Home သတင်း မဲ‌ဆောက်-မြဝတီမှ ဥ‌ရောပ‌ဒေသအထိ ကုန်းလမ်းဖြင့် မကြာမီ တိုက်ရိုက် ကုန်သွယ်နိုင်‌တော့မည်

မဲ‌ဆောက်-မြဝတီမှ ဥ‌ရောပ‌ဒေသအထိ ကုန်းလမ်းဖြင့် မကြာမီ တိုက်ရိုက် ကုန်သွယ်နိုင်‌တော့မည်

1508

စက်တင်ဘာ ၂၅ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်-မြဝတီ‌ဒေသမှ ဥ‌ရောပ‌ဒေသအထိ ကုန်းလမ်းခရီးဖြင့် မကြာ‌တော့မည့်အချိန်အတွင်း တိုက်ရိုက် ကုန်သွယ်မှုပြုနိုင်‌တော့မည်ဟု မဲ‌ဆောက်မြို့တွင် ယ‌နေ့ ပြုလုပ်သည့် အထူးစီးပွား‌ရေးဇုန်ဆိုင်ရာ အ‌ထောက်အကူပြု ကုန်စည်ပြ ပွဲတွင် ထိုင်းနိုင်ငံ၏ ဝန်ကြီင်္းချုပ်ရုံး ဒုတိယဝန်ကြီး နိုင်ချိုင်ယာယင်‌မွေ့လိုင်က ‌ပြောဆိုလိုက်သည်။

ဒုဝန်ကြီးက နိုင်ချိုင်ယာယင်‌မွေ့လိုင်က “အခုဆိုရင် ထိုင်းဘက်မှာ နိုင်ငံတကာအဆင့်မီ အထူးစီးပွား‌ရေးဇုန်ကြီးကို တည် ‌ဆောက်‌နေတယ်။ နိုင်ငံတကာအ ဆင့်မီ မဲ‌ဆောက်တိုးချဲ့‌လေယာဉ်ကွင်း၊ ဒုတိယ‌မြောက် ချစ်ကြည်‌ရေးတံတား အပါအဝင် စီမံ ကိန်းဆိုင်ရာလုပ်ငန်း‌တွေက သုံးနှစ် တာကာလ မတိုင်ခင် ပြီးမှာဖြစ်တဲ့အတွက် ‌ဒေသတွင်းမှာ အချက်အခြာကျတဲ့ မဲ‌ဆောက်နဲ့ မြဝတီ နှစ်ဖက်အထူးစီးပွား‌ရေးဇုန် ‌ဒေသက‌နေ ဥ‌ရောပအထိ ကုန်းလမ်းက‌နေ ကုန်သွယ်နိုင်‌တော့မှာဖြစ်တယ်”ဟု ဆိုသည်။

ထို့အပြင် အထူးစီးပွား‌ရေးဇုန်စီမံကိန်းမှာ နှစ်နိုင်ငံအကြား စီးပွား‌ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပိုပြီးမြန်ဆန်လွယ်ကူလာမည် ဖြစ်သကဲ့သို့ အထူးသဖြင့် မဲ‌ဆောက်ဖက်တွင် အလုပ်သမား‌ပေါများခြင်းက အထူးစီးပွား‌ရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုများအတွက် အ‌ထောက်အကူ ပို၍ဖြစ်‌စေပြီး ‌ကောင်းမွန်သည့် အ‌နေအထားများရှိသည်ဟုလည်း ဒုဝန်ကြီးက ဖြည့်စွက်‌ပြောဆိုသည်။

