Home တွေ့ဆုံမေးမြန်းခန်း ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ-USDP မှ နန်းနီနီ‌အေးနှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ-USDP မှ နန်းနီနီ‌အေးနှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

2006

၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ ကမ‌မောင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်‌တော် ကိုယ်စားလှယ်‌လောင်းအဖြစ် ဝင်ပြိုင်မဲ့ ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ-USDP မှ နန်းနီနီ‌အေးနှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

‌မေး – အစ်မအ‌နေနဲ့ လွှတ်‌တော်ကိုယ်စားလှယ်အ‌နေနဲ့ ပါဝင်လာခဲ့မှုကို အရင်ဆုံး ‌ပြောပြ‌ပေးပါလား။
ပြီးခဲ့တဲ့ ၂၀၁ဝ ‌ရွေး‌ကောက်ပွဲမှာ ကရင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၆)၊ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ်အ‌နေနဲ့ ဖာပွန်မြို့နယ်က‌နေပြီး‌တော့ ပြည်ခိုင်ဖြိုးပါတီအ‌နေနဲ့ အ‌ရွေးချယ်ခံရတာ‌ပေါ့‌နော်။ ၂၀၁ဝမှာ‌တော့ လွှတ်‌တော်ကိုယ်စားလှယ်တစ် ‌ယောက်ရဲ့ တာဝန်က ဘာလဲ၊ လွှတ်‌တော်ရဲ့တာဝန်က ဘာလဲဆိုတာကို အ‌ရွေးချယ်သာခံရတယ်။ ရှင်းရှင်း‌ပြောမယ်ဆိုရင် ဘယ် သူမှ ‌ကောင်း‌ကောင်းနားမလည်ဘူး။ ဘာဖြစ်လို့လဲဆို‌တော့ ကိုယ့်နိုင်ငံ ဒီလို‌ခေတ်စနစ်အ‌ပြောင်းအလဲမှာ လွှတ်‌တော်ကလည်း အခုမှစပြီးဖြစ်လာတယ်ဆိုတဲ့အခါကျ‌တော့ ဘယ်သူမှ ဒီတာဝန်ကို ဂဃနဏ မသိဘူး။ မသိတဲ့အခါ လွှတ်‌တော်စတက်တဲ့အခါ ဘယ်လို‌လေ့လာရသလဲဆို‌တော့ နိုင်ငံတကာ လွှတ်‌တော်‌တွေရဲ့ အ‌ခြေအ‌နေ‌ပေါ့‌နော်။ လွှတ်‌တော်လုပ်ငန်း‌တွေ ဘာ‌တွေလုပ်သ လဲ၊ လွှတ်‌တော်ကိုယ်စားလှယ်ရဲ့တာဝန်က ဘာ‌တွေရှိသလဲ‌ပေါ့။ အဲ့လိုမျိုး‌တွေလိုက်ပြီး‌တော့ ဖတ်ရှု‌လေ့လာ‌ပေါ့‌နော်။
၂၀၁၁က‌တော့ လွှတ်‌တော်စတက်တဲ့ တနှစ်လုံး စမ်းတဝါးဝါး ဖြစ်‌နေတာ‌ပေါ့။ ၂၀၁၂‌လောက်မှ ကိုယ့်လုပ်ငန်းတာဝန် ကို ဂဃနဏ သိသွားတယ်။ ၂၀၁၂ကစပြီး‌တော့ ကိုယ့်ရဲ့မဲဆန္ဒနယ်‌မြေမှာ လိုအပ်မှု‌တွေ အများအပြားကို ကိုယ်တတ်နိုင်တဲ့ဖက် က စတင်ပြီး‌တော့ လုပ်‌ဆောင်ခဲ့တယ်။ ဖာပွန်‌ဒေသကလည်း သိတဲ့အတိုင်းပဲ။ ကိုယ့်ရဲ့ကရင်ပြည်နယ်မှာဆိုရင် ဖွံ့ဖြိုးမှု အ‌နောက် ကျဆုံး၊ လုံခြုံမှုကလည်း အနည်းဆုံးဖြစ်တဲ့အတွက်‌ကြောင့်မို့လို့ ‌ဒေသလိုအပ်ချက်‌တွေက အများကြီး‌ပေါ့။ နိုင်ငံ‌ရေး၊ စီးပွား‌ရေး၊ လူမှု‌ရေး၊ ကျန်းမာ‌ရေး၊ ပညာ‌ရေးအစ အစုံ အများကြီးရှိတယ်။
