Home သတင်း သန်း‌ခေါင်စာရင်း‌ကောက်ယူ‌ရေး အစိုးရနှင့် ပူး‌ပေါင်းလုပ်‌ဆောင်ရန် ‌ကေအဲန်ယူ လက်ခံ

သန်း‌ခေါင်စာရင်း‌ကောက်ယူ‌ရေး အစိုးရနှင့် ပူး‌ပေါင်းလုပ်‌ဆောင်ရန် ‌ကေအဲန်ယူ လက်ခံ

1770

ဇန်နဝါရီ ၁၄ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်း‌ခေါင်စာရင်း‌ကောက်ယူ‌ရေးတွင် ‌ကေအဲန်ယူက အစိုးရနှင့်ပူး‌ပေါင်းလုပ်‌ဆောင် သွားမည်ဖြစ်‌ကြောင်း ‌ကေအဲန်ယူ ပြည် ထဲ‌ရေးဌာနတာဝန်ခံပဒို‌စောအားတိုးက ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောဆို လိုက်သည်။

ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ဇန်နဝါရီ ၁၄ရက်‌နေ့တွင် ပြည်နယ်အတွင်းရှိ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်‌ထောင်စု ဝန်ကြီး ဦးခင်ရီ အပါအဝင် ပြည်နယ်အစိုးရအဖွဲ့တို့ ‌တွေ့ဆုံ‌ဆွေး‌နွေးအပြီးတွင် ပဒို‌စောအားတိုးက ‌ကေအိုင်စီသို့ ထုတ်‌ဖော်‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

ပဒို‌စောအားတိုးက “ပြည်‌ထောင်စုဝန်ကြီးဦးခင်ရီနဲ့ အတီးတို့‌ဆွေး‌နွေးတယ်။ အဲဒီမှာ သန်း‌ခေါင်စာရင်း ‌ကောက် ယူ‌ရေး အချက်အလက်‌တွေ အထူးသဖြင့် ‌မေးခွန်း ၄၁ချက်နဲ့ပတ်သက်ပြီး‌တော့ အ‌သေးစိတ် ရှင်းပြသွားတယ်။ အဲဒီမှာ သန်း‌ခေါင်စာရင်း‌ကောက်ယူခြင်းအားဖြင့် ပြည်‌ထောင်စုရဲ့ ‌ရေရှည် စီမံကိန်း‌တွေ ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ လူမှု‌ရေးအားလုံး အကျုံးဝင်သွားတယ်။ ‌တော်‌တော်‌လေးအကျိုးရှိတာ ‌တွေ့ရတယ်။ အခု ကျ‌နော်တို့ ပြန်တာနဲ့ သန်း‌ခေါင်စာရင်း‌ကောက်ယူ‌ရေးကိစ္စ သူတို့နဲ့ ပူးတွဲလုပ်‌ဆောင်သွားမယ်”ဟု ‌ပြောသည်။

ယင်းသို့ ပူး‌ပေါင်း‌ကောက်ယူရာတွင် ပြည်တွင်းရှိ ဒုက္ခသည်စခန်းများ အပါအဝင် ‌ကောက်ယူသွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများကိုမူ မိမိတို့အ‌နေဖြင့် ‌ကောက်ယူသွားမည်မဟုတ်‌ကြောင်း ၎င်းက ထပ်‌လောင်း ‌ပြောကြားသည်။
01

ယ‌နေ့ ‌တွေ့ဆုံပွဲတွင် ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား‌ပေါင်းစုံနှင့် ‌တွေ့ဆုံကာ ပြည်‌ထောင်စုဝန်ကြီးက အစိုးရ၏ သန်း‌ခေါင်စာရင်း ‌ကောက်ယူ‌ရေး လုပ်ငန်းစဉ်ဆိုင်ရာများကို ရှင်းလင်း‌ပြောကြားသည့်အတွက် အ‌သေးစိတ် မသိသူများလည်း သိရှိသွားသကဲ့သို့ တိုင်းပြည်အနာဂတ်စီမံကိန်းများ ချမှတ်ရာတွင် အ‌ရေးပါ သည့် သန်း‌ခေါင်စာရင်းကိစ္စအားလုံး ပူး‌ပေါင်း‌ဆောင်ရွက်သွားမည့်အ‌ပေါ် ဝမ်းသာ‌ကြောင်း ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦး‌ဇော်မင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့ ‌တွေ့ဆုံပွဲသို့ တက်‌ရောက်သည့် ‌ကေအဲန်ယူမှ ဗိုလ်မှူးကြီး‌စော‌ဖောဒိုက “ကျ‌နော်တို့ ကရင်တမျိုးသား လုံးအတွက် မှန်ကန်တဲ့စာရင်းတစ်ခု ရရှိမယ်လို့ ‌မျှော်လင့်တယ်။ ကျ‌နော်တို့ ‌ပြောချင်တဲ့ဟာ၊ လိုအပ်တဲ့ဟာ၊ လဝကဝန်ကြီးဦးခင်ရီက‌နေပြီး‌တော့ အားလုံးကို ခွင့်ပြု‌ပေးတဲ့အတွက်‌ကြောင့် အခွင့်အ‌ရေးတစ်ခု ဖြစ်တာ‌ပေါ့ ‌နော်”ဟု ‌ပြောဆိုသည်။

ယ‌နေ့‌တွေ့ဆုံပွဲသို့ အစိုးရ ပြည်‌ထောင်စုဝန်ကြီးဦးခင်ရီ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ တာဝန်ရှိ သူများနှင့် ‌ကေအဲန်ယူပြည်ထဲ‌ရေးဌာန ပဒို‌စောအားတိုးနှင့်အဖွဲ့များ၊ ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့များ ဖြစ်‌သော DKBA၊ KNU/KNLA-PC၊ BGF၊ မွန်ပြည်သစ်ပါတီနှင့် နယ်စပ်အ‌ခြေစိုက် ကရင်လူမှုအဖွဲ့အစည်းများ တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြသည်။

ဇန်နဝါရီလ ၉-၁ဝရက်‌နေ့များကလည်း ဖားအံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ သု‌မေဓာရာမ ကြား‌တောရ‌ကျောင်းတွင် ကရင်လူမှုအဖွဲ့အစည်းများ ကျင်းပပြုလုပ်ခဲ့သည့် သန်း‌ခေါင်စာရင်း‌ကောက်ယူ‌ရေးဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲ တွင် ပဒိုမန်းမန်းမန်း၊ ပဒို‌စောလှထွန်း စသည့် ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်များလည်း ပါဝင်တက်‌ရောက်ခဲ့ကြပြီး ယင်းအစည်းအ‌ဝေးတွင် ကရင်တိုင်းရင်းသား မျိုးနွယ်စုများကို ယခင်အတိုင်း( Karen) ဟုသတ်မှတ်‌ခေါ်တွင်ပြီး ကရင်လူမျိုးများကို ‌ပေါ်လွင်ထင်ရှာမှု ရှိ‌စေရန်နှင့် လူမျိုးစု အခွင့်အ‌ရေး ကာကွယ်‌ပေးရန် စသည့်အချက်များကို ဗဟိုသန်း‌ခေါင်စားရင်း‌ကောက်မည့် ‌ကော်မတီသို့ အကြံပြု‌တောင်းဆိုသွားမည် ဖြစ်‌ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။