Home သတင်း အစိုးရတပ်၏ စစ်‌ဆေး‌မေးမြန်းမှုများ‌ကြောင့် မဲ့သ‌ဝေါစစ်‌ရှောင်များစိုးရိမ်

အစိုးရတပ်၏ စစ်‌ဆေး‌မေးမြန်းမှုများ‌ကြောင့် မဲ့သ‌ဝေါစစ်‌ရှောင်များစိုးရိမ်

1932
‌အောက်တိုဘာ ၂၇ရက်၊ ၂၀၁၆ခုနှစ်။ က‌ဆောဝါး

ကရင်ပြည်နယ်ရှိ မဲ့သ‌ဝေါ‌ဒေသတိုက်ပွဲများ‌ကြောင့် မြိုင်ကြီးငူ‌ဒေသတွင် ခိုလှုံ‌နေထိုင်‌နေရဆဲဖြစ်သည့် စစ်‌ဘေး‌ရှောင်များအ‌နေ ဖြင့် ၎င်းတို့‌နေရပ်များတွင် တပ်စွဲထားကြ‌သော အစိုးရတပ်မ‌တော်၏ စစ်‌ဆေး‌မေးမြန်းမှုများ ရှိ‌နေသည့်အတွက် ‌နေရပ်ပြန်လည် အ‌ခြေချ‌နေထိုင်‌ရေး စိုးရိမ်မှုများရှိ‌နေ‌ကြောင်း စစ်‌ဘေး‌ရှောင် ‌ဒေသခံများက ‌ပြောဆိုသည်။

မြိုင်ကြီးငူတွင် နှစ်လနီးပါး ခိုလှုံ‌နေရပြီး‌နောက် စစ်‌ဘေး‌ရှောင်အချို့မှာ ၎င်းတို့စွန့်ခွာထွက်‌ပြေးလာရသည့် ‌နေရပ်အ‌ခြေအ‌နေကို သိရှိရန် ပြန်ကြည့်သည့်အချိန်တွင် ထိုသို့ စစ်‌ဆေး‌မေးမြန်းခံရ‌ကြောင်း အမည်မ‌ဖော်လိုသည့် ထီးက‌လော့‌သော ရွာသားတစ်ဦး က ယခုလို ‌ပြောသည်။

“ကျ‌နော် ရွာကိုခနပြန်ကြည့်တယ်။ စပါးခင်း‌တွေ ပျက်ပြီလား ‌ကောင်း‌သေးလား‌ပေါ့။ ပြန်ကြည့်‌တော့ ဖမ်းတယ်၊ စစ်တယ်၊ ဖုန်း ‌တွေ စစ်တယ်၊ BGF က ‌ထောက်ခံစာနဲ့ ပြန်တာ‌တောင် မရဘူး။ ဖုန်း‌တွေထဲက ဓါတ်ပုံ‌တွေဖျက်တယ်။ ဒီလိုဖြစ်‌တော့ မပြန်ရဲ ‌သေးလို့ မပြန်လိုကြဘူး။ ဆရာ‌တော်ကြီးကလည်း ‌ပေးမပြန်‌သေး‌တော့ မြိုင်ကြီးငူမှာပဲ မိသားစုနဲ့ ‌နေ‌နေတယ်”ဟု အဆိုပါရွာ သားက ‌ပြောဆိုသည်။

မြိုင်ကြီးငူ‌ဒေသ စစ်‌ရှောင်‌ဒေသခံများသည် ယခုအခါ မြိုင်ကြီးငူ ‌ကျောက်စာတိုက်ဓမ္မာရုံဝင်းအတွင်း တဲတန်းများဖြင့် ယာယီ ‌ဆောက်လုပ်‌နေထိုင်လျှက်ရှိပြီး ‌နေရာထိုင်ခင်း၊ ချိုး‌ရေ၊ သုံး‌ရေနှင့် အိမ်သာ လုံ‌လောက်မှု မရှိ‌သော‌ကြောင့် အချို့ စစ်‌ဘေး‌ရှောင် မိသားစုများမှာ မြိုင်ကြီးငူ‌ဒေသတွင်း ရပ်ကွက် ၂၂အုပ်စုတွင်းရှိ အသိမိတ်‌ဆွေ‌ဆွေမျိုး မိသားစုများထံ ယာယီခိုလှုံ‌နေထိုင်ကြ သည်များလည်း ရှိ‌နေ‌သေးသည်။

