ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ ပထမအကြိမ်အစည်းအဝေးကို နေပြည်တော်၊ MICC 2 ခန်းမတွင် ဩဂုုတ် ၃၁ရက်မှ စက်တင်ဘာလ ၄ရက်နေ့အထိ ကျင်းပလျက်ရှိသည်။ ထိုညီလာခံသို့ တက်ရောက်လာသည့် အလွှာပေါင်းစုံသော အဖွဲ့အစည်းအသီးသီးတို့၏ အမြင်များကို စုစည်းထားချက်များကို ဖော်ပြခြင်းဖြစ်သည်။
ပဒိုကွယ်ထူးဝင်း (အထွေထွေအတွင်းရေးမှူး၊ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ)

ငြိမ်းချမ်းရေးတည်ဆောက်ရေးနှင့် နိုုင်ငံရေးပြဿနာများ ဆွေးနွေးရေး
အခု ကျနော်တို့ ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ မငြိမ်းချမ်းသေးတဲ့ နိုင်ငံရေးပြသနာတွေကို ဆွေးနွေးဖြေရှင်းမယ်။ နောက်တစ်ခုက နိုင်ငံတော်အစိုးရမှာလည်း သဘောထားရှိတယ်။ ဖက်ဒရယ်စနစ်ကို ထူထောင်မယ်ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဒါကို ထူထောင်ဆောင်ရွက်မယ်။ ငြိမ်းချမ်းရေးတည်ဆောက်မယ်ဆိုတော့ ကျနော်တို့ အခု ညီလာခံကနေ စပြီး၊ ညီလာခံ ပြီးတာနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ဆိုတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ စတင်မှာဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကော၊ တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဘယ်လိုတည် ဆောက်မလဲဆိုတဲ့ ကိုယ့်ရဲ့အမြင်သဘောထားတွေကို တင်ပြခွင့်ရှိတယ်။ ဆွေးနွေးပိုင်ခွင့်ရှိတယ်။ ဒီညီလာခံမှာကလည်း တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်း မကဘူး။ တစ်ခြားအစုအဖွဲ့တွေကလည်း သူတို့အဖွဲ့အစည်းရဲ့ ငြိမ်းချမ်းရေး တည်ဆောက် တဲ့နေရာမှာ ကျနော်တို့ နို်င်ငံတော် ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ ဘယ်လိုအမြင်သဘောထားတွေ ရှိသလဲဆိုတာ လွတ်လွတ်လပ်လပ် တင်ပြခွင့်ရှိတဲ့အတွက် ကောင်းမွန်တဲ့ ရလဒ်တစ်ခုကိုတော့ ကျနော်တို့ ရမှာဖြစ်ပါတယ်။ ပိုမိုပြီးတော့ နား လည်မှုတွေ တစ်ဖက်နဲ့တစ်ဖက် ပိုရှိလာမယ်။ တစ်ဖက်နဲ့တစ်ဖက် သဘောထား ပိုသိလာမှာအတွက်ကြောင့် ကျနော်တို့ ဘယ် လိုအဖြေရှာရမယ်ဆိုတာ ပိုမိုနားလည်လာမှာ ဖြစ်တယ်။
လွတ်လပ်စွာ တင်ပြဆွေးနွေးခွင့်နှင့် ညှိနှိုင်းအဖြေရှာရေး
