Home သတင်း တိုင်းရင်းသားရိုးရာယဉ်‌ကျေးမှုပွဲ‌တော်ကို တက်‌ရောက်အား‌ပေးရန် ‌ဒေါ်‌အောင်ဆန်းစုကြည်အား ဖိတ်ကြားမည်

တိုင်းရင်းသားရိုးရာယဉ်‌ကျေးမှုပွဲ‌တော်ကို တက်‌ရောက်အား‌ပေးရန် ‌ဒေါ်‌အောင်ဆန်းစုကြည်အား ဖိတ်ကြားမည်

2673

‌ဖေ‌ဖော်ဝါရီ ၁ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်တွင် ကျင်းပမည့် တိုင်းရင်းသားရိုးရာယဉ်‌ကျေးမှုပွဲ‌တော်သို့တက်‌ရောက် အား‌ပေးရန် ပြည်နယ်အစိုးရအဖွဲ့မှ နိုင်ငံ‌တော် အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်အား ဖိတ်ကြားမည်ဟု ပြည်နယ်အစိုးရတာဝန်ရှိသူများက ယ‌နေ့ (‌ဖေ‌ဖော်ဝါရီ ၁ ရက်)တွင် ‌ကေအိုင်စီသို့‌ပြောသည်။

ပြည်နယ်အစိုးရ ဦး‌ဆောင်မှုဖြင့် ကရင်ပြည်နယ်၊ ဖားအံမြို့၊ သီရိအားကစားကွင်း၌ ‌ဖေ‌ဖော်ဝါရီလ ၉ ရက်မှ ၁၂ ရက်‌နေ့အထိ ပထမဆုံးအကြိမ် ကျင်းပမည့် ထိုပွဲ‌တော်သို့ တက်‌ရောက်ရန် ‌ဒေါ်‌အောင်ဆန်းစုကြည်အား ဖိတ်ကြားမည့် အ‌ခြေအ‌နေများနှင့်ပတ်သက်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ ‌ပြောခွင့်ရသူ ဗမာတိုင်းရင်းသား ‌ရေးရာဝန်ကြီး ဦး‌တေဇထွဋ်လှိုင်‌ထွေးက ‌ပြောသည်။

“နှုတ်နဲ့က‌တော့ လွန်ခဲ့တဲ့ လ‌တွေ ကတည်းက ဖိတ်ထားတယ်။ ဖိတ်စာက ဒီ‌နေ့မှရမယ်ဆို‌တော့ ရတာနဲ့ ဖိတ်စာနဲ့ဖိတ်မယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံခြားခရီးစဉ်‌တွေလည်းရှိတယ်။ ပြည်‌ထောင်စု‌နေ့လည်း နီးလာပြီးဆို‌တော့ လာမလာက‌တော့‌ပြောလို့မရဘူး၊ နီးမှသိရမယ်‌ပေါ့‌နော်” ဟု ဦး‌တေဇထွဋ်လှိုင်‌ထွေးက ‌ပြောသည်။

ထို့အပြင် ယင်းဖိတ်ကြားမှုတွင် နိုင်ငံ‌တော်အတိုင်ပင်ခံပုဂိ္ဂုလ်အပါအဝင် နိုင်ငံ‌တော်သမ္မတ၊ ပြည်‌ထောင်စု ဝန်ကြီးအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုပါ တက်‌ရောက်ရန် ဖိတ်ကြားသွားမည်ဖြစ် ‌ကြောင်းလည်း ဗမာတိုင်းရင်းသား‌ရေးရာ ဝန်ကြီးက ဆက်‌ပြောသည်။

ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားတို့၏ ယဉ်‌ကျေးမှုဓ‌လေ့များ ထိန်းသိမ်း‌စောင့်‌ရှောက်ရန်နှင့် ချစ်ကြည် ရင်းနှီးမှု ပိုမိုရရှိရန် ရည်ရွယ်ပြုလုပ်သွားမည့် ထိုပွဲ‌တော်တွင် တိုင်းရင်းသားများ၏ သမိုင်းဝင်ပစ္စည်းများ၊ စာ‌ပေ၊ ဝတ်စားဆင်ယင်မှု၊ ဓာတ်ပုံ၊ ပန်းချီ၊ ရိုးရာပစ္စည်းအ‌ရောင်းဆိုင်၊ ရိုးရာအစားအ‌သောက် ‌ရောင်းချမှုတို့ ပါဝင် မည်ဟု ပွဲစီစဉ်သူများက ‌ပြောသည်။

ယခုတိုင်းရင်းသားရိုးရာယဉ်‌ကျေးမှုပွဲ‌တော်ကျင်းပ‌ရေးအတွက် စတင်လုပ်‌ဆောင်‌နေပြီဖြစ်ပြီး ယင်းပွဲ‌တော်တွင် ရိုးရာအားကစား၊ ရိုးရာသီဆိုတီးမှုတ်မှုနှင့် ပြည်နယ်အတွင်းရှိ ကရင်၊ ပအိုဝ်း၊ ရှမ်း(သျှမ်း)၊ မွန်၊ ဗမာ စသည့် တိုင်းရင်းသား ၅မျိုးတို့၏ အကအဖွဲ့ ၆၈ ဖွဲ့တို့က ပွဲ‌တော်အတွင်း ညပိုင်းအစီအစဉ်တွင် ‌ဖျော်‌ဖြေကြမည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားရိုးရာယဉ်‌ကျေးမှုပွဲ‌တော်ကို ကရင်ပြည်နယ်အ‌နေဖြင့် ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ်ပြီး ‌နောင်နှစ်များတွင် အခြားပြည်နယ်နှင့် တိုင်း‌ဒေသကြီးများက ယခုလိုပွဲမျိုး ဆက်လက် ကျင်းပသွားရန်ရှိ‌ကြောင်း ကရင်ပြည်နယ်အစိုးရတာဝန်ရှိသူများက‌ပြောသည်။