ဖာပွန်မြို့နယ် ကမ‌မောင်းအခြမ်းဆိုရင် သံလွင်မြစ်ကမ်းပါးရှိ‌တော့ ‌ရေတိုက်စားတယ်‌လေ။ အဲ့လို သံလွင်မြစ်ကမ်းပါး ‌တွေ မပြို‌အောင် နိုင်ငံ‌တော်အစိုးရကို တင်ပြ‌ပေးခဲ့တယ်။ အစိုးရကလည်း မြစ်ထိန်းနံရံ‌တွေ မလုပ်နိုင်‌တောင်မှ ‌ရေလမ်း‌ကြောင်း ‌ပြောင်းလဲသွား‌အောင် မြစ်ထဲကို ‌ကျောက်ချပြီး‌တော့ လုပ်‌ပေးခဲ့တာ ခုဆိုရင် ‌ရေလမ်း‌ကြောင်း ‌ပြောင်း‌ပေးလိုက်တဲ့အတွက် ‌ကြောင့် သံလွင်မြစ်ကမ်းပါးပြိုတာ‌တွေ အ‌တော်‌လေး သက်သာသွားတယ်‌ပေါ့‌နော်။ ဒါ‌ပေမယ့် ‌ရေရှည်ထပ်လုပ်ဖို့‌တော့ လို‌သေး တယ်။ ဖာပွန်-ကမ‌မောင်းလမ်း။ ဝါးဘိုး‌တော-ကမ‌မောင်းလမ်း‌တွေကို ဖာပွန်မြို့နယ်က လွှတ်‌တော်ကိုယ်စားလှယ် (၅)ဦးစလုံး ကြိုးပမ်းပြီး‌တော့ လုပ်‌ပေးခဲ့တယ်။ ဝန်ထမ်း‌တွေ လစာနှစ်ဆရရှိဖို့ လုပ်ခဲ့တယ်။ အဲ့ဒီအတွက် ‌ဆွေး‌နွေး‌ပေးခဲ့တယ်။ ပညာ‌ရေး ကဏ္ဍ၊ ‌ကျောင်းရရှိ‌ရေး၊ ရွာလမ်း‌တွေ ‌တော်‌တော်များများ ဟိုဖက်အခြမ်း(‌တော်လှန်‌ရေးနယ်)ကဆိုရင် အစိုးရက ချ‌ပေးတာကို လက်မခံတဲ့အပိုင်း‌တော့ထားပြီး ပြည်သူ‌တွေက လက်ခံတဲ့အပိုင်း‌တွေကို လုပ်‌ပေးခဲ့တယ်။ မြို့တွင်းလမ်း‌တွေ၊ ‌ကျေးရွာ‌တွေဆို ဆိုလာမီး‌တွေ၊ ‌ရေ‌တွေ ဒါ‌တွေကို တတ်နိုင်သ‌လောက် သုံး‌လေးနှစ်အတွင်းမှာ လုပ်‌ပေးခဲ့တယ်။

‌မေး – ၂၀၁ဝတုန်းက ကြံ့ခိုင်‌ရေးက အနိုင်လည်းရ၊ အစိုးရလည်း ဖွဲ့နိုင်ခဲ့တာ‌ပေါ့‌နော်။ ၂၀၁၅အတွက် အစ်မတို့ ဘယ်လို‌မျှော်လင့် ချက်ရှိသလဲ ‌ပြောပြ‌ပေးပါ။
၂၀၁၅ကျ‌တော့လည်း ကိုယ့်ကြံ့ခိုင်‌ရေးပါတီအ‌နေနဲ့ ဆိုလို့ရှိရင်‌တော့ အတတ်နိုင်ဆုံး ‌နေရာအပြည့် တစ်နိုင်ငံလုံး မဲဆန္ဒ နယ်‌မြေ ၁,၁၇၁‌နေရာအပြည့် ဝင်ပြီး‌တော့ အ‌ရွေးခံတယ်‌ပေါ့‌နော်။ ပါတီကလည်း တတ်နိုင်သလို ကိုယ့်ရဲ့မဲဆန္ဒနယ်‌မြေမှာ အနိုင် ရရှိ‌ရေးအတွက် တတ်အားသ၍ ကြိုးစားတယ်‌ပေါ့။ အ‌ဖြေက‌တော့ ဒီနိုဝင်ဘာလ(၈)ရက်‌နေ့မှပဲ သိရမှာ‌ပေါ့‌နော်။

‌မေး – ကြံ့ခိုင်‌ရေး‌ခေါင်း‌ဆောင်‌တွေ‌ပေါ့‌နော်။ မကြာ‌သေးခင်တုန်းက အ‌ပြောင်းအလဲဖြစ်သွားတာကို‌ပေါ့။ လက်ရှိပါတီ ပြည်နယ် အဆင့်၊ မြို့နယ်အဆင့်ထိ ဘယ်လိုရိုက်ခတ်မှု‌တွေများ ရှိပါသလဲ။
