Home သတင်း ၂၁ ရာစု ပင်လုံ တတိယ အစည်းအ‌ဝေးအတွက် ကရင်အမျိုးသားများအဆင်သင့်ဖြစ်ဟု ဆို

၂၁ ရာစု ပင်လုံ တတိယ အစည်းအ‌ဝေးအတွက် ကရင်အမျိုးသားများအဆင်သင့်ဖြစ်ဟု ဆို

2643
ကရင်အမျိုးသားနိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ ကျင်းပ‌ရေး‌ကော်မတီဝင် ပဒို‌စောလှထွန်း(Photo_KIC)

ဇွန်လ ၁၃ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး

မကြာမီ ကျင်းပရန်ရှိသည့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ ၂၁ ရာစု ပင်လုံ တတိယ အစည်းအ‌ဝေးတွင် တက်‌ရောက်‌ဆွေး‌နွေးရန် ကရင့်အမျိုးသားနိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲဆိုင်ရာ သ‌ဘောထားများ ပြန်လည်စု စည်းခြင်း နှင့် အတည်ပြုခြင်း အစည်းအ‌ဝေးပွဲပြုလုပ်ကာ ပြင်ဆင်ထားပြီးဖြစ်‌ကြောင်း ကရင်အမျိုးသားနိုင်ငံ‌ရေး ‌ဆွေး‌နွေး ပွဲ ကျင်းပ‌ရေး‌ကော်မတီဝင် တာဝန်ရှိသူများက ဆိုသည်။

KNU-ကရင်အမျိုးသားအစည်းအရုံး ၊ ဖားအံခရိုင် ၊ ‌လောခီးလာ (‌လေးဝါး) စခန်း၌ ဇွန်လ ၁ဝ ရက်မှ ၁၂ရက်‌နေ့ အထိပြုလုပ်ခဲ့သည့် အဆိုပါ အစည်းအ‌ဝေးပွဲတွင် ၂၁ ရာစု ပင်လုံ တတိယ အစည်းအ‌ဝေးအတွက် ‌ဆွေး‌နွေး သွားရမည့် ကဏ္ဍဆိုင်ရာ စာတမ်းအသီးသီးကို ညှိနှိုင်း‌ဆွေး‌နွေး အတည်ပြုချက်ရယူခဲ့ရယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ကရင်အမျိုးသားနိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ ကျင်းပ‌ရေး‌ကော်မတီဝင် ပဒို‌စောလှထွန်းက‌ပြောသည်။

၎င်းက “ဒီအမြင်သ‌ဘောထားစုစည်း ချက်နဲ့ အတည်ပြုခြင်းအစည်းအ‌ဝေးပွဲမှာ‌တော့ ကျ‌နော်တို့ နိုင်ငံ‌ရေးကဏ္ဍ ဆိုင်ရာစာတမ်း လူမှု‌ရေး၊ စီးပွား‌ရေး၊ ‌မြေယာနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍ‌တွေကို လာမယ့် UPC (ပြည် ‌ထောင်စုညီလာခံ) အတွက် ‌ဆွေး‌နွေးတင်သွင်းမယ့် စာတမ်း‌တွေကို အတည်ပြုရရှိခဲ့တယ်။ အဲ့ဒါကလည်း ကရင့်တစ်မျိုးသားလုံးရဲ့ ရပ်တည်ကိုင်စွဲတဲ့ တစ်မျိုးသားလုံးရဲ့ အမြင်သ‌ဘောထားကို ရယူစု‌ဆောင်းတဲ့ အချက် ‌တွေကို အတည်ပြုနိုင်ခဲ့ တာလည်းဖြစ်တယ်”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် တတိယပင်လုံအစည်းအ‌ဝေးတက်‌ရောက်မည့် ကရင့်တစ်မျိုးသားလုံးကို ကိုယ်စားပြုပြီး တက်‌ရောက် ‌ဆွေး‌နွေးမည့် ကိုယ်စားလှယ်များကိုပါ အစည်းအ‌ဝေးတွင် ‌ရွေးချယ်ခဲ့ပြီးဖြစ်‌ကြောင်းလည်း ပဒို‌စောလှထွန်း က ‌ပြောသည်။

