Home သတင်း ကရင်ပြည်နယ် ဌာနဆိုင်ရာ သတင်းများ ရယူခွင့် မကြာ ခဏ ပိတ်ပင်တားဆီးခံရ

ကရင်ပြည်နယ် ဌာနဆိုင်ရာ သတင်းများ ရယူခွင့် မကြာ ခဏ ပိတ်ပင်တားဆီးခံရ

1984
ဇွန်လ ၃ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွန့်‌သောင်း (‌ကေအိုင်စီ)

ကရင်ပြည်နယ်ရှိ အစိုးရဌာနဆိုင်ရာများ ကျင်းပပြုလုပ်သည့် အခမ်းအနားများ၊ အစည်းအ‌ဝေးများ၌ သတင်းသမားများ သတင်း သွား‌ရောက်ယူရာတွင် ဌာနဆိုင်ရာများက ပိတ်ပင်တားဆီးမှုများ မကြာခဏ ဖြစ်‌ပေါ်လျှက်ရှိသည်ဟု ပြည်နယ် အတွင်းရှိ သတင်း‌ထောက်များက ‌ပြော ဆို‌နေကြသည်။

ဖားအံမြို့ရှိ ပြည်နယ်အစိုးရရုံး၊ အစည်းအ‌ဝေးခမ်းမတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်း‌ရေးဆိုင်ရာ အစည်းအ‌ဝေး တစ်ရပ်ကို ဇွန်လ ၁ရက်တွင် ကရင်ပြည်နယ် ကုန်းလမ်းပို့‌ဆောင်‌ရေးဦးစီးဌာန(က-ည-န)က ဦးစီးပြုလုပ်ခဲ့ရာ သတင်း‌ထောက် များက သွား‌ရောက်သတင်းယူ‌နေစဉ် ပိတ်ပင်ခံရခြင်း ဖြစ်သည်။

(က-ည-န) ပြည်နယ်ဦးစီးမှူး ဦး‌အောင်နိုင်မှ သတင်းသမားများအား သတင်းရယူခွင့် တားဆီးခဲ့‌ကြောင်း ကိုယ်တိုင်ကြုံ‌တွေ့ခဲ့ရ သူ (Hot News) သတင်းသမား ကိုပွင့်ဆန်း(ပုပ္ပား)က ‌ပြောသည်။

“ကျ‌နော် သတင်းသွားယူ‌တော့ ဦးစီးမှူးလက်‌ထောက်တစ်‌ယောက်က အစည်းအ‌ဝေးခန်းအပြင်မှာ ထွက်လာပြီး ကျ‌နော့်ကိုလာ ‌မေးတယ်။ ခဗျားတို့ ဘာလာလုပ်တာလဲ။ ကျ‌နော်တို့ သတင်းလာယူ‌နေတာပါလို့ ကျ‌နော်ပြန်‌ဖြေလိုက်တယ်၊ ‌နောက်‌တော့ သူက ဒီမှာ သတင်းယူခွင့်မရှိဘူးတဲ့၊ ကျ‌နော်တို့ကို ‌မောင်းထုတ်တယ်။”ဟု ကိုပွင့်ဆန်းက ‌ပြောသည်။

ကရင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများသည် သတင်းသမားများကို မကြာခဏ သတင်းရယူခွင့် ပိတ်ပင်တားဆီးမှုများ ပြုလုပ် ‌လေ့ရှိ‌ကြောင်း မြန်မာပို့စ်၏ ကရင်ပြည်နယ် သတင်း‌ထောက် ကို‌ဇော်ရဲထက်က ‌ပြောသည်။

ကရင်ပြည်နယ်၊ ဖားအံမြို့‌ပေါ်တွင် သတင်းသမားများအား အစိုးရဌာဆိုင်ရာများက သတင်းရယူခွင့် ပိတ်ပင်တားဆီးခြင်းများ မကြာခဏ ဖြစ်‌ပေါ်‌နေပြီး သတင်းမီဒီယာလွတ်လပ်ခွင့်ဟူ‌သော နိုင်ငံ‌တော်၏ သတင်းမီဒီယာပိုင်းဆိုင်ရာ ထုတ်ပြန်‌ကြေညာချက် များသည် ယုံကြည်ရန် ခက်ခဲလျှက်ရှိ‌ကြောင်း ကရင်ပြည်နယ်ရှိ သတင်းစာနယ်ဇင်းသမားများက ‌ပြောသည်။

‌မေလ ၂၀-၂၁ရက်များတွင် ရန်ကုန်မြို့ရှိ ဒုတိယအကြိမ်‌မြောက် သတင်းမီဒီယာ တိုးတက်ဖွံဖြိုး‌ရေးညီလာခံ၌ မြန်မာအသံနှင့် ရုပ် ၏မြင်သံကြားဌာနမှ အ‌ထွေ‌ထွေ ညွှန်ကြား‌ရေးမှူး ဦးတင့်‌ဆွေက “ဆင်ဆာဘုတ် ဖျက်သိမ်းပြီးကတည်းက နိုင်ငံတကာ သတင်းဌာန‌တွေနဲ့ သတင်းဖွံ့ဖြိုးဖို့ လုပ်‌နေတဲ့အဖွဲ့‌တွေကို ဝင်‌ရောက်လုပ်‌ဆောင်ဖို့ လုပ်ထားပါတယ်။”ဟု ‌ပြောဆိုသွားခဲ့သည်။

အလားတူ ဧပြီလ ၂၅ရက်‌နေ့ တိုင်းရင်းမီဒီယာညီလာခံဖွင့်ပွဲတွင် ပြန်ကြား‌ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးပိုက်‌ထွေးက ပြန် ကြား‌ရေးဝန်ကြီးဌာနအ‌နေဖြင့် လွတ်လပ်သည့် သတင်းမီဒီယာကို ပိတ်ပင်ရန်လုံးဝ မရှိ‌ကြောင်း၊ ၎င်းတို့ဝန်ကြီးဌာနအ‌နေဖြင့် ပြည်‌ထောင်စု channel ၊ လွှတ်‌တော် channel နှင့် Farmers channel များ ထုတ်လွှင့်ရန် ကြိုးပမ်း‌နေ‌ကြောင်း ‌ပြောကြားသွားခဲ့ သည်။