Home သတင်း ကရင်နီပြည်နယ်တွင် တက္က သိုလ်‌ကျောင်းသားများ သမဂ္ဂ – တကသ ဖွဲ့စည်း

ကရင်နီပြည်နယ်တွင် တက္က သိုလ်‌ကျောင်းသားများ သမဂ္ဂ – တကသ ဖွဲ့စည်း

3052
ဇွန်လ ၁၁ရက်၊ ၂၀၁၃ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

University students
လွတ်လပ်‌ရေးကြိုးပမ်းစဉ်က တည်ရှိ ခဲ့‌သော ‌ကျောင်းသားသမဂ္ဂ၏ အစဉ်အလာများကို ‌ကျောင်းသားထု ကြား ပြန်လည်သိရှိ‌စေ ရန် ရည်ရွယ်၍ ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်‌ကော်မြို့တွင် ဇွန်လ ၄ရက်‌နေ့က တက္ကသိုလ်‌ကျောင်းသား များသမဂ္ဂ-တကသ (လွိုင်‌ကော်ခရိုင်) အမည်ရှိ ‌ကျောင်းသားအဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းခဲ့သည်။

အလုပ်အမှု‌ဆောင် (၁၅)ဦးဖြင့် ဖွဲ့စည်းထား‌သော ယင်းအဖွဲ့သစ်တွင် ကယားပြည်နယ်တွင် လက်ရှိ တည်ရှိ‌နေ‌သော ကယား ပြည်နယ်လုံးဆိုင်ရာ‌ကျောင်းသားများသမဂ္ဂ ဝိဇ္ဖာ/သိပ္ပံမှ ခွဲထွက်ခြင်း မဟုတ်ဘဲ သီးခြားဖွဲ့စည်းထားသည့် အဖွဲ့သာဖြစ်‌ကြောင်း တကသ(လွိုင်‌ကော်ခရိုင်)အတွင်း‌ရေးမှူး ကိုထန်လွင်မှူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“လွိုင်‌ကော်မှာ ကယားပြည်နယ်လုံးဆိုင်ရာဆိုပြီး ‌ကျောင်းသားသမဂ္ဂ ရှိ‌နေပါတယ်။ ကျ‌နော်တို့က တကသ နာမည်နဲ့သွားတာပါ။ မဖွဲ့ခင်ကတည်းက သူတို့နဲ့ သွားဆက်သွယ်ပါတယ်။ ပူး‌ပေါင်းလုပ်ကြဖို့ပါ။ သူတို့က လက်မခံ‌တော့ ကျ‌နော်တို့က တကသ ဆိုပြီး အသစ်ဖွဲ့ခဲ့တာပါ”ဟု ကိုထန်လွင်မှူးက ‌ပြောဆိုသည်။

လက်ရှိ ကယားပြည်နယ်တွင် ‌ကျောင်းသားများကြား စိတ်ကြွ‌ဆေးသုံးစွဲခြင်းများပြားလာသည်ကို ‌တွေ့ရသဖြင့် လာမည့် ၎င်းတို့ တကသ အစည်း‌ဝေးများတွင် ထည့်သွင်း‌ဆွေး‌နွေးသွားရန်ရှိ‌ကြောင်းလည်း ကိုထန်လွင်မှူးက ဖြည့်စွက်‌ပြောသည်။

ကယားပြည်နယ် ၈၈ မျိုးဆက်‌ကျောင်းသားတစ်ဦးဖြစ်သူ ကိုဖိုးခွားကလည်း ကယားပြည်နယ်တွင် ‌ကျောင်းသားများအ‌ရေးကို ‌ဆောင်ရွက်‌ပေး‌နေမှုမှာ အားနည်း‌နေ‌သေးသဖြင့် ထိုကဲ့သို့ သမဂ္ဂ ‌ပေါ်‌ပေါက်လာခြင်းအား ကြိုဆို‌ကြောင်းနှင့် ‌ကျောင်းသားအဖွဲ့ အချင်းချင်း ပူး‌ပေါင်းလုပ်‌ဆောင်သွားပါက ပိုမို‌ကောင်းမွန်မည်ဖြစ်‌ကြောင်း ဆိုသည်။

ထို့အပြင် တကသ(လွိုင်‌ကော်ခရိုင်)မှာ ‌ရှေ့ဆက်၍ စကားရည်လုပွဲများ၊ စာဖတ်ဝိုင်းများ၊ ‌ဆွေး‌နွေးပွဲများ၊ ‌ကျောင်းသားများ၏ အခက်အခဲများအား ‌ဖြေရင်းညှိနှိုင်းမှုများအပြင် ‌ကျောင်းမှ တာဝန်ရှိသူများ၊ အစိုးရအဖွဲ့အစည်းများအားလည်း အသိ‌ပေး ညှိနှိုင်း လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း သိရသည်။

(သတင်းပုံက – Min Thu Kyaw – facebook)