Home သတင်း တပ်မ‌တော်က NCAကို ချိုး‌ဖောက်ပြီး ပြည်သူလူထုကို ဆက်လက်တိုက်ခိုက်‌နေဆဲဟု သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ်‌ကော်မတီ ‌ပြော

တပ်မ‌တော်က NCAကို ချိုး‌ဖောက်ပြီး ပြည်သူလူထုကို ဆက်လက်တိုက်ခိုက်‌နေဆဲဟု သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ်‌ကော်မတီ ‌ပြော

4935
Photo: Salween Peace Park

ဧပြီ ၂၄ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌ကေအိုင်စီ

မြန်မာ့တပ်မ‌တော်မှ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ‌ရေးသ‌ဘောတူစာချုပ်-NCAကို ချိုး‌ဖောက်ပြီး ပြည်သူလူထု များကို တိုက်ခိုက်မှုများ ဆက်လက်လုပ်‌ဆောင်‌နေဆဲဖြစ်‌ကြောင်း သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ်‌ကော်မတီက ထုတ်ပြန်‌ပြောဆိုလိုက်သည်။

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတ‌ရော်(ဖာပွန်)ခရိုင် (တပ်မဟာ ၅) ၊ လူ‌သောမြို့နယ်ထဲတွင် ယခင်လ မတ်လ ၃၁ ရက်‌နေ့က ပစ်သတ်ခံခဲ့ရ‌သော ‌စောသက်မီး၏ ‌အောက်‌မေ့ဖွယ်အတွက် ယမန်‌နေ့ ဧပြီလ ၂၃ ရက်‌နေ့က ထုတ်ပြန်သည့်စာ၌ ထိုသို့ ‌ဖော်ပြထားခြင်းဖြစ်သည်။

တပ်မ‌တော်အ‌နေဖြင့် အပစ်ခတ်ရပ်စဲ‌ရေး စည်းမျဉ်းစည်းကမ်းများကို မချိုး‌ဖောက်ဘဲ ‌ဒေသတွင်းတင်း မာမှုများကို အကြမ်းမဖက်‌သောနည်းလမ်းနှင့် မှန်ကန်‌သောစိတ်ထားဖြင့် ‌ဖြေရှင်းခဲ့လျှင် ပြည်သူ‌နောက် ထပ်တစ်ဦး ထပ်မံဆုံးရှုံးရမည့် အဖြစ်ကို ‌ရှောင်လွဲနိုင်မည်ဖြစ်‌ကြောင်း ဆိုသည်။

သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ်‌ကော်မတီ၏ ‌ပြောခွင့်ရ ‌နော်ဆာမူးက “‌နွေရာသီလိုပွင့်လင်းရာသီ‌ရောက်ပြီးဆိုရင် စစ်တပ်က မူတ‌ရော် ‌ဒေသမှာ သူတို့ရဲ့ တပ်လှုပ်ရှားမှု‌တွေ ပိုလုပ်လာ‌လေ့ရှိတယ်။ အထူးသဖြင့် လမ်း‌ဖောက် လုပ်တဲ့ကိစ္စလို‌ပေါ့။ ဒါ‌ကြောင့် ကျမတို့‌ပြောသလိုပဲ သူတို့ လက်မှတ်ထိုးထားတဲ့ NCA အပစ်ရပ် စာချုပ်ကို သူတို့ မ‌လေးစားဘူး။ ဆိုလိုတာက အဲ့‌ဒေသက ‌ဒေသခံလူထု‌တွေရဲ့ တန်ဘိုးကို အ‌လေးမထားတာပါပဲ။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌သေဆုံးသွားသူ ‌စောသက်မီးဆိုသူသည် မူတ‌ရော်ခရိုင်၊ လူ‌သောမြို့နယ်၊ ထီး‌ဘောခီးရွာသားဖြစ်ပြီး ပြီးခဲ့သည့် မတ်လ ၃၁ရက်‌နေ့က ‌စောနွယ်ပ‌လောကွင်းရှိ တပ်မ‌တော်မှ ‌ဖောက်လုပ်ထားသည့် လမ်းကို ဖြတ်ကူးစဉ် တပ်မ‌တော်၏ ပစ်ခတ်ခြင်းကို ခံခဲ့ရပြီး‌နောက်‌သေဆုံးသွားခဲ့ပြီး ယ‌နေ့အချိန်အထိ အ‌လောင်းရှာမ‌တွေ့ဘဲ ‌ပျောက်ဆုံးသွားခဲ့‌ကြောင်း ‌ဒေသတွင်း တာဝန်ရှိသူများက ဆိုထားသည်။

