Home တွေ့ဆုံမေးမြန်းခန်း (အင်တာဗျူးကဏ္ဍ)

(အင်တာဗျူးကဏ္ဍ)

1819
“‌ကျောင်းသားနဲ့ဆရာ အချိုး‌ပြောင်းပြန်‌တွေကို ပြင်ဖို့ဝန်‌လေးတာရယ်။
ခင်မင်ရင်းနှီးမှုနဲ့ မကင်းရာ မကင်း‌ကြောင်း‌တွေ ပါချင်ပါမှာ‌ပေါ့‌လေ။”

ကရင်ပြည်နယ်တွင် တိုင်းရင်းသားစာ‌ပေသင်ကြား‌ရေး ကိစ္စရပ်များ၊ ပညာ‌ရေးအခန်းကဏ္ဍမှာ ဆရာ၊ဆရာမများ ဦး‌ရေနည်းပါးမှု များ၊ ‌ကျောင်းသားနှင့်‌ကျောင်းဆရာ အချိုးမညီမျှမှုများ၊ ‌ဝေးလံ‌ဒေသမှ ပညာ‌ရေးအ‌ခြေအ‌နေများအတွက် ကရင်ပြည်နယ်၊ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဥက္ကဌ ‌စော‌အေးမြအား ‌ကေအိုင်စီသတင်း‌ထောက် ‌စောညွှန့်‌သောင်းက ‌တွေ့ဆုံ‌မေးမြန်း ထားခြင်း ဖြစ်သည်။

‌မေး တိုင်းရင်းသားစာ‌ပေသင်ကြားရခြင်းရဲ့ ရည်ရွယ်ချက်ကို ရှင်းပြ‌ပေးပါ။
‌ဖြေ လူမျိုးတစ်မျိုး ရှင်သန်ရပ်တည်နိုင်ဖို့ အဓိက‌သွေး‌ကြော ၃ခုရှိပါတယ်။ ဘာသာစကား၊ စာ‌ပေနဲ့ ယဉ်‌ကျေးမှု၊ ဓ‌လေ့ထုံး တမ်းပါ။ ဒီ‌တော့ တိုင်းရင်းသားလူမျိုးတိုင်းဟာ မိမိတို့ရဲ့ ဘာသာစကား၊ ယဉ်‌ကျေးမှု၊ ဓ‌လေ့ထုံးတမ်းများကို ထိန်းသိမ်းနိုင်ဖို့အ တွက် စာ‌ပေကို သင်ကြားကြခြင်းဖြစ်တယ်။

‌မေး ယ‌နေ့တိုင်းရင်းသားစာ‌ပေ သင်ကြား‌နေကြတဲ့ အ‌ခြေအ‌နေကို ‌ပြောပြ‌ပေးပါလား။
‌ဖြေ ၂၀၁၄ ခုနှစ်‌နောက်ပိုင်းမှာ ဗမာကလွဲပြီး ကျန်တဲ့တိုင်းရင်းသား က‌လေး‌တွေဟာ ဘုန်းကြီး‌ကျောင်း၊ ဘုရား‌ကျောင်း‌တွေ မှာ မိမိတို့ရဲ့စာ‌ပေ‌တွေကို သင်ကြား‌နေကြရတယ်။ ‌နောက်ပိုင်းကျ‌တော့ အ‌ခြေခံပညာမူလတန်း‌အောက်အဆင့်မှာ သင်ကြားဖို့ ပညာ‌ရေးဝန်ကြီးဌာနက ခွင့်ပြုခဲ့တဲ့အတွက် စတင်သင်ကြား‌နေကြတာပါ။ ‌နွေရာသီ‌ကျောင်းပိတ်ရက်‌တွေမှာ အ‌ခြေအ‌နေအရ သင်ကြားကြတာ‌တွေလည်း ရှိတယ်။ မိမိတို့ရဲ့အစီအစဉ်နဲ့ပါ။

