွေ့စာမျက်နှာများမှာ‌တော့ ပြည်သူ‌တွေရဲ့ ‌သွေး‌ချွေးမျက်ရည်‌တွေ အသက်အိုးအိမ် စည်းစိမ်‌တွေ မထိခိုက်ဘဲ ရရှိလာတဲ့ ‌အောင်ပွဲ၊ အဆင့်၊ ရလဒ် ဆိုတာ မရှိ ဖူး‌သေးပါဘူး။

ပြည်သူ‌တွေက မျက်ခြည်မပြတ် ‌စောင့်ကြည့်‌နေရမှာနဲ့ ပြတ်ပြတ်သားသား ‌ဝေဖန်ကြီးကြပ်ရမှာက ပြည် တွင်းစစ်ကို ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်း‌ရေး ဘယ်လိုတည်‌ဆောက်မလဲ။ စစ်မှန်တဲ့ ဒီမိုက‌ရေစီနဲ့ စစ်မှန်တဲ့ ပြည်‌ထောင်စုကို ဘယ်လိုနည်းလမ်းနဲ့ တည်‌ဆောက်မလဲ။

– ၂၁ ရာစုပင်လုံက‌နေ တဆင့် ၂၀၀၈ အ‌ခြေခံဥပ‌ဒေကို ဘယ်လိုနည်းလမ်းနဲ့ ပြင်ဆင်မှာလဲ။
– ပြည်သူ‌တွေရဲ့ ‌နေ့စဉ်ဘဝ စားဝတ်‌နေ‌ရေးနဲ့ ကျန်းမာ‌ရေး၊ ပညာ‌ရေးကို ဘယ်လိုတည်‌ဆောက်မလဲ ဆိုတဲ့အချက် ‌တွေပါပဲ။

မကြာမီ ‌ပေါ်‌ပေါက်လာ‌တော့မယ် အစိုးရနဲ့လွှတ်‌တော်‌တွေကို ဒီအချက်‌တွေနဲ့ ‌ဒေါက်‌ထောက်ကြည့်ပြီး ‌ရှေ့ခရီးဆက်ကြရလိမ့်မယ်လို့ ယူဆပါတယ်။ ‌ရွေး‌ကောက်ပွဲအကြိုမဲဆွယ်ကာလက “အ‌ပြောအဆို‌တွေ”ကို အစိုးရ ဖြစ်လာတဲ့အခါ ပြုမူ‌ဆောင်ရွက်တဲ့ “လက်‌တွေ့လုပ်ရပ်”နဲ့ ချိန်ထိုးဆန်းစစ် ‌ဝေဖန်အကဲဖြတ်ကြရမှာပါ။