Home သတင်း ဇွဲကပင်‌တောင်‌ခြေမှ ကရင် စာ‌ပေနှင့် ယဉ်‌ကျေးမှုသင် တန်းဆင်းပွဲ နိုင်ငံ‌တော်ပွဲထက် အဆင့်မနိမ့်

ဇွဲကပင်‌တောင်‌ခြေမှ ကရင် စာ‌ပေနှင့် ယဉ်‌ကျေးမှုသင် တန်းဆင်းပွဲ နိုင်ငံ‌တော်ပွဲထက် အဆင့်မနိမ့်

2561
‌မေလ ၇ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွန့်‌သောင်း (‌ကေအိုင်စီ)
၄၃ကြိမ်‌မြောက် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု စု‌ပေါင်းသင်တန်းဆင်းပွဲ အကြိုအခမ်းအနား
၄၃ကြိမ်‌မြောက် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု စု‌ပေါင်းသင်တန်းဆင်းပွဲ အကြိုအခမ်းအနား

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ဇွဲကပင်‌တောင်‌ခြေ ခ‌လောက်နို့ရွာ၌ ယ‌နေ့ ပြုလုပ်ကျင်းပ‌သော ၄၃ကြိမ်‌မြောက် ကရင်စာ‌ပေ နှင့် ယဉ်‌ကျေးမှု စု‌ပေါင်းသင်တန်းဆင်းပွဲ အကြိုအခမ်း အနားမှာ နိုင်ငံ‌တော်က ပြုလုပ်သည့် (ဆို၊ က၊ ‌ရေး၊ တီး) ပြိုင်ပွဲထက် အဆင့် မနိမ့်‌ကြောင်း သင်တန်းဆရာ တစ်ဦးက ‌ပြောဆိုသည်။

“နှစ်စဉ် စာ‌ပေနဲ့ ယဉ်‌ကျေးမှု စု‌ပေါင်းသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်နိုင်တာဟာ ကျ‌နော်တို့ ညီညွတ်ခြင်းကို ပြနိုင်တာပါပဲ။ ကရင်စာ‌ပေတို့၊ ‌ရှေး‌ဟောင်းယဉ်‌ကျေးမှုတို့ကို ထိန်းသိမ်းမြှင့်တင်နိုင်တယ်ဆိုတာ ကျ‌နော်တို့ ‌ဖော်ပြလိုက်တာပဲ။ နိုင်ငံ‌တော်က ကျင်းပ‌လေ့ရှိတဲ့ (ဆို၊ က၊ ‌ရေး၊ တီ)နဲ့ အဆင့်မနိမ့်ဘူးဆိုတာလည်း ကျ‌နော်တို့ ယုံကြည်ပါတယ်”ဟု သင်တန်းဆရာ ‌စောဝဏ္ဏ ထွန်းက ‌ပြောဆိုသည်။

‌ကျေးရွာ‌ပေါင်း(၄၀)‌ကျော်မှ ဒုံးယိမ်းအဖွဲ့ (၂၂)ဖွဲ့ အပါအဝင် သင်တန်းသူ သင်တန်းသား‌ပေါင်း၂,၅၀ဝဦး တက်‌ရောက်ခဲ့ကြသည့် ယခုနှစ် အကြိုသင်တန်းဆင်းပွဲကို ခ‌လောက်နို့ရွာတွင် ပြုလုပ်ကြပြီး ကရင်ရိုးရာဒုံးအဖွဲ့များက (အဆို၊ အက၊ အတီး)တို့ဖြင့် ‌မေလ ၇ရက်မှ ၁ဝရက်‌နေ့အထိ ယှဉ်ပြိုင်သွားရန် အစီအစဉ်ရှိသည်ဟု ခ‌လောက်နို့ရွာ တာဝန်ရှိသူများက ‌ပြောသည်။

DSC02494
အဆိုပါ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကျောက်စာတိုင်၊ မုခ်ဦးနှင့် ဒုံးယိမ်းကစင် စသည်ဖြင့် ယ‌နေ့ ‌မေလ ၇ရက်‌နေ့၊ နံနက် ၆နာရီ အချိန်၌ ဖွင့်လှစ်လိုက်ပြီး ကရင်ပြည်နယ်တွင် ယခုလို သင်တန်းဆင်းပွဲ ပြုလုပ်နိုင်ခြင်း‌ကြောင့် မြန်မာနိုင်ငံတွင် တိုင်းရင်းသား များ၏ စည်းလုံးညီညွှတ်မှုနှင့် ရိုးရာဓ‌လေ့ အ‌မွေအနှစ်များကို ခိုင်ခိုင်မာမာ ထိန်းသိမ်းမြှင့်တင်သွားနိုင်မည်ဟု ‌မျှော်လင့်‌ကြောင်း ‌စောဝဏ္ဏထွန်းက ‌ကေအိုင်စီသို့ ဆက်လက် ‌ပြောဆိုသည်။

၎င်းသင်တန်းသူ၊ သင်တန်းသားများသည် သင်တန်းဆင်းပွဲအပြီး ကရင့်ယဉ်‌ကျေးမှု အ‌မွေအနှစ်ဖြစ်သည့် တီးမှုတ်၊ ကခုန်ခြင်း၊ သီဆို၊ သရုပ်‌ဖော်ခြင်းများဖြင့် ‌နေ့စဉ် ပြိုင်ပွဲဝင်ကြကာ ထူးချွန်သူများကို ‌မေလ ၁ဝရက်‌နေ့ သင်တန်းဆင်းပွဲအခမ်းအနားတွင် ဆုချီးမြှင့်သွားမည်ဟု သိရသည်။

ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု စု‌ပေါင်းသင်တန်းဆင်းပွဲကို ပြည်နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုအဖွဲ့က ဦး‌ဆောင်စီစဉ် ဖွင့်လှစ်ခဲ့ ခြင်းဖြစ်ပြီး ၄၂ကြိမ်‌မြောက် ၎င်းသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နှစ်က မြဝတီမြို့နယ်၊ ‌ရွှေကုက္ကိုမြိုင်‌ကျေးရွာတွင် ကျင်းပ ပြုလုပ်ခဲ့သည်။