အပြင်မှာကျ‌တော့ အ‌တော်ဂယက်ရိုက်တာ‌ပေါ့‌နော်။ ကိုယ့်ရဲ့ပါတီအတွင်းမှာ‌တော့ အဲ့ဒီ‌လောက်ကြီး‌တော့မရှိပါဘူး။ ‌အောက်‌ခြေက‌နေ အ‌ပေါ်လူကြီး‌တွေ‌လောက်ထိ ပါတီရဲ့မူဝါဒ‌တွေ လုပ်ငန်းစဉ်‌တွေက မ‌ပြောင်းလဲဘူး။ လူသာ နည်းနည်းချိန်း သွား‌ပေမယ့်လည်း အစ်မဆိုရင် ပါတီဗဟို‌ကော်မတီဝင်၊ ကရင်ပြည်နယ်မှာဆိုရင် ဗဟို‌ကော်မတီဝင်နည်းတယ်‌လေ။ ခုနှစ် ‌ယောက်၊ ရှစ်‌ယောက်ပဲရှိတယ်။ အဲ့ဒီထဲမှာ မိန်းက‌လေးအ‌နေနဲ့လည်း ကိုယ်တစ်‌ယောက်ပဲ။ ကိုယ့်အ‌နေနဲ့ ဘာမှအကျိုးသက် ‌ရောက်မှု ‌ပြောင်းလဲသွားတာမျိုး‌တွေ မရှိပါဘူး။

‌မေး – တ‌လောက ပြည်နယ်‌တွေမှာ ကြံ့ခိုင်‌ရေးပါတီထဲက‌နေပြီး‌တော့ ဝန်ကြီးချုပ်လုပ်ခဲ့တဲ့ ကယားပြည်နယ်ဝန်ကြီးချုပ်ဆို နှုတ် ထွက်ပြီး တသီးပုဂ္ဂလ ပြိုင်ခဲ့တာ‌ပေါ့‌နော်။ ကရင်ပြည်နယ်မှာလည်း ကြံ့ခိုင်‌ရေးက‌နေပြီး‌တော့ ပြည်နယ်ဝန်ကြီးဖြစ်လာမယ့်သူ ‌တွေက အခုပါတီ‌ပြောင်းပြိုင်တယ်‌ပေါ့။ ဒါ‌တွေက‌ရော ပါတီနဲ့ ဘယ်လိုမသင့်မမြတ် ဖြစ်တာလဲ။ ပါတီရဲ့အစီအစဉ်ပဲလား။ သူတို့ရဲ့ သီးခြား‌ရွေးချယ်မှုလား၊ ဘယ်လို‌ကြောင့်များလို့ ထင်ပါသလဲ။
အစ်မ‌ပြောချင်တာက ၂၀၁၅‌ရွေး‌ကောက်ပွဲအတွက် သူတို့‌တွေက‌တော့ ၂၀၁ဝတုန်းက ပါတီအ‌နေနဲ့ဝင်ပြိုင်ပြီး‌တော့ အနိုင်ရရှိ‌တော့ ဝန်ကြီး‌တွေဖြစ်ကြတယ်‌ပေါ့။ ၂၀၁၅ ပါတီပြန်ပြီး‌တော့ ‌ရွေးမယ်ဆိုတဲ့အခါကျ‌တော့ ဆန္ဒ‌တောင်းတယ်‌လေ။ ဝင် ‌ရွေးမလား‌ပေါ့‌နော်။ ကိုယ်ပိုင်ဆန္ဒ အစ်မတို့ဆိုရင်လည်း သူတို့ဆန္ဒ‌မေးတယ်။ ကိုယ် ဘယ်လွှတ်‌တော်က‌နေ ဝင်ပြိုင်ချင်သလဲ ‌ပေါ့။ ဦးစား‌ပေးက ဘယ်လွှတ်‌တော်လဲ။ ဘယ်မဲဆန္ဒနယ်‌မြေက ပြိုင်ချင်သလဲ အဲ့လို ‌တောင်းတယ်။ ခုနက‌ပြောတဲ့ ပြည်နယ်က ဝန်ကြီး‌တွေက ဆန္ဒမ‌ပေး‌တော့ သူ့‌နေရာကို တခြားသူ‌တွေ အစားထိုးတာ‌ပေါ့။ ‌နောက်နီးလာမှ သူတို့ အ‌ရွေးခံမယ်လို့ အဲ့လိုပြန် ‌ပြောတာ‌တွေ ရှိတဲ့အခါကျ‌တော့ ဒီမှာ အစားထိုးထားပြီးဖြစ်‌တော့ ‌နေရာမရှိ‌တော့ဘူး‌ပေါ့‌နော်။ အဲ့လိုမျိုးဖြစ်တာ‌ပေါ့။ ပါတီနဲ့ မတည့်၊ မသင့်မမြတ်၊ သဟဇာတမရှိ အဲ့ဒါမျိုး‌တော့ မရှိပါဘူး။

‌မေး – ကျ‌နော်တို့နိုင်ငံရဲ့ အဓိကပြဿနာထဲမှာပါတဲ့ တိုင်းရင်းသားအ‌ရေးနဲ့ပတ်သက်ရင် ‌ပေါ်လစီတိတိကျကျ ထုတ်ပြန်‌ပြောဆို တာ‌လေး‌တွေ အရမ်းအားနည်းတယ်။ အစ်မလည်း ပါတီဗဟို‌ကော်မတီအ‌နေနဲ့ဆိုရင် တိုင်းရင်းသားနဲ့ ပတ်သက်တဲ့မူဝါဒ၊ ‌ရှေ့ ဆက်လုပ်‌ဆောင်မဲ့ အချက်အလက်‌တွေ‌ပေါ့။ အစ်မကိုယ်တိုင်လည်း တိုင်းရင်းသားဖြစ်‌တော့ ဘယ်လိုမျိုး‌လေး‌တွေရှိသလဲ ဆိုတာ‌လေးကို အားလုံးကို‌ပြောပြ‌ပေးလို့ရရင် ‌ပြောပြ‌ပေးပါ။