ညီလာခံဆိုတာက သဘောထား မကိုက်ညီတဲ့၊ မတူတဲ့အဖွဲ့အစည်းတွေ စုပြီးတော့ မိမိအဖွဲ့အစည်းရဲ့သဘောထား၊ မိမိလူမျိုး အမြင်သဘောထား တင်ပြမှာဖြစ်တဲ့အတွက် အမြင်မတူညီမှုအပေါ်မှာ ဘုံသဘောတူညီမှု ရှာပြီးတော့ ကျနော်တို့ အနာဂတ်မှာ ဘယ်လိုအတူတကွ ပူးပေါင်းနေထိုင်ကြမလဲဆိုတဲ့ ကိစ္စကတော့ ရမှာပဲ။ ကျနော်တို့ အဲလို ယုံကြည်ပါတယ်။ လွတ်လွတ်လပ် လပ် ဆွေးနွေးတင်ပြခွင့်ရှိတယ်။ ဒီကနေ ကျနော်တို့ နို်င်ငံရေးဆွေးနွေးပွဲကိုသွားပြီးတော့ ဒီအခြေခံအပေါ် မသွားနိုင်တဲ့အဖွဲ့ကျ တော့လည်း ကျနော်တို့ ပိုမိုမှန်ကန်တဲ့အဖြေကို ရမှာပဲ။
ညီလာခံသို့တက်ရောက်ရန် ဖိတ်ကြားခြင်းမခံရသည့် အဖွဲ့အစည်းများပေါ်အမြင်
မတက်တဲ့အဖွဲ့တွေ ဆိုတာကလည်း အခုလတ်တလော ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်နေတဲ့အဖွဲ့က (၃)ဖွဲ့ပါ။ ကျနော်တို့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့က (၂၁)ဖွဲ့။ ကြီးတာငယ်တာအဖွဲ့က အကုန်လုံးပေါ့။ မတက်တာက (၃)ဖွဲ့။ လက်ရှိမှာ အစိုးရနဲ့ ညှိနှိုင်းပြီး တော့ သဘောတူညီမှု အကုန်လုံး မရနိုင်သေးတဲ့အဆင့်မှာ ရှိသေးတဲ့အပေါ်မှာ သူတို့က ဖိတ်ကြားမှု မခံရဘူးပေါ့နော်။ သို့သော် လည်းပဲ ဒီအဖွဲ့အစည်းတွေကလည်း ပြည်ထောင်စုငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ သူတို့တစ်ကြိမ်ကြိမ်တစ်ခါခါ ပါလာ မှာပဲလို့ ကျနော်တို့ နားလည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုအစိုးရရဲ့ သဘောထားမူက အားလုံးပါဝင်ရေးဆိုတဲ့ သဘော ထား ချထားတယ်။ သူတို့ နိုင်ငံတော် တာဝန်စယူပြီးတဲ့နောက်ပိုင်းမှာ အဲဒီမူကို အခြေခံပြီးတော့ မတူတဲ့ တိုင်းရင်းသားအဖွဲ့အ စည်းတွေကို အမျိုးအစား (category) ခွဲပြီးတော့ ကျနော်တို့၊ သူတို့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ အခု ပထမအကြိမ် ဒီ ဇန်နဝါရီ လမှာ ကျင်းပခဲ့တဲ့ ညီလာခံမှာ တိုင်းရင်းသားလက်နက်ကိုင် (၈)ဖွဲ့ပဲ ပါပါတယ်။ ဒီတစ်ကြိမ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၇)ဖွဲ့ ပါဝင်လာပါတယ်။ ဆိုလိုချင်တာက အောင်မြင်မှုပေါ့နော်။ ဒါ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပိုမိုတိုးတက်တဲ့အနေအထားပြောလို့ ရပါတယ်။ သူတို့လည်းတစ်ကြိမ်တစ်ခါမှာ ပါလာမှာပဲ။ ဒါပေမယ့် သူတို့ပါရမယ့် အနေအထား တူချင်မှတူမယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တစ်ဖွဲ့ချင်းရဲ့ ရပ်တည်မှုအနေအထား မတူတဲ့အပေါ်မှာ ပါလာနိုင်ဖို့အတွက် ကျနော်တို့ ဆောင်ရွက် သွားမယ်။ အစိုးရလည်း ဆောင်ရွက်သွားမယ်။ ကျနော်တို့ဘက်ကလည်း တတ်နိုင်တဲ့ဘက်က ဆောင်ရွက်သွားမယ်။
**********——————————–**************——————————*********
ဒေါ်သင်းသင်းအောင် (ပဲ့ကိုင်ကော်မတီဝင်၊ ကျား၊မ တန်းတူရေး မဟာမိတ်အဖွဲ့-AGIPP)

