Home သတင်း ‌ကော့ကရိတ်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး‌နောက် တပ်မ‌တော်နှင့် BGF တို့ နယ်‌မြေစိုးမိုး‌ရေး‌ဆောင်ရွက်

‌ကော့ကရိတ်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး‌နောက် တပ်မ‌တော်နှင့် BGF တို့ နယ်‌မြေစိုးမိုး‌ရေး‌ဆောင်ရွက်

6165
Photo: Nay Naw

စက်တင်ဘာ ၈ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်။

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်‌နေ့က ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ ပြီး‌နောက် တပ်မ‌တော် နှင့် နယ်ခြား‌စောင့်တပ် (BGF) တပ်ဖွဲ့တို့မှ နယ်‌မြေစိုးမိုး‌ရေး ‌ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

ဩဂုတ်လ (၃၀)ရက်‌နေ့ကက မြဝတီ-‌ကော့ကရိတ် ကားလမ်း‌ဟောင်း အလယ်ဘို တဲအနီး ဆက်သွယ် ‌ရေးစခန်းကုန်းရှိ တပ်မ‌တော်သား ၂ ဦး ပစ်သတ်ခံရပြီး အ‌လောင်း ‌အောက် မိုင်း‌ထောင်ထား၍ မိုင်း‌ပေါက်ကွဲမှု‌ကြောင့် တပ်မ‌တော်‌ဆေးတပ်မှ ဗိုလ်ကြီး (၁)ဦး အပါအဝင် တပ်မ‌တော်သား ၃ဦး ထပ်မံ ‌သေဆုံးခဲ့ပြီး ၆ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ယင်းကဲ့သို့ ဖြစ်ပွားပြီး‌နောက် တပ်မ‌တော်နှင့် နယ်ခြား‌စောင့်တပ်(BGF)တို့မှ နယ်‌မြေရှင်းလင်း‌ရေးများ ‌ဆောင်ရွက်ရာ ယင်း‌နေရာအနီးရှိ ‌ကျေးရွာများတွင် တပ်စွဲထား‌သော လက်နက်ကိုင်တပ်ဖွဲ့များနှင့် တိုက်ပွဲငယ်အသွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။

၎င်းအပြင် ‌ကော့ကရိတ်မြို့ အမှတ်(၇)ရပ်ကွက် တံတားဦးရပ်ရှိ ‌လောင်းကစားရုံအား ပိတ်သိမ်းမှုဖြစ်စဉ်မှ အစပြု၍ မြို့အနီး (၁)နာရီဝန်းကျင်ခန့် အကြာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု နယ်ခြား‌စောင့် တပ်တာဝန်ရှိသူများက ‌ပြောသည်။

ထိုသို့‌သော ပစ်ခတ်မှုဖြစ်စဉ်များ ဖြစ်ပွားပြီး‌နောက် တပ်မ‌တော်နှင့် နယ်ခြား‌စောင့်တပ် အပါအဝင် ရဲတပ်ဖွဲ့ဝင်များနှင့် ‌ဒေသအုပ်ချုပ်‌ရေးပိုင်းမှ စက်တင်ဘာလ ၅ ရက်‌နေ့မှ စတင်၍ ‌ကော့ကရိတ်မြို့တွင်း ညစဉ် လှည့်ကင်းများ ‌ဆောင်ရွက်မှုများရှိ‌နေသလို ‌နေ့ဘက်တွင်လည်း နယ်‌မြေစိုးမိုး‌ရေးအတွက် လုံခြုံ‌ရေး‌ဆောင်ရွက်လျက်ရှိ‌ကြောင်း ကရင်ပြည်နယ် နယ်ခြား‌စောင့်တပ် (BGF) တပ်နယ် (၃)မှ ဗိုလ်မှူးခင်‌မောင်ဝင်းက ယခုလို ‌ပြောသည်။

Photo: Nay Naw

“ပြီးခဲ့တဲ့ရက်ပိုင်းက ပစ်ခတ်မှု‌တွေဖြစ်ခဲ့ပြီး ပြည်သူ‌တွေလည်းစိုးရိမ်စိတ်‌တွေဖြစ်‌နေကြတယ်‌ပေါ့။ ဒါ‌ကြောင့်ပြည်သူ‌တွေစိတ် ‌အေးချမ်းသာစွာနဲ့ စိတ် ချမ်းသာစွာ အိပ်စက်နှိုင်‌စေဖို့၊ စိုးရိမ်ထိတ်လန့်မှု‌တွေမရှိဖို့နဲ့ အသက်အိုးအိမ်စည်းစိမ်
လုံခြုံဖို့အတွက်ကျ‌နော်တို့ တပ်မ‌တော်၊ ရဲတပ်ဖွဲ့နဲ့ နယ်ခြား‌စောင့်တပ်‌တွေ‌ပေါင်းပြီး ညစဉ် ၈ နာရီအချိန်က‌နေ မိုးလင်းတဲ့အထိ ‌နေ့တိုင်း ‌ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ၎င်းက ‌ပြောသည်။

မြို့တွင်းလုံခြုံ‌ရေး‌ဆောင်ရွက်မှုများအပြင် နယ်‌မြေစိုးမိုး‌ရေးအတွက် ‌ကော့ကရိတ်မြို့ ‌မြောက်ဘက်ခြမ်း ရှိ ထီဖိုးစံ၊ ‌ကောင်းမှုရွာ၊ ရန်ကုတ်ရွာနှင့် ပျားပင်ကုန်း ‌ကျေးရွာများ ဘက်တွင် တပ်မ‌တော်နှင့် နယ်ခြား‌စောင့်တပ်(BGF)တပ်ဖွဲ့တို့မှ နယ်‌မြေစိုးမိုး ‌ရေးအ တွက် တပ်စခန်းများချထားပြီး နယ်‌မြေရှင်းလင်း‌ရေး ‌ဆောင်ရွက်လျက်ရှိ‌ကြောင်း နယ်ခြား‌စောင့်တပ် တာဝန်ရှိသူများက ‌ပြောသည်။

‌ကောင်းမှုရွာသားတစ်ဦးက “အဲလိုရှင်းလင်း‌ရေးလုပ်‌တော့ ‌ကောင်းတာ‌ပေါ့။ ကျ‌နော်တို့ ရွာသား‌တွေ အ‌နေနဲ့ စိုးရိမ်ချက်‌တွေက ရှိ‌သေး‌ပေမယ့်လည်း ဟိုး ၂၀၁၂-၁၃-၁၄ တုန်း ကလို တိုက်ပွဲ‌တွေ ပြင်းပြင်း ထန်ထန် မရှိ‌တော့လို့ နည်းနည်း စိတ်‌အေးရတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ နယ်‌မြေရှင်းလင်း‌ဆောင်ရွက်ရာတွင် ‌ကော့ကရိတ်-မြဝတီလမ်း ‌ဟောင်း တစ်ဝိုက်ရှိ ကရင်လက် နက်ကိုင်အဖွဲ့အချို့၏ ယာယီအ‌ခြေပြု တပ်စခန်းအချို့အား တပ်မ‌တော်နှင့် ကရင်နယ်ခြား‌စောင့်တပ်ဖွဲ့ (BGF) ပူး‌ပေါင်းအဖွဲ့က မီးရှို့ ဖယ်ရှားရှင်းလင်းခဲ့သည်ဟု လက်နက်ကိုင်အဖွဲ့ဘက်က ‌ပြောသည်။