နိုဝင်ဘာလ ၁၂ ရက်၊ ၂၀၁၈ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ဖားအံမြို့နယ်ရှိ တန် ၄၀၀ဝ မြိုင်ကလေး ဘိလပ်မြေစက်ရုံတွင် ကျောက်မီးသွေးစွမ်းအင် ဖြင့်လည်ပတ်ရန် ကျောက်မီးသွေးများ သယ်ယူသိုလှောင်ထားခြင်းကိစ္စကို ဆက်လက်မလုပ် ဆောင်ရန် ဒေသခံများက နိုဝင်ဘာလ ၁ဝ ရက်နေ့က သဘောထားထုတ်ပြန်၍ တောင်းဆိုလိုက်သည်။
ဒေသခံ သဘောထားမယူဘဲ အဆိုပါ စက်ရုံအတွက် ကျောက်မီးသွေးလောင်စာဖြင့် လည်ပတ်နိုင်ရန် ပြီးခဲ့သည့်လမှ စတင်ပြီး ကျောက်မီးသွေးများကို ဆိပ်ကမ်းမှတစ်ဆင့်ကားဖြင့် သယ်ယူရာမှာ ကားလမ်း ပေါ်တွင် ကျောက်မီးသွေးများ ဖိတ်ကျလျက်ရှိသောကြောင့် ကျောက်မီးသွေး သယ်ယူခြင်းကို ရပ်တန့် ပေးရန် ဒေသခံများက ယခုလိုတောင်းဆိုလိုက်ခြင်းလည်း ဖြစ်သည်။
ဒေသခံ တစ်ဦးဖြစ်သူ ကျွန်းတောကုန်းရွာသား ခွန်ပန်းလှိုင်က“သယ်တဲ့အချိန်မှာ ကားပေါ်က ကျလာ တဲ့ကျောက်မီး သွေးတုုံးတွေကို အနောက်ကားလာတော့ ကြိတ်မိပြီး ကျောက်မီးသွေး အမှုန့်တွေအကုန် ဖြစ်သွားတော့ လေတိုက်ရင် အနီးအနားမှာနေတဲ့သူတွေက အဲဒီအမှုန့်ကို ပြန်ရှူရတယ်။ လမ်းဘေးမှာ စာသင်ကျောင်းလည်းရှိတော့ ကလေးတွေအကုန်ရှူမိတယ်။ မိုးပြန်ရွာတဲ့အခါ အင်းအိုင်မှာ ကျောက်မီး သွေးအရည်မဲမဲတွေ ပြန်စီးဆင်းသွားတယ်။ အဲဒီအရည်တွေကို နွား၊ ဖား၊ ငါး စတဲ့ တိရိစ္ဆာန်တွေ သွား သောက်မိတဲ့အခါမှာ ဆိုးကျိုးဖြစ်မယ်ဆိုရင် အန္တရာယ်ဖြစ်လာမှာကို ကျနော်တို့ စိုးရိမ်နေရတယ်”ဟု ပြောသည်။
ထို့အပြင် ကျောက်မီးသွေး လောင်စာဖြင့် စွမ်းအင်ထုတ်ပြီး စက်ရုံလည်ပတ်မည့်ကိစ္စကို ရပ်တန့်ပေးရန် ဒေသခံများ ကန့်ကွက်နေသော်လည်း ရရှိမည်မဟုတ်သည့်အတွက် ကျောက်မီးသွေးအသုံးပြုသည့်အခါ တွင် ဒေသခံအတွက် လုံခြုံစွာအသုံးပြုပါက လက်ခံသင့်လျှင် လက်ခံမည်ဟု ခွန်ပန်းလှှိုင်က ဆက်လက် ပြောသည်။
အဆိုပါ ကျောက်မီးသွေးများကို သံလွင်မြစ်ကမ်းနံဘေး ဖိုးရှှိုးဆိပ်ကမ်းမှတစ်ဆင့် တန် ၄၀၀ဝ ထောင် ဘိလပ်မြေစက်ရုံအထိ ကားနှင့် သယ်ဆောင်ရာမှာ ဖိုးရှှိုး၊ ရွာလေး ကျွန်းတောကုန်းနှင့် ရေကျော် ကျေးရွာထဲတွင် ဖြတ်သန်းသွားရသောကြောင့် ရွာသားများမှ လက်ရှိအချိန်တွင် လမ်းမပေါ်သို့ ဖိတ်ကျ လာသည့် ကျောက်မီးသွေးအမှုန့်များကို ရှုရှိုက်နေရသည်ဟု ဒေသခံများက ဆိုသည်။
၎င်းကိစ္စနှင့်ပတ်သက်၍ ကေအိုင်စီမှ သက်ဆိုင်ရာ ဘီလပ်မြေစက်ရုံရှိ တာဝန်ရှိသူများကို မေးမြန်းရာ တွင် အထက်ကို တင်ပြပြီးမှသာ ပြန်လည်ဖြေကြားနိုင်မည်ဟု အကြောင်းပြန်ခဲ့ကြသည်။
မြိုင်ကလေးနှင့် လှာကာကျေးရွာ အုပ်စုနှစ်စုတွင် တစ်ရက်လျှင် တန် ၉၀ဝ ထုတ်လုပ်သော ဘိလပ်မြေ စက်ရုံ နှင့် တန် ၄၀၀ဝ ထုတ်လုပ်သော ဘိလပ်မြေစက်ရုံ နှစ်ရုံရှိပြီး ယခင် စစ်အစိုးရပိုင် လုပ်ငန်းဖြစ် သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း -MECမှ စတင်ထူထောင်ကာ စက်ရုံ၏ လည်ပတ်မှုမှာ နှစ်ပေါင်း ၂ဝ ကျော် ကြာမြင့်ပြီဖြစ်သည်။
စက်ရုံအတွက် အသုံးပြုမည့် ကျောက်မီးသွေးများကို ပြီးခဲ့သည့်လမှစတင်ပြီး ဖိုးရှှိုးဆိပ်ကမ်းမှ ဘိလပ်မြေစက်ရုံသို့ နှစ်ပတ်ကြာ ကားဖြင့် နေ့စဉ် သယ်ယူခြင်းများ ပြုလုပ်ရာတွင် ဒေသခံများ၏ ကန့်ကွက်မှုကြောင့် ယခုအချိန်တွင် ကျောက်မီးသွေးသယ်ဆောင်မှုကို ရပ်နားထားသည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။



