‌မေး ကရင်ပြည်နယ်ထဲက အ‌ခြေခံပညာမူလတန်း‌အောက်အဆင့်မှာ တိုင်းရင်းသားဘာသာ စာ‌ပေသင်ကြား‌နေကြတဲ့ က‌လေး‌တွေရဲ့ အ‌ခြေအ‌နေကို ရှင်းပြ‌ပေးပါ။
‌ဖြေ လက်ရှိ ကရင်ပြည်နယ်အ‌ခြေအ‌နေကို ‌ပြောပြရမယ်ဆိုရင် အဓိကစိန်‌ခေါ်မှုက သင်ကြားပြသ‌ပေးမယ့် ဆရာ မလုံ ‌လောက်မှု‌ပေါ့‌လေ။ ဆရာမရှိတဲ့အတွက် မသင်ဖြစ်တဲ့‌ကျောင်း‌တွေရှိသလို ဆရာ‌ရော၊ ‌ကျောင်းသားပါ ရှိပါလျှက်နဲ့ မသင်ကြတဲ့ ‌ကျောင်း‌တွေလည်း ရှိတာ‌ပေါ့‌လေ။ သင်ကြားကြတဲ့ပုံစံကလည်း အမျိုးမျိုးပါ။ တစ်ချို့က ‌ကျောင်းစာသင်ချိန်မှာ သင်တယ်။ တစ်ချို့ကျ‌တော့ ‌ကျောင်းချိန်ပြင်ပမှာ သင်ကြားကြတယ်။ ချီးမြှင့်‌ငွေထုတ်‌ပေးရာမှာလည်း အားနည်းချက်အချို့ရှိ‌နေတာကို ‌တွေ့ရှိရတယ်။ တစ်လကို ၃‌သောင်း(ကျပ်)ဆို‌တော့ ‌တော်ရုံလူ‌တွေ မလုပ်ချင်ကြပါဘူး။

‌မေး အ‌ခြေခံပညာ‌ကျောင်းအချို့မှာ တိုင်းရင်းသားဘစာ‌ပေ သင်ကြားနိုင်ခြင်းမရှိရတဲ့ အ‌ကြောင်းရင်းနဲ့ အခက်ခဲ‌တွေကို ရှင်းပြနိုင်မလား။
‌ဖြေ သင်ကြားပြသမယ့်ဆရာ မရှိတာက အ‌ကြောင်းတစ်ခုပါ။ စာ‌ပေနဲ့ ဘာသာစကား တတ်ကျွမ်းတဲ့ ဆရာ၊ ဆရာမ‌တွေ ‌နေရာမှန်မှာ မရှိကြတာလည်းပါတယ်။ ဥပမာ ကရင်စာတတ်တဲ့ ဆရာ‌တွေ ပအိုဝ်းရွာကို‌ရောက်ပြီး ပအိုဝ်းစာ‌ပေတတ်တဲ့ ဆရာ ‌တွေ ကရင်ရွာကို ‌ရောက်‌နေကြတာ‌တွေ‌ပေါ့။ အဓိကအ‌ကြောင်းရင်းက‌တော့ ‌ကျောင်းအုပ်တိုင်း တိကျတဲ့ ညွှန်ကြားချက် မရကြ လို့လား၊ တိုင်းရင်းသားဘာသာစာ‌ပေ သင်ကြား‌ရေးလုပ်ငန်းစဉ်ကို သ‌ဘောမ‌ပေါက်လို့လား။ တချို့‌သော ‌ကျောင်းအုပ်‌တွေ တိုင်းရင်းသားဘာသာစာ‌ပေသင်ကြားခြင်းကို အ‌လေးထားမှု နည်းပါးလို့လားဆိုတဲ့ တစ်ခုခု‌တော့ ဖြစ်မှာ‌ပေါ့‌လေ။

