Home သတင်း ကရင်စာသင်ကြား‌ရေး တိကျသည့်ညွှန်ကြားချက် ထုတ်ပြန်‌ပေးရန် ဧရာဝတီတိုင်း စာယဉ်‌တောင်းဆို

ကရင်စာသင်ကြား‌ရေး တိကျသည့်ညွှန်ကြားချက် ထုတ်ပြန်‌ပေးရန် ဧရာဝတီတိုင်း စာယဉ်‌တောင်းဆို

2412

ဇူလိုင် ၁၂ရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းရှိ အ‌ခြေခံပညာ‌ကျောင်းများတွင် ကရင်စာသင်ကြား‌ရေးအတွက် သက်ဆိုင်ရာ အစိုးရအ‌နေဖြင့် တိကျ‌သေချာသည့် ညွှန်ကြားချက် ထုတ်ပြန်‌ပေးရန် ဇူလိုင်လ ၉ရက်‌နေ့တွင် ပုသိမ်မြို့၊ စ‌ကောကရင် သာသနာနယ် နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်၊ ခန်းမ၌ ပြုလုပ်သည့် ၎င်းတိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီအစည်းအ‌ဝေးတွင် ‌တောင်း ဆိုလိုက်သည်။

အဆိုပါ ဧရာဝတီတိုင်း စာယဉ်အစည်းအ‌ဝေးသို ့ တိုင်း‌ဒေသကြီးအတွင်းရှိ မြို့နယ် ၂၀‌ကျော်မှ စာယဉ်တာဝန်ရှိသူများ တက် ‌ရောက်ခဲ့ကြပြီး အစည်းအ‌ဝေးတွင် ၂၀၁၆-၁၇ ပညာသင်နှစ်အတွင်း အ‌ခြေခံပညာ‌ကျောင်းများ၌ ကရင်စာသင်ကြား‌ရေးအတွက် သက်ဆိုင်ရာအစိုးရမှ တိကျ‌သေချာသည့် ညွှန်ကြားချက် ထုတ်ပြန်‌ပေးရန်နှင့် ‌ကျောင်းချိန်အတွင်း ကရင်စာသင်ကြားခွင့်‌ပေးရန် အချက် ၂ချက်ကို တိုင်း‌ဒေသကြီးအစိုးရထံ တင်ပြသွားရန် ဆုံးဖြတ်ခဲ့သည်ဟု တိုင်းစာယဉ် ဒုဥက္ကဌ မန်းထွန်းလင်းက ‌ကေအိုင် စီသို့ ‌ပြောသည်။

မန်းထွန်းလင်းက “အခု တိုင်းအတွင်းမှာ ကရင်စာ‌ပေသင်ကြား‌ရေးက တ‌နေရာနဲ့တ‌နေရာ မြို့နယ်ပညာ‌ရေးမှူး‌တွေရဲ့ ‌ပြော စကားက မတူညီဘူး။ တစ်မြို့နယ်ကို တမျိုးနီးပါးဖြစ်‌နေတယ်။ ဒါ‌တွေကို စနစ်တကျ တ‌ပြေးညီဖြစ်ဖို့ တင်ပြတာ‌ပေါ့။ အဲ့ဒါကို တိုင်းဝန်ကြီးချုပ်ရယ်၊ ကရင်‌ရေးရာဝန်ကြီးရယ်၊ လူမှု‌ရေးဝန်ကြီးဆီကို အစည်းအ‌ဝေး ဆုံးဖြတ်ချက်‌ပေးပို့ပြီး သူတို့နဲ့ ‌ဆွေး‌နွေးဖို့ ‌တောင်းဆိုမယ်”ဟု ‌ပြောသည်။

အဆိုပါတိုင်း‌ဒေသကြီးအတွင်း ကရင်စာ‌ပေသင်ကြား‌ရေးအတွက် သက်ဆိုင်ရာ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီများက လုပ်‌ဆောင်‌နေ‌သော်လည်း လူမှု‌ရေးအဖွဲ့အစည်းသာဖြစ်သည့်အတွက် ညွန်ကြားချက် မထုတ်ပြန်နိုင်သလို စာယဉ်များ၏ တင် ပြ‌တောင်းဆိုမှုကို အစိုးရတာဝန်ရှိသူများအ‌နေဖြင့် အ‌လေးထား နား‌ထောင်‌ပေး‌စေလို‌ကြောင်း ပန်းတ‌နော်မြို့နယ် ကရင်စာ‌ပေ နှင့် ယဉ်‌ကျေးမှု‌ကော်မတီ တွဲဖက်အတွင်း‌ရေးမှူး မန်းဝင်း‌မောင်က ဆိုသည်။

“စာယဉ်ဆိုတာက လူမှု‌ရေးအဖွဲ့အစည်း။ ဘာမှလည်း ကျ‌နော်တို့ကို အသိအမှတ်ပြုတာ မဟုတ်ဘူး။ ဒါ‌ကြောင့် ဝန်ကြီး‌တွေကို ‌ပြောချင်တာက သူတို့ ရက်တစ်ရာ ပြည့်ပြီးလား၊ ရက်တစ်‌ထောင်ပြည့်ပြီးလား မသိ‌သေးဘူး။ ဝန်ကြီး‌တွေနဲ့‌တော့ စကားမ‌ပြောရ ‌သေးဘူး။ သူတို့နဲ့‌တွေ့လို့ရှိရင် ကရင်စာ‌ပေယဉ်‌ကျေးမှု‌ကော်မတီ‌တွေဟာ လူရာသူရာ အသွင်းခံရပီး ကျ‌နော်တို့ရဲ့‌ပြောတဲ့စကား ကို သက်ဆိုင်ရာဌာန‌တွေ အ‌လေးထား‌လေးစားပြီး‌တော့၊ ဖိတ်‌ခေါ်ပြီး‌တော့ ကျ‌နော်တို့ရဲ့ အကူအညီ‌လေး‌တွေကို လက်ခံနိုင်ရင် ‌တော့ အ‌ကောင်းဆုံး‌ပေါ့ဗျာ”ဟု မန်းဝင်း‌မောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ဧရာဝတီတိုင်း‌ဒေသကြီးအတွင်း ၂၀၁၅-၁၆ ပညာသင်နှစ်အတွင်း ပိုးကရင်စာ‌ပေကို အ‌ခြေခံပညာ စာသင်‌ကျောင်း ၁,၀၇၅ ‌ကျောင်းနှင့် စ‌ကောကရင်စာ‌ပေကို ၅၀၂‌ကျောင်း၌ သင်ကြား‌ပေးခဲ့သလို ယခု ပညာသင်နှစ်တွင် ‌ကျောင်းအ‌ရေအတွက် တိုးလာ သဖြင့် စာရင်းအတိအကျကို ပြုစု‌နေ‌ကြောင်း တိုင်းစာယဉ်တာဝန်ရှိသူများထံမှ သိရသည်။