အစ်မတို့ပါတီအ‌နေနဲ့ တိုင်းရင်းသားအ‌ပေါ်မှာ ‌ပေါ်လစီက ဘယ်လို‌ပြောမလဲ။ ကိုယ့်ပြည်ခိုင်ဖြိုးပါတီက ကရင်ပြည်နယ် မှာဆိုရင် ကရင်လူမျိုး‌တွေ‌ပေါ့‌နော်။ အဲ့လိုဝင်ပြိုင်တယ်။ ရှမ်းဆိုရင်လည်း ရှမ်း‌ပေါ့။ ကချင်မှာဆိုလည်း ကချင်၊ ကယားမှာဆို လည်း ကယား‌ပေါ့။ ပြည်‌ထောင်စုပါတီလို့လည်း ‌ပြောလို့ရတယ်။ တိုင်းရင်းသားအားလုံးပါဝင်တဲ့ ပါတီ‌ပေါ့‌နော်။ ပါတီတွင်း အစည်းအ‌ဝေးမှာဆိုရင်လည်း တိုင်းရင်းသား‌တွေရဲ့အခွင့်အ‌ရေးကို ပိတ်ပင်တာတို့ တိုင်းရင်းသား‌တွေရဲ့ ရပိုင်ခွင့်‌တွေကို မ‌ပေး တာတို့ အဲ့လိုမျိုး‌တွေမရှိဘူး။ တကယ်ကျ‌တော့ တိုင်းရင်းသားအခွင့်အ‌ရေးကို ပြည့်ပြည့်ဝဝ ‌တောင်းဆိုလို့ရတယ်။ ပြည်ခိုင်ဖြိုး ပါတီဆို‌ပေမယ့် အစ်မတို့လည်း ကိုယ့်ကရင်ဆိုရင် ကရင်စိတ်ဓါတ်ရှိတယ်‌ပေါ့‌နော်။ ကရင်လူမျိုးဆိုရင် ကိုယ့်လူမျိုးကို အစွဲနည်း နည်းရှိတာ‌ပေါ့။ တိုင်းရင်းသားလိုလို သူ့အစွဲ‌လေး‌တွေရှိတယ်။ ဒါ‌ပေမယ့် တစ်ဖက်စွန်းမ‌ရောက်သွားဖို့ပဲ လိုတာ‌ပေါ့။ ပါတီက လည်း ကြီးတဲ့အတွက်‌ကြောင့် ကိုယ့်ပါတီမှာ တိုင်းရင်းသား‌တွေအတွက် အခွင့်အ‌ရေးကို အရယူ‌ပေးနိုင်မယ်‌ပေါ့။ အဲ့လိုမျိုးဆန္ဒနဲ့ လည်း ဒီပါတီကြီးထဲ ပါဝင်တာပါ။ ဗဟို‌ကော်မတီဝင်လူကြီး‌တွေကလည်း တိုင်းရင်းသားရဲ့အ‌ရေးကို ဦးစား‌ပေးဖို့ ဒို့ပါတီက ပြည် ‌ထောင်စုပါတီဖြစ်တဲ့အတွက်‌ကြောင့် တိုင်းရင်းသားအားလုံး၊ နိုင်ငံသားအားလုံးပါဝင်ဖို့ အဲ့လိုမျိုး‌တွေ ခနခန အစ်မတို့ကို အစည်း အ‌ဝေးထဲမှာ ‌ပြောကြားတာရှိတယ်။

‌မေး – အစ်မတို့ပါတီဥက္ကဋ္ဌ နိုင်ငံ‌တော်သမ္မတ ဦးသိန်းစိန်ရဲ့ လစဉ် ‌ရေဒီယိုမိန့်ခွန်း‌တွေမှာဆိုရင် သတိထားမိတာက စစ်မှန်တဲ့ ဖယ်ဒရယ်တည်တဲ့ ပြည်‌ထောင်စုသွားရမယ်လို့ ‌ပြောဆိုလာတာ ‌တွေ့ရတယ်။ ဆို‌တော့ အစ်မတို့ပါတီတွင်းမှာ‌ကော ဖယ်ဒရယ် က ဘယ်လိုပုံစံမျိုးများ ချမှတ်ထားတာရှိသလဲ။ အဲ့ဒါ‌လေးနည်းနည်း‌လောက် ‌ပြောပြ‌ပေးပါ။
ဖက်ဒရယ်ပုံစံသွားမယ်လို့‌တော့ ပါတီက ‌ပြောတယ်‌ပေါ့‌နော်။ ဒါ‌ပေမယ့် အစ်မတို့ရဲ့အ‌ခြေအ‌နေ၊ တိုင်းပြည်ရဲ့ အ‌ခြေအ ‌နေ၊ ‌ခေတ်စနစ်ရဲ့ အ‌ခြေအ‌နေက ဖက်ဒရယ်ကို သွားမယ်ဆိုတာက ဦးတည်‌နေတုန်းပဲ ရှိ‌သေးတာ‌ပေါ့။ ‌ပြောရမယ်ဆိုရင် ဖယ်ဒ ရယ်‌တော့ မရ‌သေးဘူး‌ပေါ့။ ဖက်ဒရယ်ကိုသွားဖို့ ကိုယ်ကိုယ်တိုင်လည်း ရည်ရွယ်ချက်ရှိသလို ကိုယ့်ပါတီကလည်း