ကျမတို့က အေဂျီအိုင်ပီပီ ဆိုတော့ ကျမတို့ လေ့လာသွားချက်အရဆိုလို့ ရှိရင် အများစု ပြောသွားတဲ့ ဖတ်ကြားသွားတဲ့ စာတမ်း တွေမှာ နောက်ပြီးတော့ အများစုပြောသွားတဲ့ မိန့်ခွန်းတွေမှာ တိတိကျကျ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို မတွေ့ရ ဘူး။ မကြားရဘူး။ ကုလသမဂ္ဂ အထွေထွေးအတွင်းရေးမှူးချုပ် ဘန်ကီမွန်းပြောသွားတဲ့မိန့်ခွန်းမှာပဲ အမျိုးသမီးတွေရဲ့ကဏ္ဍကို အနည်းဆုံး သုံးဆယ်ရာခိုင်နှုန်း ပါဝင်ဖို့အတွက်ကို သူက အကြံပေးထားတာရှိတယ်ဆိုတော့ အဲဒါကိုပဲ ကျမတို့ ကြားလိုက်ရ တယ်။ တခြားသူတွေပြောသွားတဲ့ အထဲမှာကတော့ အမျိုးသမီးကဏ္ဍကို ထည့်သွားသော်ငြားလည်း အမျိုးသမီးတွေ၊ ကလေးသူ ငယ်တွေ၊ မသန်စွမ်းတွေ၊ သက်ကြီးရွယ်အိုတွေကို တစ်ခါတည်း၊ တစ်စုတည်းကို ပေါင်းထားပြီးတော့ ဒုက္ခခံနေရတယ်။ ခံစား ဒုက္ခရောက်နေကြတယ်။ အိုင်ဒီပီကန့်(IDP camp)မှာ ဖြစ်နေတဲ့ သူတို့ကို ကူညီစောင့်ဖေးမရမယ်ဆိုတဲ့ သဘောကိုတော့ ခြုံပြီး ပြောသွားတာကတော့ ကြားတယ်။ ပြောရမယ်ဆိုရင်တော့ အမျိုးသမီးတွေ၊ အားနွဲ့တဲ့သူတွေ ဖေးမရမယ့်အစုလို့ပဲ မြင်တယ်လို့ ကျမက သုံးသပ်တယ်။ အဲဒီလိုမျိုးမြင်တဲ့အမြင်က တကယ်ကို (ရိုးရာယဉ်ကျေးမှု) ဓလေ့ထုံးစံအရ အဲလိုမြင်နေတုန်းပဲလို့ ခံစားရ တယ်။ တကယ်တမ်းဆိုရင် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ၊ အမျိုးသမီးတွေရဲ့ တွေးခေါ်မှု ၊ အမြင်တွေဟာ အမျိုးသားတွေရဲ့ အမြင်နဲ့ မတူတဲ့ အမြင်တွေရှိတယ်။ အဲဒီအမြင်ကို ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာပေါ့နော်။ အရေးကြီးတဲ့ အခန်းကဏ္ဍကနေပြီးမှ ထည့် မသွင်းဘူးဆိုလို့ရှိရင် ဟာကွက်ကြီးကြီးဖြစ်နေတယ်လို့ မြင်တယ်။ အဲဒါလေးတွေကို မထည့်သွင်းသေးသမျှကတော့ တကယ် ပြည့်စုံတဲ့ ဆုံးဖြတ်ချက်တွေ ရမှာမဟုတ်ဘူး။
*************————————-******************———————*****************
ဦးအောင်မျိုးမင်း ( ဒါရိုက်တာ၊ Equality Myanmar )

တက်ဖြစ်တာက အရပ်ဖက်လူမှုအဖွဲ့အစည်းကို ကိုယ်စားပြုပြီးတော့ တက်ဖြစ်တာပါ။ ကျနော်တို့ကတော့ လေ့လာသူအဆင့်ပဲ ပေါ့နော်။ ဒါပေမယ့် ဒီမှာ ဆွေးနွေးမယ့်အရာတွေကို ကျနော်တို့ သိလာခြင်းအားဖြင့် ဘယ်လောက်ထိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မှာ ဘယ်အဆင့်ကိုရောက်ပြီလဲ။ အဲဒီနေရာမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကော ဘယ်လောက်အထိ ပူးပေါင်းပါဝင်နိုင်မလဲ ဆိုတဲ့ဟာကို ကျနော်သိချင်တယ်။ ကျနော်တို့ အရပ်ဖက်လူမှုအဖွဲ့အစည်းကတစ်ဆင့် လက်ရှိဖြစ်ပေါ်ဆွေးနွေးမှုတွေကို ကျနော် တို့နဲ့ ပတ်သက်နေတဲ့ အောက်ခြေက လူထုတွေ၊ မြေပြင်က လူထုတွေသိအောင် လုပ်ဆောင်ဖို့အတွက် တက်တာဖြစ်ပါတယ်။