ထို့အပြင် သူသည် ဌာ‌နေကရင်တိုင်းရင်းသားများ စီမံအုပ်ချုပ်‌သော “‌ကော်” ဓ‌လေ့ ရိုးရာ ‌မြေ ထိန်းသိမ်း ကာကွယ်‌ရေးနှင့် ‌ကျေရွာပိုင် ဘုံသစ်‌တောများတွင် ပါဝင်လုပ်ကိုင်‌နေသူဖြစ်သလို လူ‌သောခို‌ကျေးရွာ ပိုင်ဘုံ သစ်‌တော၏ ဒု-ဥက္ကဋ္ဌနှင့် “‌ကော်‌သေဂူ” ဓ‌လေ့ရိုးရာ‌မြေ စီမံခန့်ခွဲ‌ရေး ‌ကော်မတီ၏ အကြံ‌ပေးပုဂ္ဂိုလ်လည်း ဖြစ်‌ကြောင်း သံလွင်ငြိမ်းချမ်း‌ရေးဥယျာဉ် ‌ကော်မတီ၏ ဂုဏ်ပြု‌အောက်‌မေ့စာ၌ ‌ဖော်ပြပါရှိသည်။

သို့‌သော် ယင်းပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မ‌တော်ကာကွယ်‌ရေ ဦးစီးချုပ်ရုံး၏ ဧပြီလ ၂ရက်‌နေ့ ထုတ် ပြန်ထားချက်အရ လမ်းလုံခြုံ‌ရေး ‌ဆောင်ရွက်‌နေသည့် တပ်မ‌တော်စစ်‌ကြောင်းကို KNU တပ်ဖွဲ့ဝင်များမှ လက် နက်ကြီး လက်နက်ငယ်များဖြင့် လာ‌ရောက် ‌နှောင့်ယှက်ပစ်ခတ်သည့်အတွက် တပ်မ‌တော်စစ်‌ကြောင်းမှ ပြန်လည်ပစ်ခတ်ခဲ့အပြီး ရှင်းလင်းမှုပြုလုပ်စဉ် အရပ်ဝတ် ‌ကေအဲန်ယူ တပ်ဖွဲ့ဝင်တစ်ဦးနှင့်အတူ လက်နက်ခဲ ဖမ်းများ သိမ်းဆည်းရမိခဲ့‌ကြောင်း ‌ဖော်ပြထားသည်။

အလားတူ ပြီးခဲ့သည့် ၂၀၁၈ခုနှစ်၊ ဧပြီလ ၅ရက်‌နေ့တွင်လည်း‌ဒေသအတွင်း ဌာ‌နေတိုင်းရင်းသားများအခွင့် အ‌ရေး၊ ‌မြေယာနှင့် သစ်‌တော ကာကွယ်ထိန်းသိမ်း‌ရေးလုပ်ငန်းများတက်ကြွလှုပ်ရှားသူ ဌာ‌နေလူထု ‌ခေါင်း ‌ဆောင် လယ်မူပ‌လောရွာသား ‌စောအိုမူး ဆိုသူလည်း ဖာပွန်‌ဒေသ စစ်‌ဘေး‌ရှောင်များအတွက် ‌ဆေးဝါးနှင့် စားနှပ်ရိက္ခာကူညီ‌ပေး‌ရေးလုပ်ငန်းများ‌ဆောင်ရွက်‌နေစဉ် စစ်တပ်၏ ပစ်သတ်ခြင်းနှင့် အ‌လောင်း‌ဖျောက်ခံရမှု ဖြစ်စဉ်လည်းဖြစ်ပွားခဲ့‌သေးသည်ဟု သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ်‌ကော်မတီ တာဝန်ရှိသူများက ‌ပြောသည်။

‌ကေအဲန်ယူနှင့် မြန်မာအစိုးရတို့ သ‌ဘောတူ လက်မှတ်‌ရေးထိုးထား‌သော NCAစာချုပ်ပါ အခန်း(၃) အပိုဒ် ၉၏ အရပ်သားများကို ကာကွယ်‌ပေးခြင်း အပိုဒ်ခွဲ (ခ) အရ ပြည်သူလူထုအား လူတစ်ဦးတစ်‌ယောက်၏ ဂုဏ် သိက္ခာကို ထိပါး‌စေသည့် လုပ်ရပ်၊ အကြမ်းဖက်ခြင်း၊ ဥပ‌ဒေမဲ့ ဖမ်းဆီးချုပ်‌နှောင်ခြင်း၊ ပြန်‌ပေးဆွဲခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်း၊ လူသားမဆန်စွာပြုမှုခြင်း၊ အကျဉ်းချခြင်း၊သတ်ဖြတ်ခြင်းနှင့် ‌ဖျောက်ဖျက်ခြင်းမပြုလုပ်ရ ဟူ၍ပါရှိ သည်။

ထို့အပြင် အပိုဒ် (၉)၏ အပိုဒ်ခွဲ (ထ)အရလည်း အရပ်သားပြည်သူများ စိုးရိမ်‌ကြောင့်ကြမှုမရှိပဲ အပစ်ရပ် နယ် ‌မြေများအတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုရန်လည်း ‌ဖော်ပြပါရှိသည်။