မေလ ၇ရက်၊ ၂၀၁၃ခုနှစ်။ စောထွန်းလင်း (ကေအိုင်စီ)
လာမည့်၂၀၁၅ ရွှေးကောက်ပွဲတွင် ပြည်မကြီး၌ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ညီနောင်တိုင်းရင်းသားများအဖွဲ့ချုပ်(NBF)က ပါတီသစ်တစ်ခု ထူထောင်ရန် စီစဉ်နေကြောင်း အဖွဲ့ဝင်ပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) မှ တွဲဖက်ဘဏ္ဍာရေးမှူး ဦးစောသန်းမြင့် က ပြောကြား လိုက်သည်။
ထိုကဲ့သို ့ ပါတီသစ်တစ်ခုတည်ထောင်ရန်အတွက် NBF အဖွဲ ့ဝင်များက ယခုလဆန်းပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသော်လည်း အရေးပေါ် ပြည်ထောင်စုလွှတ်တော် ခေါ်ယူလိုက်ခြင်းကြောင့် ဆွေးနွေးပွဲအစီအစဉ် ကို ရွှေ ့ဆိုင်းထားရသည်။
သို့သော် ယင်းလွှတ်တော်အစည်းအဝေးအပြီးတွင် ဆွေးနွေးနိုင်ရန် စီစဉ်ထားကြောင်းနှင့် အကယ်၍ လွှတ်တော်အစည်းအဝေး ကြန့်ကြာမည်ဆိုပါက နေပြည်တော်တွင် တွေ ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ဦးစောသန်းမြင့်က ထပ်လောင်း ပြောကြားသည်။
၎င်းက “ဒီတစ်ခေါက်လုပ်မယ့် NBF အစည်းအဝေးမှာ ပါတီသစ်တစ်ခုထူထောင်ရင် ဦးဆောင်မယ့်သူ ၁၅ဦးကို ရွေးချယ်သွားဖို့ ရှိတယ်၊ NBF အဖွဲ ့ထဲကနေ ရွေးမှာပါ၊ ၂၀၁၅ ကျရင် PR (အချိုးကျကိုယ်စားလှယ်) စနစ်ပဲသုံးသုံး၊ လက်ရှိ ရွေးကောက်ပွဲစနစ်ပဲ သုံးသုံး တိုင်းရင်းသားတွေအနေနဲ ့ပြည်မကြီးမှာ ဝင်ပြိုင်နိုင်အောင် ရည်ရွယ်ပြီး အခုလို ပြင်ဆင်ထားတာပါ”ဟု ကေအိုင်စီသို့ ပြောကြားသည်။
NBF အဖွဲ ့ဝင် တိုင်းရင်းသားပါတီများအနေဖြင့် ရွေးကောက်ပွဲတွင် မိမိဒေသရှိ မိမိတို ့ပါတီအလိုက် ယှဉ်ပြိုင်မည်ဖြစ်ပြီး စုပေါင်း တည်ထောင်မည့် ပါတီသစ်မှာ ပြည်မကြီး တွင်သာ ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း NBF အဖွဲ့ဝင်များက ပြောဆိုနေကြသည်။
ယင်းသို ့ တိုင်းရင်းသားများစုပေါင်း၍ ပါတီသစ်တခု ထူထောင်ရန် စီစဉ်ရခြင်းမှာ ရွှေးကောက်ပွဲကော်မရှင်မှ လာမည့်၂၀၁၅တွင် PR စနစ် ကျင့်သုံးမည်ဆိုပါက တိုင်းရင်းသားများအတွက် ကိုယ်စားလှယ်ရရှိမှု နစ်နာမှုများ ရှိနိုင်သည့်အတွက် ကြိုတင်ပြင်ဆင် ထားခြင်းဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးဦးလှစောကလည်း ကေအိုင်စီသို့ ပြောသည်။
ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်း(NBF)ကို ပြည်တွင်း တိုင်းရင်းသားပါတီများဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ ချင်းအမျိုးသားပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီတို့ဖြင့်၂၀၁၂အတွင်းက စတင် ဖွဲ ့စည်းထားပြီး အင်း၊ ဓနု၊ ရှမ်းနီ၊ ဝ၊ ပအိုဝ်း၊ အရှို ချင်း စသည့်ပါတီများက အရန်အဖွဲ့ဝင်များဖြစ်ကာ မကြာမီ တိုင်းရင်းသားပါတီ ၁၅ခုခန် ့တင်းပြည့်အဖွဲ့ဝင်ဖြစ်လာရန်ရှိကြောင်း သိရသည်။