ကျနော်တို့မျှော်လင့်တာကတော့ တကယ့်ကို စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေးပေါ့နော်။ တိုင်းပြည်မှာ ငြိမ်းချမ်းရေးကို စစ်စစ်မှန်မှန် ပေါ်ချင်တယ်။ မှန်မှန်ကန်ကန် ပေါ်ချင်တယ်။ အဲဒါ ပထမဆုံးမျှော်မှန်းချက်။
နောက်တစ်ခုကတော့ ကျနော်တို့ ဒီမှာ လုပ်ဆောင်တဲ့အချိန်မှာ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အချိန်မှာ တကယ်တမ်း တန်းတူညီမျှ ရေးကို ဦးစားပေးမှုရှိလား။ လူတိုင်းက ကိုယ့်ရဲ့ယုံကြည်တဲ့အချက်၊ ကိုယ့်ရဲ့ယုံကြည်မှုကြောင့် တိုက်ပွဲဝင်တဲ့အပေါ်မှာ ဖြေရှင်း နိုင်တဲ့ ဒါကို တင်ပြနိုင်တဲ့အခွင့်အရေးကော ရရှိရဲ့လား။ ဒါကတော့ ကျနော်တို့ စောင့်ကြည့်သွားဖို့ လိုအပ်ပါတယ်။ ဘာကြောင့် လဲဆိုတော့ ဒီလိုမျိုးကိစ္စတွေ လုပ်ဆောင်တဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လေးစားခြင်းဟာ အရမ်းအရေး ကြီးတယ်။ လေးစားမှုမရှိဘဲနဲ့ တည်ဆောက်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုဆိုတာကလည်း စစ်မှန်မှာ မဟုတ်သလို ဖြေရှင်း ချက်တွေကလည်း မှန်ကန်မှာမဟုတ်ဘူး။ ကျနော် အဓိကထား စောင့်ကြည့်ချင်ပါတယ်။ ဒါမှသာ ကျနော်တို့ တစ်ယောက်နဲ့တစ် ယောက် အပြန်အလှန်လေးစားသော ဖက်ဒရယ်ပြည်ထောင်စုသစ်ကို ကျနော်တို့ ထူထောင်နိုင်မယ်။ ငြိမ်းချမ်းမှုကို ကျနော်တို့ ဒီမှာ စဖို့အတွက် ဒီမှာအရင်းမတည်ရင် ငြိမ်းချမ်းမှုကို ဘယ်လိုမှ တည်ဆောက်နိုင်မှာ မဟုတ်ဘူး။ ဒါကို ကျနော်တို့ စောင့်ကြည့် ချင်ပါတယ်။
******************————————*******************—————***********
ဒေါ်ဒွဲဘူ (ကချင်တိုင်းရင်းသားအစုအဖွဲ့)

ဒီညီလာခံမှာတော့ လက်မှတ်ထိုးတဲ့သူကော မထိုးတဲ့သူကော ပါလာတယ်ပေါ့နော်။ အဲတော့ ဒီညီလာခံကနေ ရှေ့ဆက်ပြီး တော့ လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေ တစ်နိုင်ငံလုံး ပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးရာမှာ ပါဝင်လာပြီးမှ ကျမတို့ သက်ဆိုင်ရာ ဒေသအလိုက်၊ လူမျိုးအလိုက် ဆွေးနွေးပွဲတွေမှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ပူးတွဲပြီးမှ ဆောင်ရွက်ပေးတဲ့ အနေ အထားကို မျှော်လင့်ပါတယ်။ NCA မှာတော့ အမျိုးသမီးပါဝင်မှုကို (၃၀)ရာခိုင်နှုန်း ပါဝင်ဖို့ဆိုတာ အတိအကျ ပြဋ္ဌာန်းထားပါ တယ်။ ဒါပေမယ့် လက်ရှိအနေအထားမှာတော့ (၃၀)ရာခိုင်နှုန်းက ဘယ်လိုမှ မရှိပါဘူး။ ဘယ်လောက်ပါဝင်တယ်ဆိုတာ ကျမ တို့လည်း အတိအကျ မတွက်ချက်ကြည့်ရသေးဘူး။ ဘယ်ကဏ္ဍက အမျိုးသမီးဘယ်လောက်ပါတယ်ဆိုတာ ကျမတို့လည်း မသိ သေးဘူး။ ဒါပေမယ့် (၃၀)ရာခိုင်နှုန်း မပြည့်တာတော့ သေချာပါတယ်။
