ဧပြီ ၂၄ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ နေနော်
ကရင်ပြည်နယ် မြဝတီမြို့တွင် Covid-19 ကူးစက်မြန်ရောဂါထိန်းချုပ်ကာကွယ်ရေး၌ အဓိကကျသော လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် မြဝတီမြို့ရှိ ဈေးကြီးများမှ ပျံကျဈေးသည်များကို ခွဲထုတ်၍ သတ် မှတ်ထားသော ယာယီပျံကျဈေးနေရာများတွင် ယနေ့ (ဧပြီ ၂၄ ရက်) နံနက်ပိုင်းက စတင်ရောင်းချ နေပြီး ဖြစ်ကြောင်းသိရသည်။
“နိုင်ငံတော်က သတ်မှတ်ထားတဲ့ Covid-19 အရေးပေါ်ကာလမှာ လူစုလူဝေး မဖြစ်ပေါ်စေရေးအ တွက် မြဝတီမြို့နယ်စည်ပင် သာယာရေးအပိုင်ဈေးများရှိ ပျံကျဈေးသည်တွေကို ခွဲထုတ်ပြီး နေရာ ၅ ခုမှာ ယာယီပျံကျဈေးများ ပြုလုပ်ပေးတယ်။ ဒီနေ့ ဧပြီလ ၂၄ ရက်နေ့မှစပြီးတော့ ပြောင်းရွှေ့ရောင်း ချစေခဲ့တယ်”ဟု မြဝတီမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းရွှေက ပြောသည်။
ထိုသို့ ယာယီပြောင်းရွှေ့ရောင်းချရာတွင် ဘုရင့်နောင်ဈေးကြီးမှ ပျံကျဈေးသည်များကို မြစန္ဒီ ပန်းခြံ ကွင်းတွင် လည်းကောင်း၊ ညဈေးမှ ပျံကျဈေးသည်များကို မြို့မအားကစားကွင်းတွင် လည်းကောင်း၊ အမှတ် ၃ ရပ်ကွက်ရှိ (ကြံခင်းဈေး)မှ ပျံကျဈေးသည်များကို ဓိဌာန်အောင်ဘုရားကွင်း အတွင်း၌ လည်းကောင်း၊ သဃင်္န်းညီနောင်မြို့သစ်ဈေးမှ ပျံကျဈေးသည်များကို သဃင်္န်းညီနောင် ဘောလုံးကွင်း တို့တွင်လည်းကောင်း အသီးသီးပြောင်းရွှေ့ရောင်းချစေပြီး အမှတ် ၅ ကျွန်းတောဈေးတွင် ပျံကျဈေး သည်များကို ၆ ပေအကွာ နေရာချ၍ ရောင်းချစေခြင်းဖြင့်လည်းကောင်း ဆောင်ရွက်ထားကြောင်း ဦးသန်းရွှေ ဆက်ပြောသည်။
“တစ်ချို့ဈေးသည်တွေက နေရာဟောင်းမှာပဲ ရောင်းနေရလို့ အဆင်ပြေနိုင်ပေမယ့် မူလဈေးကြီးကနေ ခွဲ ထုတ်ခံရပြီး နေရာသစ်မှာ ရောင်းချနေရတဲ့ ဈေးသည်တစ်ချို့ကတော့ ဒီလို ယာယီပျံကျဈေးမှာ ရောင်းနေတာကို ယခင်ဖောက်သည်ဟောင်းတွေက မသိသေးတော့ ဈေးရောင်းရတာ အရင်လို ရောင်း အားမကောင်းဘူးပေါ့။ ဈေးဦးပေါက်ဖို့တောင် အနိုင်နိုင်ပါပဲ”ဟု မြဝတီမြို့ ဘုရင့်နောင် ဈေးကြီးမှခွဲ ထုတ်၍ အမှတ် ၄ရပ်ကွက် မြစန္ဒီပန်းခြံရင်ပြင် ယာယီပျံကျဈေး၌ ပြောင်းရွှေ့ရောင်းချနေသော ဈေး သည်တစ်ဦးက ပြောသည်။

အဆိုပါ ယာယီဈေးများတွင် ဈေးသည်များ အဆင်ပြေစွာ ရောင်းချနိုင်ရေးအတွက် ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူ များက လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိသလို မြို့နယ်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းရွှေ၊ အဖွဲ့ဝင် ဦးစိန်သောင်းနှင့် ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှု ဆောင်အရာရှိ ဦးစောရောဘတ်ထူးနှင့် ဝန်ထမ်းများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၎င်းအပြင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဧပြီလ ၂၂ရက်နေ့က ထုတ်ပြန်ထားသည့် အမိန့်ကြေညာစာအ မှတ်(၅/၂၀၂၀)အရ ကရင်ပြည်နယ်တဝှမ်းရှိ စည်ပင်သာယာရေးအပိုင်ဈေးများတွင် အခြေခံစား သောက်ကုန်အရောင်းဆိုင်နှင့် ဆေးဝါးပစ္စည်းရောင်းချသည့်ဆိုင်များမှအပ အခြားပစ္စည်းများရောင်းချ သည့် ဆိုင်များအားလုံးကို ဧပြီလ ၃ဝ ရက်နေ့ထိ ယာယီပိတ်သိမ်းထားရန် ထုတ်ပြန်ကြေညာထား ကြောင်း သိရသည်။
သို့သော် နိုင်ငံတော်မှ Covid-19 ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် သတ်မှတ်ထားသည့် ညွှန် ကြားချက်များကို လိုအပ်ချက်အရ မူလ ဧပြီလ ၃ဝ ရက်မှ မေလ ၁၅ ရက်နေ့ထိ ထပ်တိုးဆောင်ရွက်ရန် ညွှန်ကြားချက်ရှိနေသည့်အတွက် ကရင်ပြည်နယ် တဝှမ်းနှင့် မြဝတီမြို့နယ် စည်ပင်သာယာရေးအပိုင် ဈေးများတွင် စားသောက်ကုန်နှင့် ဆေးဝါးပစ္စည်းရောင်းချသည့် ဆိုင်များမှအပ အခြားပစ္စည်းများ ရောင်းချသည့် ဆိုင်များအနေဖြင့် မေလ ၁၅ ရက်နေ့ထိ ရောင်းချခွင့် ယာယီပိတ်ထားဖွယ်ရှိကြောင်း မြ ဝတီမြို့ရှိ ဈေးသည်တစ်ချို့က ပြောဆိုနေကြသည်။



















