(လကင်္ဒီပ)
ဓလေ့ရိုးရာနဲ့ ဘာသာ
ကွဲပြားစွာမြင်နိုင်ကြရင်
နင်နင် ငါငါ စကောပိုး
ခေါက်ရိုးကျိုးလာတဲ့ ချည်ဖြူဖွဲ့ခြင်း
ရင်းနှီး ကျွမ်းဝင်ချစ်ကြည်ကြသမို့
ဘာလို့ ပြန်မဆုံနိုင်ရမှာလည်း ညီကိုတို့။
ဓလေ့ရိုးရာ အလာအသွား
နတ်စားခြင်းမဟုတ်ဘူးနော်
မတော်လောဘသမားတွေ
အထင်တွေနဲ့ ကောက်ချက်ဆွဲထားတဲ့
ယူစွဲတဲ့ အလေ့အထလည်း မဟုတ်ဘူး
ပြန်လည်ပူးပေါင်းခြင်း
ရင်းနှီးကြွမ်းဝင်ခြင်း
ညီရင်းအကို မောင်ရင်းနှမ
မမေ့ကြတဲ့ ကရင့်သကေင်္တတွေဖြစ်တယ်။
သက်ဝင်ယုံကြည်တဲ့တရား
နတ်စားခြင်းသော်လည်းကောင်း
ရာရာပေါင်းဟာ ဖန်ဆင်းရှင်မှသော်လည်းကောင်း
ရုပ်ပေါင်း နာမ်ပေါင်းဟာ အစိုးမရ
အနတ္တသဘောရှိတဲ့တရားသည်လည်းကောင်း
သင်နှစ်ထောင်းအားကျတဲ့
အဘယ်ကဲ့သို့သော သက်ဝင်ယုံကြည်မှုဟာ
သင့်ဘာသာ ယုံကြည်ကိုးကွယ်မှုဖြစ်တာမို့
ကျုပ်တို့လူမျိုး တန်ဖိုးထားသင့်တဲ့
ချည်ဖြူဖွဲ့အလေ့အထဖြစ်သည့်
မိရိုးဖလာ ယဉ်ကျေးမှုအမွေအနှစ်
မရောပစ်လိုက်ကြပါနဲ့နော်။
ခက်တာက ထိတ်တန်းက
စိတ်လမ်းပြတဲ့သူတွေက
နိမ့်ကျတဲ့သဘောဆောင်နေလေသဖြင့်
တင့်တယ် လန်းဆန်းတည်တံ့ခဲ့တဲ့
ချည်ဖြူဖွဲ့ဓလေ့အစဉ်အလာ
မှေးမှိန်ကာ ထည်ဝါမှုတွေလျော့ကျ
ဘဝတွေဟာ ကင်းကွာလာကြတယ်။
အဖြူရောင်သံယောဇဉ်ကြိုး
နံ့ကြိုင်ဖြိုး နံ့မွှေးလွန်းပါတဲ့ပန်း
မြတ်နိုးတန်ဖိုးးထားတတ်မှု
ဂရုပြုလေးစားလိုက်နာမှု
ညီညွှတ်မှုပေါင်းစပ်ထားဓလေ့တွေ
ပြန်လာလေ ပလူးလာ ပလူးလာ ဂယ့်ထိုင်(ဟှယ့်ထါင်)
ငေးမှိုင်တွေဝေခြင်း ကင်းကြပါစေ
ကိုယ့်မြေ ကိုယ့်ရွာ ကိုယ့်ဌာနေ
ပြန်လည်နေထိုင်နိုင်ကြပါစေ
ညီကိုတွေအချင်းချင်း
တိုက်ခိုက်ခြင်း အဖြစ်မခံကြရပါစေနဲ့
မြေပေါ်နဲ့မြေအောက်သယံဇာတ
မြစ်တစင်း ချောင်းတလက်မှရောင်းစားမခံပါရစေနဲ့ဗျာ
ပလူးလာ ပလူးလာ ဂယ့်ထိုင်(ဟှယ့်ထါင်)။
၂၄ ဇူလိုင် ၂၀၁၆