စက်တင်ဘာ ၂၅ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး
ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ကန်သာဦးခမ်းမဆောင်၌ “ဖွံ့ဖြိုးရေးစီမံကိန်းများနှင့် ဒေသခံများ၏ လူမှုအကျိုးစီးပွားဆိုင်ရာ စကား ဝိုင်း”ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ခုကို ယနေ့ စတင် ကျင်းပရာ ဖားအံခရိုင်နှင့် မြို့နယ်မှူးတို့မှ အချက် ၉ချက်ဖြင့် ပွဲကို ရုပ်သိမ်း ရန် ပြောဆိုလိုက်သည်ဟု ဦးဆောင်စီစဉ်သူ လူငယ့်အဝိုင်းအဝန်း-YC တာဝန်ရှိသူများထံမှ သိရသည်။
၎င်းအချက် ၉ချက်မှာ YC အဖွဲ့အား တရားဝင် ဖွဲ့စည်းထားမှု မရှိခြင်း၊ YC အနေဖြင့် NGO/INGO ဟု တိကျစွာ မပြောနိုင်ခြင်း၊ ခွင့်ပြုမိန့်မကျဘဲ ပြုလုပ်ခြင်း၊ ခွင့်ပြုမိန့်အား မြို့နယ်အဆင့်ကိုကျော်၍ ဝန်ကြီးချုပ်အား တိုက်ရိုက် စာတင်ခြင်းဖြင့် ဝန်ကြီးအဖွဲ့ အား အမိန့်ပေးသကဲ့သိုု့ဖြစ်ခြင်း၊ ငြိမ်းချမ်းစွာ စုဝေးခွင့်ကို မတောင်းခံခြင်း၊ နိုင်ငံခြားသားများ ပါဝင်နေခြင်း၊ နိုင်ငံတော် တည်ငြိမ် အေးချမ်းမှုကို ချိုးဖောက်သကဲ့သို့ဖြစ်နေခြင်း၊ အကြည်ညိုပျက်အောင်လုပ်နေခြင်း၊ ရေဘုတ်ဆည်နှင့် မြိုင်ကလေး၏ လက်ရှိ တည်ငြိမ်နေမှုကို ဆွေးနွေးပွဲပြုလုပ်ခြင်းဖြင့် မတည်ငြိမ်အောင် ပြုလုပ်သလိုဖြစ်နေခြင်း၊ တရားဝင် လုပ်ဆောင်ရမည့် လုပ်ငန်း ဆောင်တာများအား အဆင့်ဆင့် လုပ်ဆောင်ရန် အားနည်းခြင်း စသည့်အချက်များဖြင့် ရုတ်သိမ်းခိုင်းခြင်းဖြစ်ကြောင်း YC မှ စောထွန်းထွန်းက ပြောသည်။
စောထွန်းထွန်းက “ဒီပွဲလုပ်ဖို့ ကျနော်တို့စာ ၃ကြိမ်တိတိ တင်ထားပြီးပါပြီး။ ဒီပွဲကိုတက်ရောက်ပေးဖို့လည်း စာတင်တယ်။ ဒါပေမဲ့ ကျနော်တို့ကို ၂၄ရက်ညက ခေါ်တွေ့ပြီး ပွဲကိုဆက်မလုပ်ဖို့ ပြည်နယ်ဝန်ကြီးက ပြောတယ်။ ဒီနေ့မနက်မှာလည်း ကျနော် တို့ကို ဘာကြောင့် ပွဲကို ဆက်မလုပ်စေချင်လဲဆိုတာ အချက် ၉ချက်ကို ဒီနေ့မနက်မှ ခေါ်ယူပြောပြတယ်״ဟု ကေအိုင်စီသို့ ဆိုသည်။
စကားဝိုင်းပွဲကို ရုပ်သိမ်းရန် ယမန်နေ့ညက ဖားအံမြို့နယ်မှူးဦးရဲမင်းအောင် နှင့်ဖားအံခရိုင်မှူး ဦးကျော်စိုးဝင်းတို့က ပြောဆိုခဲ့သ ကဲ့သို့ ယနေ့မွန်းတည့် ၁၂နာရီခွဲခန့်တွင်လည်း ပြည်နယ်ဝန်ကြီးချုပ်၊ နယ်လုံဝန်ကြီး၊ ပြည်နယ်ရဲမှူး၊ မြို့နယ်ရဲမှူးနှင့် လူငယ်အဝိုင်း အဝန်း-YC မှ တာဝန်ရှိသူများ တွေ့ဆုံ၍ ဥပဒေအတိုင်းဆက်လုပ်ရန် ပြောဆိုခဲ့သည်။