တစ်ကယ့် NCA စာချုပ်အရ အမျိုးသမီး (၃၀) ရာခိုင်နှုန်းပါဝင်ဖို့ ဆိုရင်တော့ ဆောင်ရွက်ရမယ့်ကိစ္စရပ်က အဲဒီ NCA မှာပဲ မူဘောင်တွေ ဆောင်ရွက်တဲ့အခါမှာ ပြုပြင်ဖို့လိုတယ်။ နောက်ပြီးမှ အခုလို တိုင်းရင်းသားအစုအဖွဲ့၊ ဖိတ်ကြားသင့်သော အစုအ ဖွဲ့၊ ပါသင့်ပါထိုက်တဲ့ အစုအဖွဲ့၊ နိုင်ငံရေးအစုအဖွဲ့လိုပဲ အမျိုးသမီးအစုအဖွဲ့ကို သီးသန့်ထည့်မှ (၃၀) ရာခိုင်နှုန်းပြည့်မှာ ဖြစ်ပါ တယ်။ အဓိကကတော့ အစုအဖွဲ့အနေနဲ့ထည့်မှသာ ပြည့်မီနိုင်မှာပါ။ အဲလိုမထည့်လို့ရှိရင် နိုင်ငံရေးအဖွဲ့အစည်းမှာကော ဦးဆောင်နိုင်တဲ့သူအားလုံး၊ ဆုံးဖြတ်ချက် ချနိုင်တဲ့လူအားလုံးက အမျိုးသားတွေဖြစ်တဲ့အတွက် သူတို့ထည့်မှပဲ သူတို့ဆုံးဖြတ်မှပဲ အမျိုးသမီးတွေက ပါဝင်လာမှာပါ။ နောက်တစ်ချက်ရှိတာက အဲလိုဆုံးဖြတ်နိုင်တဲ့အမျိုးသားတွေကို ကျမတို့တိုက်တွန်း နိုးဆော် ရမှာ ဖြစ်ပါတယ်။ ကဏ္ဍတိုင်းမှာ အမျိုးသမီးတွေ ပါဝင်ရေးကို ဦးစားပေးထည့်ဖို့ပေါ့နော်။
********************——————–**********************——————-*************
ကိုမင်းလွင်ဦး (အတွင်းရေးမှူး၊ ဓနုတိုင်းရင်းသားဒီမိုကရေစီပါတီ)

ဒီ (၂၁)ရာစုပင်လုံလို့ တပ်ထားလိုက်တာနဲ့ ဒါက နိုင်ငံရေးဆွေးနွေးပွဲလို့ပဲ ကျနော်တို့ မြင်တယ်။ ဒါ ကျနော်တို့ ပါတီရဲ့အမြင်ပါ။ နိုင်ငံရေးဆွေးနွေးပွဲလို့ မြင်တာနဲ့ တစ်လျှောက်တည်းဘဲ တရားဝင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီအသီးသီး ဝင်ရောက်ဆွေးနွေးနိုင် ရမယ်ဆိုတဲ့ မူကတော့ ရှိကိုရှိရမယ်။ နောက်တစ်ခုက တိုင်းရင်းသားတွေအားလုံး ကျနော်ပုဂ္ဂိုလ်ရေးအရ ပြောမယ်ဆိုလို့ရှိရင် ကျနော်တို့ ဦးခွန်ထွန်းဦးတို့ ပါလာတယ်။ ကျနော် တိုင်းရင်းသားခေါင်းဆောင် မပါလာဘူး။ သူ့စကားကို ကျနော်နိုက်ကြည့်လိုက် တဲ့အချိန်မှာ ဒီအတိုင်းပဲ သူတို့ထွက်တယ်။ နိုင်ငံရေးဆွေးနွေးပွဲနေရာမှာ နိုင်ငံရေးပါတီနဲ့ တိုင်းရင်းသား အလုံးစုံမပါဘဲနဲ့တော့ ဒီတိုင်းရင်းသားညီလာခံ နှောင့်နှေးနေဦးမှာပဲဆိုတဲ့ သူ့ရဲ့စကားပဲပြောဖို့ရှိတယ်။ ကျနော်လည်း အဲလိုပဲ မြင်ပါတယ်။
******************************** ။ ***************************************


