‌မေး တိုင်းရင်းသားဘာသာစာ‌ပေသင်တဲ့ ဆရာ မလုံ‌လောက်မှုကို ‌လော‌လောဆယ် ဘယ်လို ကူညီလုပ်‌ဆောင်‌ပေးနိုင် မလဲ။ ပြီး‌တော့ တိုင်းရင်းသားဘာသာစာ‌ပေသင်ဆရာ အလုံအ‌လောက်ရရှိဖို့ ဘယ်လိုအစီအမံမျိုးကို စတင်လုပ်‌ဆောင်သင့်လဲ။
‌ဖြေ အ‌ခြေခံပညာ‌ကျောင်း‌တွေမှာ တိုင်းရင်းသားဘာသာစာ‌ပေ သင်ကြား‌ရေးကို အ‌ထောက်အကူပြုနိုင်ဖို့အတွက် ‌နွေရာသီ ‌ကျောင်းပိတ်ရက်‌တွေမှာ စာ‌ပေသင်တန်းဖွင့်ပြီး‌တော့ တိုင်းရင်းသား ဘာသာစာ‌ပေ သင်ကြားနိုင်တဲ့ ဆရာများကို အတိုင်းအတာ တစ်ခုအထိ ‌မွေးထုတ်‌ပေး‌နေပါတယ်။
ပညာ‌ရေးဋ္ဌာနမှာရှိတဲ့ ဆရာ၊ ဆရာမ‌တွေကို သက်ဆိုင်ရာတိုင်းရင်းသားစာ‌ပေများ တတ်‌မြောက်ဖို့အတွက် ပညာ‌ရေး ဋ္ဌာနက တာဝန်ယူပြီး သင်တန်း‌တွေဖွင့်လှစ်‌ပေးဖို့ လိုပါတယ်။ ပညာ‌ရေး‌ကောလိပ်နဲ့ ပညာ‌ရေးတက္ကသိုလ်‌တွေမှာ တိုင်းရင်းသား ဘာသာ စာ‌ပေကို သင်ကြား‌ပေးဖို့လိုပါတယ်။ ဆရာဆရာမများ ‌ရွေးချယ်ရာမှာလည်း မိမိတို့ရဲ့စာ‌ပေကို တတ်‌မြောက်ထားတဲ့သူ ‌တွေကို ဦးစား‌ပေး ‌ရွေးချယ်ဖို့လိုသလို ‌ဒေသခံဘာသာစကားကို တတ်ကျွမ်းသူ‌တွေကိုလည်း ဦးစား‌ပေး‌ရွေးချယ်သင့်ပါတယ်။

‌မေး ပညာ‌ရေးဌာနရှိ ဆရာဆရာမ‌တွေကို တိုင်းရင်းသား ဘာသာစာ‌ပေ သင်ကြား‌ပေးဖို့အတွက် ကူညီ‌ဆောင်ရွက်‌ပေးနိုင်မ လား။
‌ဖြေ ကရင်ပြည်နယ်မှာရှိတဲ့ ကရင်၊ မွန်၊ ပအိုဝ်း စတဲ့ စာ‌ပေနဲ့ယဉ်‌ကျေးမှုအဖွဲ့‌တွေ ‌မျှော်လင့်‌နေတာကြာပါပြီး။

‌မေး နိုင်ငံတကာမှာဆိုရင် ဆရာတ‌ယောက်ကို ‌ကျောင်းသား ၂ဝဦး နှုန်း‌လောက်ပဲ အများဆုံးနဲ့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ကရင်ပြည်နယ်က အ‌ခြေခံပညာ‌ကျောင်း‌တွေမှာ ဆရာနဲ့‌ကျောင်းသားအချိုး ဘယ်လိုရှိပါသလဲ။
‌ဖြေ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက် အချိုးကိုသိချင်ရင်‌တော့ ပညာ‌ရေးဌာနကို‌မေးရမယ်ထင်ပါတယ်။ ကျ‌နော်သိသ ‌လောက်က‌တော့ ‌ကျောင်းသားများပြီး ဆရာနည်းတာ။ ‌ကျောင်းသားနည်းပြီး ဆရာများ‌နေတာကို ‌တွေ့ရတယ်။ အချိုး‌ပြောင်းပြန် ‌တွေ‌ပေါ့‌လေ။ အထူးသဖြင့်‌တော့ ‌ဝေးလံ‌ဒေသရှိ ‌ကျေးလက်‌ကျောင်း‌တွေမှာ ရွာခန့် ဆရာအ‌တော်များများ ရှိ‌နေရခြင်းကိုကြည့် ရင် သိနိုင်ပါတယ်။