အဲ့လိုသွားဖို့ ရည်ရွယ်ချက်ရှိတယ်။ ဘယ်လိုဖယ်ဒရယ်နဲ့သွားမလဲဆို‌တော့ တိုင်းရင်းသားဆိုလို့ရှိရင် အစ်မတို့ဆီမှာလည်း ငြိမ်းချမ်း‌ရေးယူ မယ့် တိုင်းရင်းသား‌တွေလည်း ရှိတယ်။ တခြားပြည်နယ်ဆိုရင်လည်း သူတို့ပြည်နယ်အတွက်၊ ငါတို့တိုင်းပြည်အတွက် ဘယ်လို ဖက်ဒရယ်နဲ့ ဘယ်လိုပုံစံနဲ့သွားမယ်ဆိုတာ ဆက်လက်ပြီး‌တော့ ညှိနှိုင်း‌ဆောင်ရွက်ရမှာ‌ပေါ့‌နော်။
DSC02114
‌မေး – ပါတီကြီးက‌တော့ ကြံ့ခိုင်‌ရေးနဲ့ NLD နှစ်ပါတီ‌ပေါ့‌လေ။ ထူးခြားစွာ ‌တွေ့ရတာက ပြည်တွင်းငြိမ်းချမ်း‌ရေးနဲ့ပတ်သက်လာရင် မူဝါဒ‌တွေ ထုတ်‌ဖေါ်‌ပြောဆိုမှု‌တွေကလည်း အားနည်း‌နေတာ‌တွေ့ရတယ်။ ဒီပြည်တွင်းငြိမ်းချမ်း‌ရေးနဲ့ ပတ်သက်ပြီး‌တော့ အစ်မ တို့ပါတီအတွင်း ဘယ်လို‌ပေါ်လစီများ ရှိသလဲ။
ငြိမ်းချမ်း‌ရေးနဲ့ပတ်သက်ပြီး‌တော့ ငြိမ်းချမ်း‌ရေး‌ဖေါ်‌ဆောင်မှုအဖွဲ့‌တွေ အစ်မတို့ပါတီထဲက ပါတဲ့လူ‌တွေရှိတယ်‌လေ။ ဖာပွန်ဆိုရင် အဘဦး‌စောထွန်းမြ‌အောင်တို့ ငြိမ်းချမ်း‌ရေးအဖွဲ့ထဲမှာပါတယ်။ သူတို့က အ‌သေးစိတ် ပိုသိတာ‌ပေါ့‌နော်။ အစ်မကျ ‌တော့ အခုသူတို့ NCA လက်မှတ်ထိုးဖို့‌တွေ ‌ပြောဆို‌ဆွေး‌နွေး တိုင်ပင်‌နေတာကို သတင်းစာတို့ထဲကပဲ ဖတ်ရတယ်။ သတင်း‌တွေ ထဲက‌နေ နား‌ထောင်တာ အဲ့လိုအ‌ခြေအ‌နေပဲ ကိုယ်ကသိတာ‌ပေါ့။

‌မေး – ကမ‌မောင်းနယ်က‌နေ ဝင်ပြိုင်တာဆို‌တော့ တိုးတက်မှုအားနည်းတဲ့မြို့နယ်လည်းဖြစ်တယ်။ လုံခြုံ‌ရေးအရလည်း မ‌ကောင်း ဘူးဆိုတာ အစ်မ‌ပြောထားတာရှိတယ်‌လေ။ လုံခြုံ‌ရေးအပိုင်းနဲ့ပတ်သက်ပြီး‌တော့ ဘာ‌တွေများလုပ်‌ဆောင်ခဲ့‌ပေးတာမျိုးရှိပါသလဲ။
လုံခြုံ‌ရေးအပိုင်းမှာ ကိုယ်ကလည်းသွားပြီး‌တော့ ဝင်လုပ်လို့မရဘူး‌ပေါ့။ ‌ဒေသခံဆိုရင် ဆရာ‌တော်‌တွေ၊ ဘုန်း‌တော်ကြီး ‌တွေနဲ့သွားပြီး‌တော့ ဟိုဖက်အဖွဲ့နဲ့ ညှိနှိုင်း‌ပေါင်းစပ်‌ပေးတာ‌တွေ ရှိတယ်။ တို့‌တွေလမ်းလုပ်မယ်။ ဆရာ‌တော်‌တွေကသွားပြီး‌တော့ ညှိ‌ပေးတယ်။ အဲ့လိုညှိရင် ‌စော‌စောပိုင်းက သူတို့ လက်မခံဘူး။ ဒါ‌ပေမယ့် ဆရာ‌တော်‌တွေက ရှင်းပြရင် သူတို့လက်ခံသွားတယ်။ အဲဒီအခါကျ‌တော့ လမ်း‌တွေလုပ်‌ပေးခဲ့တယ်။ အစ်မတို့က သူတို့အဖွဲ့နဲ့‌တော့ တိုက်ရိုက်သွား‌တွေ့တာမျိုး‌တော့ မရှိဘူး။

‌မေး – အရင် ၂၀၁ဝတုန်းက‌တော့ ဝင်ပြိုင်တဲ့ပါတီက သိပ်မရှိဘူး‌လေ။ အခုဆိုရင် များလာတယ်ဆို‌တော့ အစ်မအ‌နေနဲ့ ကိုယ့်ရဲ့ ပြိုင်ဖက်အတိုက်အခံပါတီ‌တွေအ‌ပေါ်မှာ ဘယ်လိုသ‌ဘောထားရှိပါသလဲ။