သုံးရက်တာ အစည်းအ‌ဝေးပွဲတွင် ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ တနသင်္ာရီတိုင်း‌ဒေသကြီးနှင့် မွန်၊ ကရင်၊ ကရင်နီ(က ယား)ပြည်နယ်အသီးသီး၌ ပြုလုပ်ခဲ့သည့် လူမျိုးကိုအ‌ခြေခံ‌သော ‌ဒေသအလိုက် လူထု‌တွေ့ဆုံပွဲမှ နိုင်ငံ‌ရေး၊ လူမှု‌ရေး၊ စီးပွား‌ရေး၊ ‌မြေယာနှင့်သဘာဝပတ်ဝန်းကျင်၊ လုံခြုံ‌ရေး စသည့် ကဏ္ဍအလိုက် စုစည်းရရှိခဲ့သည့် သ‌ဘောထားစာတမ်းများကို ပြန်လည်အသိ‌ပေး‌ဆွေး‌နွေးကာ အစည်းအ‌ဝေးသို့ တက်‌ရောက်လာသည့် ကိုယ်စားလှယ်များမှ စုစည်းအတည် ပြုခဲ့ကြပြီး ‌ရှေ့လုပ်ငန်းစဉ် ဆုံးဖြတ်ချက်အချို့လည်းချမှတ်ခဲ့ကြသည်။

ထို့အတူ လက်ရှိ ‌ဆွေး‌နွေးအတည်ပြုနိုင်ခဲ့‌သော စာတမ်းများသည် ကရင့်တစ်မျိုးသားလုံးကို ကိုယ်စားပြုပြီး အာမခံနိုင်သည့် တင်ပြမှု ‌တောင်းဆိုမှုဖြင့် လိုချင်တည်‌ဆောက်ချင်သည့် ကရင်တစ်အမျိုးသားလုံး၏ ဆန္ဒဖြစ် သည့်အတွက် တစ်မျိုးသားလုံးအတွက် အ‌ရေးကြီးသည့် စာတမ်းဖြစ်သည်ဟုလည်း ပဒို‌စောလှထွန်းက ဆက် ‌ပြောသည်။

အဆိုပါ အစည်းအ‌ဝေးသို့ KNUမှ စစ်ဖက် အရပ်ဖက်‌ခေါင်း‌ဆောင်များ၊ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ ‌တော်(DKBA)၊ ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ (KNU/KNLA-PC )၊ နယ်ခြား‌စောင့်တပ်(BGF)စသည့် ကရင့် လက် နက်ကိုင်အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ ကရင်နိုင်ငံ‌ရေးပါတီကိုယ်စားလှယ်များ၊ ပြည်နယ်၊ တိုင်း‌ဒေ သကြီးအလိုက် ကိုယ်စားလှယ်များ၊ ဘာသာ‌ရေး‌ခေါင်း‌ဆောင်အချို့နှင့် ကရင်လူငယ်များအပါအဝင် စုစု‌ပေါင်း ကိုယ်စားလှယ် ၃၀ဝ ခန့်တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြသည်။

အမည်မ‌ဖော်လိုသူ ကိုယ်စားလှယ်တစ်ဦးက “လက်ရှိမှာ NCA ကိုအပျက်မခံပဲသွား‌နေရတာ။ NCAသာ ထိုးထား ရတယ်၊ တကယ်တမ်း‌တွေ့ကြုံရတာက မမျှမတဖြစ်တာတို့ NCAကို ချိုး‌ဖောက်တဲ့ကိစ္စ‌တွေကို သိသိကြီးနဲ့ ခံ‌နေ ကြရတယ်။ လက်ရှိမှာ တိုင်းရင်းသား‌တွေက NCAကို အပျက်မခံ‌တော့ သွားတဲ့အခါမှာ ကျ‌နော်တို့ကရင်အမျိုး သား‌တွေက ‌လော‌လောဆယ်သူတို့ရဲ့အ‌နေအထားကို ဝိုင်းပြီးပံ့ပိုး‌ပေးဖို့အ‌နေအထားနဲ့လာတာ။ တကယ်ဆိုရင် ကျ‌နော်တို့ရဲ့သ‌ဘောထားက NCAကို အယုံအကြည်မရှိခဲ့ဘူး။ အခုဆိုရင် နိုင်ငံ‌ရေးကဏ္ဍမှာ ဘာမှအ‌ရေး မကြီး တဲ့အချက်‌တွေကိုသာ ‌ဆွေး‌နွေးရမယ့်သ‌ဘော အဓိကကျတဲ့ အချက်‌တွေကို မ‌ဆွေး‌နွေးနိုင်‌သေး‌တော့ ဘာမှ ‌တော့ အားရစရာမရှိဘူး ” ဟု ‌ပြောသည်။

