အောက်တိုဘာ ၂၇ရက်၊ ၂၀၁၆ခုနှစ်။ စောထွန်းလင်း
ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာ ကွယ်စောင့်ရှောက်ရေး ဦးစီးဌာနများကို လာမည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် စတင်ဖွဲ့စည်းပြီး တိုင်းရင်းသားရေးရာကိစ္စရပ်များ ကို လုပ်ဆောင်သွားမည်ဟု မွန်ပြည်နယ်၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က ကေအိုင်စီသို့ အတည်ပြု ပြောဆိုသည်။
အဆိုပါ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနကို ပြည်နယ်နှင့် တိုင်းအလိုက် ညွှန်ကြားရေးမှူးတစ်ဦး အပါအဝင် အရာ ထမ်း ၈ဦး စုစုပေါင်း ဝန်ထမ်း ၂၂ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်သလို တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီး ဌာနကိုလည်း ယင်းဖွဲ့စည်းပုံအတိုင်း ဖွဲ့စည်းသွားမည်ဖြစ်ရာ အသုံးစရိတ်ဘတ်ဂျက်ကို လာမည့်ဘဏ္ဍာရေးနှစ်အတွက် ရေးဆွဲ တင်ပြ အတည်ပြုချက် ရယူသွားမည် ဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ်၊ ကရင့်ရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က “မွန်ပြည်နယ်က တိုင်းရင်းသားဝန်ကြီး ၃ဦးစလုံးပေါင်းပြီး ရုံးတွင်းမှာ ဌာနဝန်ထမ်းတွေကို ဘုံသဘောနဲ့ပဲ ထားမယ်။ ဘတ်ဂျက်ကိုတော့ စာပေယဉ်ကျေးမှုနဲ ့ဆိုင်ရာပဲ ရေးဆွဲမယ်။ ပြည်နယ်အဆင့် မှာ ဦးစီးဌာနတွေ ဖွဲ့စည်းပြီး လာမဲ့ဘဏ္ဍာနှစ်အစမှာ လုပ်ငန်းစလုပ်သွားမယ်”ဟု ကေအိုင်စီသို့ အောက်တိုဘာလ ၂၅ရက်နေ့က ပြောသည်။
အဆိုပါ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနမှ စာပေ၊ စကား၊ ရိုးရာဓလေ့နှင့် တိုင်းရင်းသားလူမှုဘဝ မြှင့်တင်ရေး လုပ်ငန်းများကို ဌာနခွဲများထားရှိကာ လုပ်ကိုင်သွားမည်ဖြစ်သလို တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ ငြိမ်းချမ်းရေး အထောက်အကူပြု လုပ်ငန်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပြည်နယ်နှင့် တိုင်းရုံးခွဲများ စသည်ဖြင့် ဌာနခွဲများထားရှိလုပ်ကိုင်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနဘက်က သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ကရင့်ရေးရာဝန်ကြီး နော်ပန်းသဉ်ဇာမျိုးက “ကျမတို ့တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနအနေနဲ ့ ဝန်ကြီးဌာ နအားလုံးနဲ ့ ချိတ်ဆက်ပြီး အလုပ်လုပ်ရမဲ့သဘောရှိတယ်။ ဥပမာ စာပေသင်ကြားရေးကိစ္စဆို ပညာရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက် လုပ်ရမယ်။ မှတ်ပုံတင်ကိစ္စဆို လဝကနဲ ့ချိတ်ဆက်လုပ်ရမယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ တိုင်းရင်းသားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းသွားမယ်။ ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေ နားလည်တဲ့သူတွေနဲ ့ဖွဲ့ရပါမယ်။ မြို့နယ် အလိုက် ဖွဲ့မယ်”ဟု အောက်တိုဘာလ ၂၅ရက်နေ့၊ ကော့မှူးမြို့နယ်၌ ပြုလုပ်ခဲ့သည့် မြို့နယ်စာယဉ်များနှင့် တွေ့ဆုံပွဲတွင် ပြော သည်။
ယခုကဲ့သို့ တိုင်းရင်းသားအရေးလုပ်ဆောင်မည့် ဝန်ကြီးဌာနနှင့် ဦးစီးဌာနများ ထွက်ပေါ်လာခြင်းသည် တိုင်းရင်းသားအခွင့်အ ရေးများ လုပ်ကိုင်ရန် လမ်းပွင့်သွားပြီး သက်ဆိုင်ရာ ရေးရာဝန်ကြီးများအနေဖြင့် လုပ်တတ်ကိုင်တတ်ရန်သာ အရေးကြီးကြောင်း ပဲခူးတိုင်းဒေသကြီး၊ ကရင်ရေးရာဝန်ကြီးဟောင်း စောဂျူးပလီစံလှက ကေအိုင်စီသို့ မှတ်ချက်ပြု ပြောဆိုသည်။
“ကိုယ်တို့တုန်းက အခွင့်အရေးတောင်းပေမဲ့ မပေးတော့ ဘာမှလုပ်မရဘူး။ ဘတ်ဂျက်လည်းမရှိ၊ ဌာနလည်းမရှိ၊ ဖွဲ့စည်းပုံလည်း မရှိဘူး။ အခု အခွင့်အရေးပေးပြီး လုပ်တတ်ကိုင်တတ်ဖို့ပဲ လိုတယ်။ စာပေကိစ္စဆို တွန်းလုပ်လို့ရပြီး။ အခွင့်အရေးနဲ့ ဆိုင်တဲ့ကိစ္စ ဆို အရင်က အများကြီးလာတယ်။ ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး။ အခုလုပ်လို့ရပြီး လုပ်တဲ့အခါမှာ ကျွမ်းကျင်ဖို့တော့ လိုတယ်။ တိုင်း ရင်းသားနဲ့ဆိုင်တဲ့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ ဖတ်ပြီး နားလည်ထားရမယ်။ ဒါက ဘယ်သူမှ အမှတ်ယူဖို့ မဟုတ်ဘူး။ ကရင်အမျိုးသားတွေအတွက် အားလုံးဝိုင်းကူဖို့ လိုတယ်”ဟု စောဂျူးပလီစံလှက ပြောသည်။
ယခင် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ခုနှစ်၊ မေလတွင် တိုင်းရင်းသားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပြဋ္ဌာန်းခဲ့ပြီးနောက် လက်ရှိ အစိုးရလက်ထက်တွင် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကို တရားဝင် ဖွဲ့စည်းပြီး အခုလို ဦးစီးဌာနများ ထပ်မံဖွဲ့စည်းကာ တိုင်းရင်းသားအရေးများ စတင်လုပ်ဆောင်ရန် ပြင်ဆင်လာခြင်း ဖြစ်သည်။