ပြိုင်ဖက်ပါတီဆိုတာက ကိုယ့်ရဲ့ပုဂ္ဂိုလ်‌ရေးအရ‌ပြောမယ်ဆိုရင် ရန်သူလည်းမဟုတ်ဘူး။ အချင်းချင်းပဲ။ ပါတီအရသာ တစ်‌ယောက်နဲ့တစ်‌ယောက် ယှဉ်ပြိုင်ရတာမျိုးဆိုတဲ့အခါကျ‌တော့ ကိုယ်ကလည်း ဒီ‌ဒေသအတွက်‌ကောင်းကျိုး လုပ်‌ပေးမယ်။ ကိုယ့်ကိုဆက်လက်တာဝန်‌ပေးရင် ‌ကောင်းတာလုပ်မယ်။ သူတို့လည်း သူတို့‌ကောင်းတာ‌တွေ သူတို့လုပ်မယ်‌ပေါ့‌နော်။ ပြည်သူ ‌တွေက ‌ရွေးချယ်‌ပေါ့။ ကိုယ်က စည်းရုံးတဲ့အခါကျ‌တော့ ဘယ်ပါတီက‌တော့ မ‌ကောင်းဘူး။ ဟိုလူက မ‌ကောင်းဘူး။ အဲ့လိုမျိုး ဘာမှမ‌ပြောဘူး။ ငါတို့ပါတီကိုမဲထည့်ပါလို့လည်း မ‌ပြောဘူး။ သူတို့ဖာသာသူတို့ ဦး‌နှောက်နဲ့ဆုံးဖြတ်နိုင်‌အောင် လက်ရှိအ‌ခြေအ ‌နေကို ရှင်းပြတယ်။ ‌နောင်ဖြစ်လာမဲ့ အ‌ခြေအ‌နေ‌တွေကို ရှင်းပြတယ်။ အဲ့လိုမျိုး‌လေး‌တွေ လုပ်တယ်‌ပေါ့‌နော်။

‌မေး – အမျိုးသမီးကိုယ်စားလှယ်‌လောင်းတစ်ဦးအ‌နေနဲ့‌ပေါ့‌နော်။ အခု ၂၀၁ဝနဲ့ ၂၀၁၅‌ရွေး‌ကောက်ပွဲနှစ်ခုမှာ အမျိုးသမီး‌တွေ လွှတ်‌တော်ကိုယ်စားလှယ်‌လောင်းမှာ ပါဝင်လာမှု အ‌နေအထားမျိုးက ဘယ်‌လောက်ထိ အားရ‌ကျေနပ်မှုရှိပြီးလဲ။ နည်းနည်း‌လေး နှိုင်းယှဉ်ပြ‌ပေးပါလား။
‌ပြောရမယ်ဆိုရင် ‌စော‌စောပိုင်းက လွှတ်‌တော်ထဲမှာ အမျိုးသမီး‌တွေ နိုင်ငံ‌ရေးမှာ ပါရမယ်ဆိုတာ မသိ‌သေးဘူး‌လေ။ ‌ပြောရမယ်ဆိုရင် ၂၀၁ဝတုန်းက မသိ‌သေး‌တော့ မပါခဲ့ဘူး‌ပေါ့။ ‌နောက် အမျိုးသမီးလွှတ်‌တော်ကိုယ်စားလှယ်နဲ့ နိုင်ငံခြား ‌တော် ‌တော်များများလည်း သွားဖူးတဲ့ ၂၀၁၅ကျ‌တော့ သက်တမ်း‌လေးငါးနှစ်အတွင်းမှာ နိုင်ငံ‌ရေး‌ပြောင်းလဲမှု‌တွေ ဖြစ်လာတယ်။ လူ‌တွေလည်း အသိပညာပွင့်လင်းလာပြီး အမျိုးသမီး‌တွေ ပါသင့်တယ်လို့ သိလာတဲ့အခါကျ‌တော့ အမျိုးသမီး ပါလာတာ‌ပေါ့ ‌နော်။ ဒါ‌ပေမယ့် အင်အားက‌တော့ အားရ‌ကျေနပ်တဲ့ ရာခိုင်နှုန်းကြီး‌တော့ မရ‌သေးဘူး‌ပေါ့။ ရာခိုင်နှုန်းကြည့်ရင်‌တော့ အများကြီး နည်း‌နေ‌သေးတာ‌ပေါ့။
အား‌ကောင်းဖို့အတွက်ဆိုရင် အမျိုးသမီး‌တွေဟာ ပထမဆုံးနိုင်ငံ‌ရေးကို စိတ်ဝင်စားဖို့လိုတယ်။ နိုင်ငံ‌ရေးဗဟုသုတ‌တွေ ရှိရမယ်။ အမျိုးသား‌တွေရဲ့အားလည်းလိုတယ်။ အများအားဖြင့် အခုလက်ရှိ အမျိုးသား‌တွေက အမျိုးသမီးနိုင်ငံ‌ရေးလုပ်ရင် သိပ် ပြီး‌တော့ မကြိုက်ဘူး။ အမျိုးသား‌တွေရဲ့ တွန်းအား‌ပေးမှုလည်းလိုတယ်။ အမျိုးသမီးပါလာရင် အမျိုးသမီးရယ်၊ က‌လေးသူငယ် ကိစ္စ‌တွေရယ် ပိုပြီး‌တော့ ‌အောင်မြင်လာမယ်။ အခွင့်အ‌ရေးလည်း ပိုရလာမယ်။ အမျိုးသမီး‌တွေရဲ့ အရည်အချင်း‌တွေလည်း မြင့် တက်လာဖို့ လိုတယ်‌ပေါ့။