‌မေး ဘာ‌ကြောင့် အဲလို အချိုး‌ပြောင်းပြန်ဖြစ်‌နေရတာလဲ။ ရွာခန့်ဆရာ‌တွေ ဘာ‌ကြောင့် ဖြစ်ရတာလဲ။
‌ဖြေ ‌ကျောင်းသားနဲ့ဆရာ အချိုး‌ပြောင်းပြန်‌တွေကို ပြင်ဖို့ဝန်‌လေးတာရယ်။ ခင်မင်ရင်းနှီးမှုနဲ့ မကင်းရာ မကင်း‌ကြောင်း‌တွေ ပါချင်ပါမှာ‌ပေါ့‌လေ။ ရပ်မိရပ်ဖ‌တွေ တချို့ရဲ့‌ပြောပြချက်အရ ဆရာ‌တောင်းဆိုတဲ့‌ကျောင်း‌တွေမှာ သွား‌ရောက်တာဝန်ထမ်း‌ဆောင် မယ်လို့ ‌လျှောက်ထားလာတဲ့ ဆရာ‌တွေရှိရင် ပို့‌ပေးမယ်တဲ့။ ဒါ‌ပေမယ့် ‌ရွှေပြည်‌တော် ‌မျှော်‌လေတိုင်း ‌ဝေး‌နေအုံးမှာပဲ။

‌မေး ‌ဝေးလံ‌ဒေသရှိ‌ကျောင်း‌တွေရဲ့ ဆရာလိုအပ်ချက်ကို ‌ဖြေရှင်း‌ပေးဖို့ အသင့်‌တော်ဆုံးနည်းလမ်းက ဘာ‌တွေဖြစ်မလဲ။
‌ဖြေ ရှားပါးစရိတ်ကို ပိုမိုထုတ်‌ပေးခြင်းနဲ့ ‌ဒေသအလိုက် အလှည့်ကျတာဝန်ထမ်း‌ဆောင်ခြင်းကို အမှန်တကယ် အ‌ကောင်အ ထည်‌ဖေါ်‌ပေးဖို့ လိုပါတယ်။ နယ်‌မြေခံ၊ ‌ဒေသခံဆရာများများ ရှိဖို့ကလည်း အ‌ကြောင်းရင်းတစ်ခု‌ပေါ့‌လေ။

‌မေး ယခု မြန်မာနိုင်ငံမှာ ပညာ‌ရေးလုပ်ငန်းစဉ်ရဲ့ အ‌ခြေအ‌နေကို သုံးသပ်‌ပေးပါလား။
‌ဖြေ အကျဉ်းချုပ်ပြီး‌ပြောရရင် မူကြိုကစပြီး ဘွဲ့လွန်အထိ တန်းတူညီမျှဖို့လိုတာ‌ပေါ့။ နိုင်ငံ‌တော်က ချမ်းသာတဲ့အတွက် ‌ကြောင့် ‌ကျေးလက်‌ဒေသ‌တွေမှာဆိုရင် မူကြိုပညာ‌ရေးဟာ အိပ်မက်အဆင့်ထက် နဲနဲပဲ ပိုပါတယ်။ အမှတ်များများရရှိဖို့သာ အာရုံစူးစိုက်‌နေကြ‌တော့ အ‌တွေးအ‌ခေါ်နဲ့ ကျင့်ဝတ်သိက္ခာပိုင်းမှာ အားနည်း‌နေ‌သေးတယ်။ ဘွဲ့ရလူငယ်အများစုရဲ့ အရည်အ ‌သွေးကို သိချင်ရင်‌တော့ အင်တာဗျူးလုပ်ကြည့်‌ပေါ့။ အ‌ခြေခံပညာအဆင့်မှာ သင်ရိုးညွှန်းတမ်းအသစ်နဲ့ စတင်သင်ကြားမယ်လို့ သိရတယ်။ အလွတ်ကျက် အလွတ်‌ဖြေ အဆင့်မှာသာ ရှိ‌နေအုံးမယ်ဆိုရင်‌တော့ ပညာ‌ရေးမြှင့်တင်နိုင်မှာမဟုတ်ဘူး။ ယခင်ကလို တွဲဖက် သင်ရိုးဝင်ဘာသာရပ်ကို ပစ်ပယ်ပြီး သင်ရိုးဝင်ဘာသာရပ်ကိုသာ တစ်စိုက်မတ်မတ် အ‌လေးထားရင် အဆင့်တက်လာဖို့ ခက်ခဲမှာပါ။