လာမည့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ ၂၁ ရာစု ပင်လုံ တတိယအစည်းအ‌ဝေးပွဲတွင် ‌နောက်ထပ်‌ဆွေး‌နွေး ရမည့် ပြည်‌ထောင်စုခွဲမထွက်‌ရေးမူနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာကိစ္စရပ်များကို ‌ဆွေး‌နွေးသွားမည်မဟုတ်ဘဲ ယခင် ၂၀၁၇ ခုနှစ်၊ ‌မေလက ပြုလုပ်ကျင်းပခဲ့သည့် ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအ‌ဝေးမှ ကျန်ရှိသည့် နိုင်ငံ ‌ရေးကဏ္ဍမှ တိုင်းရင်းသား လူနည်းစုများ၏ ကာကွယ်ခြင်းဆိုင်ရာ အ‌ခြေခံမူများ၊ အ‌ခြေခံ လူ့အခွင့်အ‌ရေး နှင့် ကျား/မဆိုင်ရာတန်းတူ ညီမျှမှု၊ ပြည်‌ထောင်စု ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေဆိုင်ရာ တရားရုံးနှင့် နိုင်ငံသားဖြစ်မှု စ သည့်အချက်များကိုသာ ‌ဆွေး‌နွေးသွားကြမည်ဟု သိရသည်။

ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံ ၂၁ ရာစု ပင်လုံ တတိယ အစည်းအ‌ဝေးကို အစိုးရမှ ယခု ဇွန်လ ၃ဝရက် ‌နေ့တွင် ကျင်းပရန် အဆိုပြုလျာထားတင်ပြထား‌သော်လည်း အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် (၁၀)ဖွဲ့၏ ဇွန်လ ၁၁ရက်‌နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင်ပြုလုပ်ခဲ့သည့် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ် ဦး‌ဆောင် အဖွဲ့-PPST ၏ အစည်းအ‌ဝေးပွဲ၌ တိုင်းရင်းသား လက်နက်ကိုင် ‌တော်လှန်‌ရေး အဖွဲ့အစည်းများအ‌နေဖြင့် လုပ်ငန်း‌ကော်မတီ အစည်းအ‌ဝေးများနှင့် ပြင်ဆင်‌ဆောင်ရွက်ရန် အချိန်နီးကပ်လွန်းသဖြင့် ဇူလိုင်လ လယ်ပိုင်းတွင် ကျင်းပရန် သ ‌ဘောတူ ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံကို အရပ်သားအစိုးရလက်ထက်၌ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လတွင်၂၁ ရာစုပင် လုံအစည်းအ‌ဝေးအဖြစ် ပထမအကြိမ် စတင်ကျင်းပခဲ့ပြီး ၂၀၁၇ခုနှစ်၊ ‌မေလ ၂၉ရက်တွင် ကျင်းပခဲ့ပြီးစီးခဲ့သည့် ဒုတိယအကြိမ် ပင်လုံအစည်းအ‌ဝေး၌ ပြည်‌ထောင်စုသ‌ဘောတူစာချုပ် အစိတ်အပိုင်းအဖြစ် ချုပ်ဆိုခဲ့ရာ ကဏ္ဍ ကြီး (၅)ခုမှ လုံခြုံ‌ရေး ကဏ္ဍမှလွဲ၍ ကျန်ကဏ္ဍ(၄)ခုမှ မူဝါဒသ‌ဘောတူညီချက် ၃၇ ချက်ကို ပြည်‌ထောင်စု သ ‌ဘောတူစာချုပ်အစိတ်အပိုင်း (၁)အဖြစ် အဖွဲ့အစည်းအသီးသီး၏‌ခေါင်း‌ဆောင်များ နှင့် အသိသက်‌သေများမှ သ ‌ဘောတူ လက်မှတ်‌ရေးထိုးခဲ့ကြသည်။