ထို့အပြင် ခန်းမဆောင်ပိုင်ရှင်ကိုလည်း အစိုးရက ပွဲလုပ်ဆောင်ခွင့်မပြုရန် ဖိအားပေးမှုများရှိခဲ့ပြီး မွန်းလွဲ ၁နာရီခန့်တွင် ဖားအံမြို့ နယ်မှူး ဦးရဲမင်းအောင်က ပွဲကို ပြန်လည်မကျင်းပရန် ဖုန်းဆက်ပြောဆိုခဲ့သည်ဟု စောထွန်းထွန်းက ဆက်ပြောသည်။
ယနေ့ စတင်ပြုလုပ်သည့် စကားဝိုင်းသို့ ဖိတ်ကြားထားသည့် ကရင်အမျိုးသားအစည်းအရုံး-KNU တွဲဖက် အထွေထွေ အတွင်း ရေးမှူး(၂) ပဒိုမန်းမန်းမန်းနှင့် လယ်ယာမြေ နစ်နာဆုံးရှုံးသည့် ထီလုံရေဘုတ်ဆည်နှင့် မြိုင်ကလေးကျေးရွာ မှ ဒေသခံလယ်သ မားများ၊ ကရင်ပြည်နယ်အခြေစိုက် ကုမ္ပဏီ တာဝန်ရှိသူများ၊ ရှေ့နေများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ADB ဘဏ်မှ တာဝန်ရှိ သူ အပါအဝင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အဖွဲ့ကိုယ်စားလှယ်များ စုစုပေါင်း ၂၀ဝ ဝန်းကျင် တက် ရောက်ခဲ့ကြသည်။
စကားဝိုင်း လာရောက်သည့် နောင်ကမြိုင်စံပြကျေးရွာမှ စောဖလာ့ထူးက “ကျနော်က ရွာကိုယ်စားအနေနဲ့ လာတက်တာပါ။ အဓိကအားဖြင့် ရေမြှုပ်ပြီးဆုံးရှုံးသွားတဲ့ ကျနော်တို့ လယ်မြေကိစ္စနဲ့ ပတ်သက်ပြီး ဘာလုပ်ပေးမလဲဆိုတာ သိချင်လို့ပါ။ အခုလို ပွဲပျက်သွားတော့ သိချင်တာတွေ၊ တင်ပြချင်တာတွေ စိတ်ထဲမှာ ခံစားနေရတာတွေကို တင်ပြခွင့်မရတော့ဘူးပေါ့״ဟု ကေအိုင်စီ သို့ ပြောသည်။
ပွဲရုပ်သိမ်းရခြင်းနှင့် ပတ်သက်၍ အခြေအနေမှန်သိရင် အစိုးရဘက်ရှိ မြို့နယ်မှူးထံသို့ ကေအိုင်စီက ဆက်သွယ်မေးမြန်းခဲ့သော် လည်း ဆက်သွယ်မှု မရရှိခဲ့ပါ။
ယနေ့ပြုလုပ်သည့် စကားဝိုင်းပွဲတွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ထီလုံရေဘုတ်ဆည်၊ မြိုင်ကလေးဘိလပ်မြေစက်ရုံ၊ ကော့ ကရိတ်မှ ရာဘာစိုက်ခင်းများနှင့် ကြာအင်းဆိပ်ကြီးမှ လမ်းအသစ်ဖောက်လုပ်မှု စသည့်ဖွံ့ဖြိုးရေး၊ စီးပွားရေးလုပ်ငန်းစီမံကိန်းများ ကြောင့် ဒေသခံများ၏ ထိခိုက်နစ်နာမှုများအား YC မှ တနှစ်နီးပါး သုတေသနပြုထားချက်များကို ရှင်းလင်းဖော်ပြရန် ရည်ရွယ် ချက်ဖြင့် ဖားအံမြို့၌ ပထမဦးဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်သည်။