ယ‌နေ့မှစ၍ မဲ‌ဆောက်မြို့‌တော်ခန်းမတွင် သုံးရက်ကြာ ကျင်းပမည့် မဲ‌ဆောက်ကုန်စည်ပြပွဲသို့ ထိုင်းနိုင်ငံဝန်ကြီးချုပ်ရုံး ဒုတိယဝန် ကြီးနှင့် တာ့ခ်ခရိုင်မှ အဆင့်မြင့်‌ခေါင်း‌ဆောင်များ၊ မြန်မာဘက်ခြမ်း မြဝတီခရိုင်မှ အဆင့်မြင့်‌ခေါင်း‌ဆောင်များ နှစ်ဖက်စီးပွား‌ရေး လုပ်ငန်းရှင်များ တက်‌ရောက်အား‌ပေးခဲ့ကြပြီး ထိုင်းနိုင်ငံထုတ်ကုန်များနှင့်အတူ မြန်မာနိုင်ငံဘက်မှ ‌ရေထွက်ကုန်၊ လယ်ယာ ထွက်ကုန်၊ ‌ကျောက်မျက်လုပ်ငန်းကုမ္ပဏီများ သနပ်ခါး အပါအဝင် မြန်မာ့ရိုးရာအလှကုန်များ၊ မြန်မာ့ဖိနပ်မျိုးစုံနှင့် ရိုးရာအစားအ ‌သောက်အချို့ လာ‌ရောက်ပြသခဲ့ကြသည်။
DSC01548
မြန်မာ့လယ်ယာထွက်ကုန်လုပ်ငန်းရှင် ဦး‌အောင်‌ကျော်က “ထိုင်းဘက်က အထူးစီးပွား‌ရေးဇုန်ပြီးရင်‌တော့ နှစ်ဖက်စလုံးအတွက် ကုန်သွယ်မှုအခွင့်အ‌ရေး‌တွေက တိုးတက်လာမှာဖြစ်တယ်။ မြဝတီမှာဆိုရင် အထူးစီးပွား‌ရေးဇုန်က တည်‌ဆောက်ပြီးတာ ကြာပါ ပြီး။ ‌ပြောရမယ်ဆိုရင် မဲ‌ဆောက်ထက်ကို ‌စောပါတယ်။ မဲ‌ဆောက်နဲ့ မြဝတီက အာရှလမ်းပိုင်းရဲ့ အဓိက‌နေရာမှာရှိ‌နေတဲ့အတွက် မကြာခင်မှာ အ‌ရှေ့နဲ့အ‌နောက်ကို ကုန်းလမ်းက‌နေ တိုက်ရိုက် ဆက်သွယ်‌ပေးမဲ့ အဓိကလမ်း‌ကြောဖြစ်မဲ့အတွက် ကျ‌နော်တို့ဖက် ကလည်း ‌ဒေသတွင်း ကုန်သွယ်မှုလုပ်ငန်း‌တွေမှာ ‌နောက်‌ကောက်မကျရ‌အောင် ပြင်ဆင်ရမှာဖြစ်တယ်”ဟု ဆိုသည်။

သုံးနှစ်နီးပါးကြာမြင့်မည့် ၎င်းစီမံကိန်းကာလ မတိုင်ခင်နှင့် အပြီးတွင် လုပ်ငန်းခွင်အသီးသီး၌ မြန်မာအလုပ်သမား သိန်းဂဏန်းနီး ပါး အလုပ်အကိုင် အခွင့်အ‌ရေးများ ရရှိ‌စေမည်ဖြစ်‌ကြောင်းလည်း မဲ‌ဆောက်အထူးစီးပွား‌ရေးဇုန် တည်‌ဆောက်‌ရေးအဖွဲ့ တာဝန်ရှိ သူတဦးဖြစ်သည့် နိုင်‌ထောင်းခမ်းက ‌ပြောဆိုသည်။

မဲ‌ဆောက်အထူးစီးပွား‌ရေးဇုန်စီမံကိန်းတွင် ပါဝင်သည့် မဲ‌ဆောက်-မြဝတီ ဒုတိယ‌မြောက် ချစ်ကြည်‌ရေးတံတားကို ထိုင်းနိုင်ငံ ဘက်က ထိုင်းဘတ်‌ငွေသန်း(၃,၉၀၀) အကုန်ကျခံကာ စတင်တည်‌ဆောက်‌နေပြီး တည်‌ဆောက်သည့်ကာလ ၂နှစ်ခွဲခန့်ကြာ မည်ဟု ထိုင်းဘက်က ‌ပြောသည်။ ထို့အပြင် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်‌ရေးမှာ ၂၀၁၅ခုနှစ်က ကုန်သွယ်မှုပမာဏ ၆ဝဘီလီ ယံအထိရှိခဲ့ပြီး ၂၀၁၆ခုနှစ်တွင် ကုန်သွယ်မှု ပမာဏကို ဘီလီယံ ၁၂ဝအထိ လျာထားသည်ဟု မြန်မာဘက်က ဆိုသည်။

မဲ‌ဆောက်အထူးစီးပွား‌ရေးဇုန်သည် မဲ‌ဆောက်မြို့ကို ဗဟိုပြုကာ ဆက်စပ်သုံးမြို့နယ်အတွင်း တည်‌ဆောက်‌နေ‌သော ထိုင်းအစိုးရ ၏ စီမံကိန်းတစ်ခု ဖြစ်သည်။ အဆိုပါ နှစ်နိုင်ငံ ကုန်စည်ပြပွဲကို ယခုလ ၂၁ရက်နှင့် ၂၂ရက်‌နေ့များကလည်း မြန်မာဘက်ခြမ်း၊ မြဝတီမြို့တွင်းရှိ ‌သောင်ရင်းခန်းမ၌ ပြုလုပ်ပြီးစီးခဲ့ပြီး ဖြစ်သည်။