‌မေး ပညာ‌ရေးနဲ့ပတ်သက်ပြီး အခြားဘာ‌တွေ‌ပြောကြားချင်ပါ‌သေးလဲ။
‌ဖြေ နိုင်ငံတကာက ပုံစံအမျိုးမျိုးနဲ့ ထိုး‌ဖေါက်ဝင်‌ရောက်လာတဲ့ အမူအကျင့်၊ အ‌တွေးအ‌ခေါ်‌တွေ‌ကြောင့် ကိုယ့်အမျိုးသားရဲ့ ပင်ကိုယ်ဟန်‌တွေ ယိမ်းယိုင်လာ‌နေတာကိုကြည့်ရင် အ‌တွေး‌ခေါ်နဲ့ အသိပညာကဏ္ဍမှာ အနုတ်လက္ခဏာပြ‌နေခြင်းလို့ ယုံကြည် တဲ့အတွက် က‌လေးသူငယ်များရဲ့ပညာ‌ရေးကို ဂရုပြုပြီး ပြုစုပျိုး‌ထောင်‌ပေးကြဖို့ တိုက်တွန်းလိုပါတယ်။ ပညာ‌ရေးကို စိတ်ဝင်စား တဲ့သူများ အမျိုးသားပညာ‌ရေး မဟာဗျူဟာစီမံကိန်း ‌ရေးဆွဲသူများနဲ့ အ‌ကောင်အထည်‌ဖေါ်‌နေကြသူများက ပကတိအ‌ခြေအ‌နေ ကို ‌လေ့လာဆန်းစစ်ဖို့နဲ့ သု‌တေသနလုပ်ငန်းမှာ အ‌ထောက်အကူပြုနိုင်တဲ့ အချက်အလက်ရရှိနိုင်ဖို့အတွက် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူမှ စစ်‌ဘေး‌ရှောင် ‌ကျောင်းသား‌ကျောင်းသူလူငယ်များရဲ့ ပညာသင်ကြား‌နေရတဲ့‌နေရာကို လာ‌ရောက် ‌လေ့လာကြပါလို့ ဖိတ်‌ခေါ်ချင်ပါတယ်။

– ‌စော‌အေးမြသည် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ဥ‌ဒေါင်း‌ကျေးရွာတွင် ၁၉၄၆ခုနှစ်၊ နိုဝင်ဘာလ ၁ဝရက်‌နေ့က ‌မွေးဖွားခဲ့ သည်။ ၁၉၆၆ခုနှစ်တွင် အ‌ခြေခံပညာ အထက်တန်း‌အောင်မြင်ခဲ့ပြီး ၁၉၆၉ခုနှစ်တွင် AGTI (civil) PIP ‌အောင်မြင်ခဲ့သည်။ ထို့‌နောက် ၁၉၇ဝခုနှစ်မှ ၁၉၇၃ခုနှစ်အထိ လျှပ်စစ်ဓါတ်အား‌ပေး‌ရေးအဖွဲ့၊ ‌ရေအားလျှပ်စစ်ဌာနတွင် တာဝန်ထမ်း‌ဆောင်ခဲ့သည်။
– ၁၉၇၅ခုနှစ်မှ ၂၀၀၁ခုနှစ်အထိ ပြည်သူ့‌ဆောက်လုပ်‌ရေးလုပ်ငန်းတွင် တာဝန်ထမ်း‌ဆောင်ခဲ့ပြီး တစ်ချိန်တွင်းပင် ၁၉၆၈ခုနှစ်၌ ‌ကျောင်းသားဘဝဖြင့် ဖားအံမြို့ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှုသင်တန်း အမှတ်စဉ်(၁)တွင် သင်တန်းမှူးအဖြစ် ‌ဆောင်ရွက်ခဲ့သည်။
– ၁၉၇ဝခုနှစ်မှ ၁၉၇၂ခုနှစ်များအတွင်း ကရင်နှစ်သစ်ကူးကျင်းပ‌ရေးဗဟို‌ကော်မတီ(မဟာရန်ကုန်)တွင် ပါဝင်လုပ်‌ဆောင်ခဲ့သည်။
– ၂၀၁ဝခုနှစ်မှ လက်ရှိအချိန်ထိ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုတိုးတက်ပြန့်ပွား‌ရေးအသင်း (ကရင်ပြည်နယ်)၏ ဥက္ကဌအဖြစ် တာဝန်ယူလာခဲ့သူ ဖြစ်သည်။