Home COVID-19 မြဝတီမြို့၌ ကိုဗစ်ကာလဖွင့်လှစ်သည့် အနှိပ်ခန်းအား သက်ဆိုင်ရာမှ ဝင်‌ရောက်ဖမ်းဆီး

မြဝတီမြို့၌ ကိုဗစ်ကာလဖွင့်လှစ်သည့် အနှိပ်ခန်းအား သက်ဆိုင်ရာမှ ဝင်‌ရောက်ဖမ်းဆီး

2233

စက်တင်ဘာ ၈ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

Covid-19 အ‌ရေး‌ပေါ်ကာလ ကန့်သတ်ထားချိန်အတွင်း ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၄)ရပ်ကွက် သစ္စာလမ်းရှိ ဖွင့်လှစ်ထား‌သော အနှိပ်ခန်း တစ်ခုအား မြဝတီခရိုင်ရဲတပ်ဖွဲ ့နှင့် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်‌ရေးအဖွဲ့က ဝင်‌ရောက် ဖမ်းဆီးခဲ့‌ကြောင်း သိရသည်။

ထုတ်ပြန်ထားသည့် တားမြစ်ချက်အား လိုက်နာမှုမရှိဘဲ အနှိပ်ခန်းဆိုင်ဖွင့်လှစ်ထားရှိ‌ကြောင်း သိရှိရသဖြင့် မြဝတီမြို့ မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်‌ရေးတာဝန်ရှိသူများမှ မြဝတီမြို့ အမှတ်(၄)ရပ်ကွက်၊ သစ္စာလမ်းရှိ Lucky Seven အနှိပ်ခန်းဆိုင်အား သတင်းအရ သက်‌သေများနှင့်အတူ ယမန်‌နေ့ (စက်တင်ဘာလ ၇ရက်) ည ၁ဝ နာရီ‌ကျော်အချိန်တွင် ဝင်‌ရောက်စစ်‌ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဝင်‌ရောက် စစ်‌ဆေးဖမ်းဆီရာတွင် ဆိုင်အတွင်းရှိ ‌ကောင်တာ၌ ဆိုင်ပိုင်ရှင်ဖြစ်သူ မနန်းခင်လင်းကြိုင်အား အသင့်‌တွေ့ရှိပြီး ဆိုင်၏ဒုတိယထပ်တွင်( B-1/B-2/B-3/B-4) အခန်း(၄)ခန်းအား စစ်‌ဆေး‌တွေ့ရှိခဲ့သည်။ အဆိုပါ အခန်း(၄)ခန်းအနက် အခန်း(B-4)အတွင်း ဆိုင်ဝန်ထမ်း မ‌နွေဦး (၂၅) နှစ်၊ လာ‌ရောက်အနှိပ်ခံသူ ကို‌အောင် (၃၁) နှစ်နှင့် ကို‌အောင်နှင့်အ‌ဖော်လိုက်ပါသူ ကိုမိုး ၃၂ နှစ်တို့ကို စစ်‌ဆေး‌တွေ့ရှိရပြီး ၎င်းအနှိပ်ခန်းအတွင်းမှ သက်‌သေခံပစ္စည်းများကိုပါ သက်‌သေများ‌ရှေ့တွင် သိမ်းဆည်းခဲ့သည်ဟု မြဝတီမြို့မ ရဲစခန်းမှ သိရသည်။

မြို့နယ်သဘာဝ‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ‌ကော်မတီအဖွဲ့ဝင်ဖြစ်သူ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်‌ဌေး၏ ညွှန်ကြား မှုဖြင့် COVID-19 ကူးစက်‌ရောဂါဖြစ်ပွား‌နေသည့် ကာလအတွင်း ‌ရောဂါကူးစက်မှုအား တားဆီးနိုင်ရန် ထုတ်ပြန်ထားသည့် တားမြစ်ချက်အား လိုက်နာမှုမရှိဘဲ အနှိပ်ခန်းဆိုင်ဖွင့်လှစ်လုပ်ကိုင်သူ မနန်းခင်လင်းကြိုင်၊ (၃၇)နှစ်၊ သစ္စာလမ်း၊ အမှတ် (၄)ရပ်ကွက်၊ မြဝတီမြို့‌နေသူနှင့် အနှိပ်လုပ်သမ မ‌နွေဦး၊ လာ‌ရောက်အနှိပ်ခံသူ ကို‌အောင် နှင့် ကိုမိုးဆိုသူတို့(၄)ဦးအား မြဝတီမြို့မရဲစခန်းမှ (ပ) ၄၈၉/၂၀၂ဝ သဘာဝ‌ဘေးစီမံခန့်ခွဲမှုဥပ‌ဒေ ပုဒ်မ ၂၅/၃၀(က) တို့ဖြင့် အမှုဖွင့် အ‌ရေးယူထား‌ကြောင်း သိရသည်။