‌မေး – အစ်မအ‌နေနဲ့ ၂၀၁၅အတွက် မဲဆန္ဒရှင်‌တွေကို ‌နောက်ဆုံး ဘာများ‌ပြောချင်‌သေးသလဲ။
အဓိကက ကိုယ့်‌ဒေသကြီးကို ဖွံ့ဖြိုးတိုးတက်ချင်တယ်။ ပထမတစ်ချက်က ငြိမ်းချမ်း‌ရေး ရ‌စေချင်တယ်။ ငြိမ်းချမ်း‌ရေးရ သွားပြီးဆိုရင် ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်‌အောင်လုပ်ချင်တယ်။ ဖွံ့ဖြိုးတိုးတက်တယ်ဆိုတာ လမ်းပန်းဆက်သွယ်‌ရေး၊ မီးရရှိ‌ရေး အဲ့လိုမျိုး‌လေး‌တွေလုပ်မယ်။ တတိယအ‌နေနဲ့ ပညာ‌ရေး‌ပေါ့။ ကိုယ့်‌ဒေသ‌တွေ ပညာ‌ရေးမှာ အားနည်းတယ်။ ငယ်ငယ်‌လေးက တည်းက က‌လေး‌တွေစပြီး‌တော့ ပညာသင်ကြား‌ရေးမှာ အား‌ပေးအား‌မြောက်ဖြစ်လာ‌အောင် အခုကတည်းက လုပ်ရမယ်။ ‌နောင် တချိန် ဒီက‌လေး‌တွေက သူတို့‌ဒေသ‌တွေမှာ လူကြီး‌တွေ ဖြစ်လာမယ်ဆို‌တော့ အဓိက‌တော့ ငြိမ်းချမ်း‌ရေး‌ပေါ့။ လမ်းပန်းဆက် သွယ်‌ရေးပြီးလို့ရှိရင် ပညာ‌ရေး‌ပေါ့။ အဲ့ဒါ‌တွေတိုးတက်လာပြီးဆိုရင် ကျန်တဲ့ လူမှု‌ရေး၊ စီးပွား‌ရေး‌တွေက သူ့ဟာနဲ့သူ ‌ပြောင်းလဲ လာမှာ‌ပေါ့‌နော်။ အဓိကက‌တော့ ပြည်သူလူထုကို ကိုယ်နဲ့အတူဝိုင်းပြီး‌တော့ ကြိုးစား‌ပေးဖို့ လက်တွဲ‌ပေးဖို့ ‌ပြောကြားချင်ပါတယ်။
တခြားဖြည့်စွက်‌ပြောချင်တာက အမျိုးသမီးလွှတ်‌တော်ကိုယ်စားလှယ်များများ ပါရှိ‌ရေးတစ်ခု စိတ်ဝင်စားတယ်။ ပြီး‌တော့ ကရင်လူထုအတွက်၊ ကရင်လူမျိုး‌တွေအတွက် ကိုယ့်ကရင်လူမျိုးကိုယ်တိုင်က စိတ်ဝင်စားမယ်ဆိုရင် ကိုယ့်တိုင်းပြည် လည်း ဖွံ့ဖြိုးတိုးတက်လာမယ်။ ဖယ်ဒရယ်စနစ်ရရှိဖို့အတွက် ဝိုင်းဝန်းကြိုးစားဖို့‌ပေါ့။ အစ်မ အ‌မေရိကား‌လေ့လာ‌ရေး သွားတယ်။ ပြည်နယ်‌ပေါင်း(၅၀)ရှိတယ်။ သူတို့နိုင်ငံမှာ ဖယ်ဒရယ်သုံး‌တော့ သ‌ဘောကျတယ်။ သူ့ပြည်နယ်နဲ့သူ အုပ်ချုပ်သွားတာ‌ပေါ့‌နော်။ တစ်ခုနဲ့တစ်ခု‌တော့ အုပ်ချုပ်ပုံမတူ‌ပေမယ့် သူ့ပြည်နယ်က‌တော့ သူ့ဥပ‌ဒေနဲ့သူ အဲ့လိုမျိုးပုံစံ‌ပေါ့။ ကိုယ့်ဆီမှာ အဲ့ဒီလိုဖယ်ဒရယ်ရှိ မယ်ဆိုရင် ကိုယ့်လူမျိုးအတွက်၊ ကိုယ့်ပြည်နယ်သား‌တွေက‌နေ ဦး‌ဆောင်ဦးရွက်ပြီး‌တော့ ကြိုးစားချင်တဲ့ အရည်အချင်း‌ကောင်း ‌တွေ ရှိလာဖို့၊ စိတ်ဝင်စားလာဖို့ အားလုံးကို နိုး‌ဆော်ချင်ပါတယ်။
————————-
ကိုယ်‌ရေးအကျဉ်း