အဆိုပါ စစ်‌ဘေး‌ရှောင်များ၏ စား‌ရေး‌သောက်‌ရေးကို မြိုင်ကြီးငူဆရာ‌တော်၏ ရိက္ခာ‌ထောက်ပံ့‌ရေးအဖွဲ့နှင့်အတူ လူမှုအဖွဲ့အစည်း၊ ပြည်နယ်အစိုးရ ပြည်‌ထောင်စုအစိုးရနှင့် ‌စေတနာရှင်၊ အလှူရှင်များ လှူဒါန်းထားသည့် အ‌ထောက်အပံ့များဖြင့် ‌ဝေမျှချက်ပြုတ် ‌ကျွေး‌မွေး‌နေသလို အသိမိတ်‌ဆွေနှင့် ‌ဆွေမျိုးအိမ်များတွင် ခိုလှုံ‌နေ‌သော စစ်‌ရှောင်မိသားစုများအတွက် ရိက္ခာအ‌ထောက်အပံ့ များ ကူညီ‌ပေးလျှက်ရှိ‌ကြောင်း စစ်‌ရှောင်အ‌ရေး အကူအညီ‌ပေး‌နေသူများထံမှ သိရှိရသည်။

ဒီ‌ကေဘီ‌အေခွဲထွက်အဖွဲ့နှင့် နယ်ခြား‌စောင့်တပ် ပါဝင်သည့် တပ်မ‌တော်ပူး‌ပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး‌နောက် မဲ့သ‌ဝေါ ‌ဒေသတွင် မိုင်းရှင်းလင်း‌ရေးလုပ်ငန်းများ လုပ်‌ဆောင်လျှက်ရှိရာ စစ်‌ဘေး‌ရှောင်ရွာသားများ ယခုလို စစ်‌ဆေး‌မေးမြန်းခံရသည်မှာ မဖြစ်နိုင်‌ကြောင်းနှင့် စစ်‌ဘေး‌ရှောင်များ ‌နေရပ်ပြန်‌ရေးမပြန်‌ရေးမှာ မြိုင်ကြီးငူဆရာ‌တော်ကြီးအမိန့်‌ပေါ်တွင် များစွာမူတည် ‌ကြောင်း နယ်ခြား‌စောင့်တပ်-BGF ဘက်က ‌ပြောဆိုမှုများ ရှိခဲ့သည်။

မဲ့သ‌ဝေါတိုက်ပွဲများ‌ကြောင့် ‌နေရပ်စွန့်ခွာ စစ်‌ရှောင်ဦး‌ရေမှာ မြိုင်ကြီးငူစစ်‌ရှောင်စခန်းနှစ်ခုဖြစ်‌သော ‌ကျောက်စာတိုက် ဓမ္မာရုံဝင်း နှင့် ဘုရားကုန်း မြတ်ပန်းဝတ်မှုံ ဓမ္မာရုံတွင် လူဦး‌ရေ ၂၃၅၇ဦးပါ အိမ်‌ထောင်စု ၄၂၂စု၊ မြိုင်ကြီးငူရပ်ကွက်အုပ်စု ၂၂စုတွင် လူဦး ‌ရေ ၃၀၂၇ဦးပါ အိမ်‌ထောင်စု ၅၂၆စု၊ မဲသ‌ဝေါ မြန်မာနိုင်ငံဘက်ခြမ်း‌ကျေးရွာများဖြစ်‌သော ဘိန‌ကျေးရွာတွင် ၉၅၂ဦး၊ ‌နော်တ ‌ကျေးရွာတွင် ၃၉၉ဦး၊ ထီး‌သေ့ခီး‌ကျေးရွာတွင် ၆၁၄ဦး စုစု‌ပေါင်း မဲ့သ‌ဝေါ‌ဒေသခံ ၆၃၀၀‌ကျော် စစ်‌ဘေး‌ရှောင်ကာ ‌နေထိုင်လျှက် ရှိ‌ကြောင်း မြိုင်ကြီးငူ စစ်‌ဘေး‌ရှောင် ရိက္ခာ အကူအညီ‌ပေး‌ရေး လုပ်ကိုင်‌နေသူများ ‌ကောက်ယူထားသည့် စာရင်းများအရ သိရ သည်။