Home သတင်း မြဝတီမြို့ Quarantine စခန်း ၂ ခုမှ ‌ရွှေ့‌ပြောင်းမြန်မာလုပ်သား ၅ဝဦးခန့် အစာအဆိပ်သင့်မှု ဖြစ်ပွား

မြဝတီမြို့ Quarantine စခန်း ၂ ခုမှ ‌ရွှေ့‌ပြောင်းမြန်မာလုပ်သား ၅ဝဦးခန့် အစာအဆိပ်သင့်မှု ဖြစ်ပွား

2390
Photo: Nay Naw

ဇူလိုင် ၂ဝ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၄)ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် Quarantine စခန်း ၂ ခုမှ ထိုင်းပြန်မြန်မာ လုပ်သား ၅ဝ ဦးခန့်မှာ အစာအဆိပ်သင့်မှုဖြစ်ပွားပြီး မြဝတီခရိုင်ပြည်သူ့‌ဆေးရုံတွင် ‌ဆေးဝါးကုသမှု ခံယူ‌နေရ သည်ဟု သိရသည်။

ဇူလိုင်လ ၁၉ ရက် ညဦးပိုင်းက ‌ရွှေမြဝတီ‌ဈေးသစ် Quarantine စခန်းမှ ထိုင်းပြန်မြန်မာလုပ်သား ၄၆ ဦးနှင့် ‌ကျောက်လုံးကြီးစခန်းမှ ၃ ဦး စုစု‌ပေါင်း ၄၉ ဦးခန့်မှာ အစာအဆိပ်သင့်မှုဖြစ်ပွားသည့် ‌ရောဂါလက္ခဏာများ ဖြစ်၍ မြဝတီခရိုင် ပြည်သူ့‌ဆေးရုံကြီးသို့ ပို့‌ဆောင်‌ပေးရသည်ဟု တာဝန်ရှိသူများက ‌ပြောသည်။

‌ရွှေမြဝတီ‌ဈေးသစ် Quarantine စခန်းမှာ Volunteer အဖြစ် ကျန်းမာ‌ရေး‌စောင့်ကြည့်‌ပေးလျက်ရှိ‌သော ‌ဒေါက် တာ ‌စော‌ဌေးမြင့်က“ ဒီလို အစာအဆိပ်သင့်မှုဖြစ်ပွားတာကို ဇူလိုလ ၁၉ ရက်‌နေ့ ၊ ည‌နေ ၅ နာရီခန့်မှာ မူး‌ဝေ ‌အော့အန်ပြီး ဝမ်း‌လျှောဝမ်းပျက်ဖြစ်ကြသူများ လာ‌ရောက်‌ပြောကြားလို့ စတင်သိရှိရပြီး ‌ဆေးရုံသို့ပို့ ‌ဆောင်၍ ‌ဆေးဝါကူသမှု ခံယူ‌စေခဲ့ပါတယ်။ စိုးရိမ်စရာ အ‌ခြေအ‌နေ‌တော့ မရှိပါဘူး။ ပြန်လည်သက်သာ၍စခန်းသို့ ပြန် လည်‌နေထိုင်ကြသူ‌တွေလည်းရှိပါတယ်” ဟု ‌ပြောသည်။

မြဝတီမြို့ ပြည်သူ့‌ဆေးရုံသို့ ‌ရောက်ရှိလာသည့် လူနာများထဲတွင် ‌ရွှေမြဝတီ‌ဈေး Quarantine စခန်းမှ လူနာ အများစုသည် ည‌နေစာ စားပြီးချိန်တွင် အစာအဆိပ်သင့် လက္ခဏာ ဖြစ်ပွားခြင်းဖြစ်သည်။ သို့‌သော် ‌ကျောက် လုံးကြီး စခန်းမှ ‌ရောက်ရှိလာသူ သုံးဦးသည် ည‌နေစာ မစားရ‌သေး‌သော်လည်း အစာအဆိပ်သင့် လက္ခဏာ ဖြစ်ပွားသည့်အတွက် အစာအဆိပ်သင့်မှုသည် မည်သည့်အတွက်‌ကြောင့် ဖြစ်သည်ကို ကျန်းမာ‌ရေးဌာနက စိစစ်ဆဲဖြစ်‌ကြောင်း မြဝတီမြို့မှ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ဦးသန့်ဇင်‌အောင်က ‌ပြောသည်။

မြဝတီနယ်စပ် ထိုင်း-မြန်မာ အမှတ် ၂ တံတားမှတဆင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ‌မေလ ၂၃ ရက်‌နေ့ မှ ယမန်‌နေ့ ဇူလိုင်လ ၁၉ ရက်‌နေ့ထိ ဒုတိယအကြိမ် ပြန်လည်ဝင်‌ရောက်လာသူ ‌နေရပ်ပြန်မြန်မာလုပ်သား (၅၀,၀၀၀)ခန့် ရှိပြီဖြစ်သည်။

၎င်းတို့အား ပြည်နယ်နှင့်တိုင်းအလိုက် အစိုးရချင်းချိတ်ဆက်၍ ပို့‌ဆောင်‌ပေးမှုများရှိသလို မြဝတီနယ်စပ်တွင် Quarantine စခန်း ၈ ခု ခန့်ဖွင့်ထားပြီး ၂၁ ရက်ထားရှိကာ ကျန်းမာ‌ရေး‌စောင့်ကြည့်မှုများ ပြုလုပ်လျက်ရှိ ‌ကြောင်း သိရသည်။ လက်ရှိ ‌ရွှေမြဝတီ‌ဈေး Quarantine စခန်းတွင် ထိုင်းပြန်မြန်မာလုပ်သား ၅၀ဝ ဦးခန့် ရှိ‌ကြောင်း သိရသည်။