နန်းနီနီ‌အေးသည် ကရင်လူမျိုး၊ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပြီး ‌စောဘိုးနီ(လွှတ်‌တော်ကိုယ်စားလှယ်-ငြိမ်း) နှင့် နန်း‌အေး ကြည်(လ/ထညွှန်မှူး-ငြိမ်း)တို့က ၁၂.၁၀.၁၉၆၉ခုနှစ်တွင် ‌မွေးဖွား‌သော သမီးကြီးဖြစ်သည်။ ပညာအရည်အချင်း B.SC (Hons: Zoology), D.C.Sc, M.I.Sc ဖြစ်သည်။ ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ၏ ဗဟို‌ကော်မတီဝင်တစ်ဦးဖြစ်ပြီး စစ်‌တောင်း လမ်း၊ (၃)ရပ်ကွက်၊ ကမ‌မောင်းမြို့နှင့် ၄/၇၅၉-အင်းကုန်းလမ်း၊ (၄)ရပ်ကွက်၊ ဖားအံမြို့တွင် ‌နေထိုင်ကာ လက်ရှိ အမျိုးသားလွှတ် ‌တော်ကိုယ်စားလှယ်အဖြစ် တာဝန်ယူထားသူဖြစ်သည်။ ၁၉၉၃ခုမှ၂၀၀ဝခုနှစ်အထိ မူလတန်းပြအဖြစ်၊ သဃင်္န်းညီ‌နောင် အထက(မြဝတီမြို့နယ်)၊ အထက(၂) ဖားအံမြို့နယ်များတွင် ၂၀၀၁မှ ၂၀၁ဝခုနှစ်အထိ အလယ်တန်းပြအဖြစ်နှင့် ကွန်ပျူတာ တက္ကသိုလ်တွင် နည်းပြ၊ လက်‌ထောက်ကထိကအဖြစ် ၂၀၁ဝခုနှစ်အထိ တာဝန်ထမ်း‌ဆောင်ခဲ့ပြီး ၂၀၁ဝ ပါတီစုံ အ‌ထွေ‌ထွေ‌ရွေး ‌ကောက်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင်ရန် နိုင်ငံ့တာဝန်မှ နှုတ်ထွက်ခဲ့သည်။
လွှတ်‌တော်သက်တမ်းတွင် ထမ်း‌ဆောင်ခဲ့သည့်တာဝန်များ
၁။ ဥက္ကဋ္ဌ – စီးပွား‌ရေးနှင့်ကူးသန်း‌ရောင်းဝယ်‌ရေးဆိုင်ရာ‌ကော်မတီ
၂။ ဥက္ကဋ္ဌ – အမျိုးသမီးနှင့်က‌လေးသူငယ်ဆိုင်ရာ‌ကော်မတီ
၃။ အတွင်း‌ရေးမှူး – လွှတ်‌တော်အခွင့်အ‌ရေး‌ကော်မတီ
၄။ အဖွဲ့ဝင် – ဥပ‌ဒေကြမ်း‌ကော်မတီ
၅။ အဖွဲ့ဝင် – ပြည်သူများတိုင်ကြားစာနှင့် အသနားခံစာ‌ကော်မတီ
၆။ အဖွဲ့ဝင် – လွှတ်‌တော်အုပ်ချုပ်မှု မူဝါဒဆိုင်ရာ ညှိနှိုင်း‌ရေးအဖွဲ့
၇။ အဖွဲ့ဝင် – မြန်မာ-လာအို လွှတ်‌တော်ချင်းချစ်ကြည်‌ရေးအဖွဲ့
၈။ အဖွဲ့ဝင် – မြန်မာ-ဩစ‌တြေးလျား လွှတ်‌တော်ချင်းချစ်ကြည်‌ရေးအဖွဲ့
လွှတ်‌တော်ဆိုင်ရာ ပြည်ပအ‌တွေ့အကြုံ
လွှတ်‌တော်သက်တမ်းကာလအတွင်း တရုတ်၊ စကင်္ာပူ၊ အင်ဒိုနီးရှား၊ ဆွီဒင်၊ အဇာဘိုင်ဂျန်၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ အဂင်္ လန်နှင့် အ‌မေရိကန်နိုင်ငံများသို့ သွား‌ရောက်ကာ နိုင်ငံ‌ရေး၊ စီးပွား‌ရေး၊ လူမှု‌ရေး၊ နိုင်ငံတကာ ဆက်ဆံ‌ရေး၊ ဥပ‌ဒေပြု‌ရေး၊ အမျိုး သမီး‌ရေးရာများ၊ လူ့အခွင့်အ‌ရေးဆိုင်ရာများ၊ နိုင်ငံတည်‌ဆောက်‌ရေးဆိုင်ရာ ပညာရပ်များကို သိရှိနားလည်နိုင်ရန် မြန်မာအမျိုး သမီးလွှတ်‌တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် ‌ရွေးချယ်‌စေလွှတ်ခြင်း ခံခဲ့ရသည်။