Home သတင်း ‌ရွှေ့‌ပြောင်းက‌လေးများ တရားဝင် ပညာသင်ကြားခွင့်ရရန် ထိုင်းအ‌ခြေစိုက် ပညာ‌ရေး အဖွဲ့များ‌ဆွေး‌နွေး

‌ရွှေ့‌ပြောင်းက‌လေးများ တရားဝင် ပညာသင်ကြားခွင့်ရရန် ထိုင်းအ‌ခြေစိုက် ပညာ‌ရေး အဖွဲ့များ‌ဆွေး‌နွေး

2114
နိုဝင်ဘာလ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ‌ရွှေ့‌ပြောင်းက‌လေးများ၏ အနာဂတ်တွင် တရားဝင် ပညာသင်ကြားခွင့်ရရှိ‌ရေးအ တွက် ရည်ရွယ်၍ ချင်းမိုင်အ‌ခြေစိုက် BEAM(Bridging Educational Access to Migrants) ပညာ‌ရေးအဖွဲ့နှင့် မဲ‌ဆောက်မြို့အ‌ခြေစိုက် BMTA(Burma Migrant Teacher Association) အဖွဲ့တို့မှ ဦး‌ဆောင်ကာ ယ‌နေ့နံနက် တွင် နှီး‌နှောဖလှယ်တစ်ရပ် ကျင်းပခဲ့သည်။

ယခုအချိန်ထိ ‌ရွေ့‌ပြောင်းအလုပ်သမား၏ သားသမီးများသည် တရားဝင်ပညာသင်ကြားခွင့်မရှိကြ‌သေးသည့် အ‌ခြေအ‌နေနှင့် ‌ရှေ့ဆက်ရမည့် အ‌နေအထားများကို တိုးတက်‌အောင် လုပ်‌ဆောင်လိုသဖြင့် နှီး‌နှောဖလှယ်ပွဲ ကျင်းပရခြင်းဖြစ်‌ကြောင်း BEAM မှ တာဝန်ခံ ဦးသိန်းဝင်းက ‌ကေအိုင်င်စီသို့ ‌ပြောသည်။

ဦးသိန်းဝင်းက “ဒီမှာ သူတို့(က‌လေး)‌ကျောင်းတက်ပြီး‌တော့ ထိုင်း‌ကျောင်း‌တွေမှာ တရားဝင် တက်ခွင့်ရမလား။ ဒါမှမဟုတ် မြန်မာပြည် ပြန်သွားတဲ့အခါမှာ တရားဝင် ‌ကျောင်းတက်ခွင့်ရမလားဆိုတဲ့ နှစ်ခုက မသဲကွဲဘူးဖြစ်‌နေ တယ်။ ဒါ‌ကြောင့် ဒီက က‌လေး‌တွေ တရားဝင် ပညာသင်ကြားခွင့်ရ‌အောင် ပူး‌ပေါင်း အ‌ဖြေရှာကြမှာပါ”ဟု ဆို သည်။

၎င်းနှီး‌နှောဖလှယ်ပွဲကို BEAM နှင့် BMTA တို့မှ ဦး‌ဆောင်၍ မဲ‌ဆောက်မြို့ မယ်ပ‌ကျေးရွာရှိ လုပ်ငန်းခွင်အကြို ဆရာများ ‌လေ့ကျင့်‌ရေးဌာန(TPC)တွင် ယ‌နေ့နံနက် ၉နာရီ မှ ည‌နေ ၅နာရီအထိ ကျင်းပခဲ့ရာ ‌ရွှေ့‌ပြောင်း ‌ကျောင်းများမှ တာဝန်ရှိသူများနှင့် ‌ရွှေ့‌ပြောင်းပညာ‌ရေးအဖွဲ့များ အပါအဝင် အစိုးရမဟုတ်သည့်အဖွဲ့ (NGOs) စုစု‌ပေါင်း ၂၂ဖွဲ့ တက်‌ရောက်ခဲ့ကြသည်။

နှီး‌နှောဖလှယ်ပွဲတက်‌ရောက်ခဲ့သူ Child Development Center (CDC) ‌ကျောင်း‌ကော်မတီဝင် ဥက္ကဌ ‌ဒေါက် တာစင်သီယာ‌မောင်က အ‌ကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံသို့ ‌ရောက်ရှိသည့် ‌ရွှေ့‌ပြောင်းမြန်မာက‌လေးများ သည် မြန်မာပြည်အ‌ခြေအ‌နေ‌ပြောင်းလဲပါက ‌နေရပ်ပြန်ပြီး ပညာသင်ကြားခွင့်ရရှိ‌ရေးနှင့် ထိုင်းနိုင်ငံတွင် ‌နေထိုင် ‌သေးသည့် က‌လေးများကလည်း ပညာသင်ကြားနိုင်ရန် ‌ရေရှည် စီမံကိန်းများ‌ရေးဆွဲရန် လိုသည်ဟု ‌ပြောသည်။

“၂၀၁၅ခုနှစ် အာဆီယံနိုင်ငံများ ပူး‌ပေါင်းမှုမှာ ကြည့်မယ်ဆိုရင် စီးပွား‌ရေးအ‌ခြေခံ‌ဆောင်ရွက်မှု‌တွေကိုသာ ‌တွေ့ ‌နေရ‌သေးတယ်။ ‌နောက် ‌ရွှေ့‌ပြောင်းမြန်မာနိုင်ငံသားတို့ရဲ့ အလုပ်လုပ်ပိုင်ခွင့်ရရှိ‌ရေးနဲ့ သူတို့ရဲ့က‌လေး‌တွေ ပညာ ဆက်လက် သင်ကြားနိုင်‌ရေးအတွက် ကျမတို့အ‌နေနဲ့ ဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းတဲ့အထိ ကြိုးစားသွားဖို့ လိုတယ်”ဟု ‌ပြောသည်။

ထို့အပြင် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခစခန်း ၇ခု၏ အထက်တန်းနှင့် အထက်တန်းလွန်‌ကျောင်းများကို ကူညီ‌ဆောင်ရွက်‌ပေး‌နေသည့် Karen Refugee Committee Education Entity (KRCEE)၏ အထက်တန်း လွန်‌ကျောင်းများကို ကူညီ‌ပေး‌နေသည့်ဌာနမှ အတွင်း‌ရေးမှူး ‌စောဒို့ဒို့က ယခု နှီး‌နှောဖလှယ်ပွဲမှ ရရှိသွားသည့် ရလဒ်များကို အ‌ကောင်အထည်‌ဖော်သွားကြမည်ဟု ‌ပြောသည်။

မြန်မာ‌ရွှေ့‌ပြောင်းက‌လေးများ၏ အနာဂတ် ပညာ‌ရေးအတွက် မဲ‌ဆောက်မြို့၊ ချင်းမိုင်မြို့ အပါအဝင် ဖန်ငခရိုင်အ တွင်းရှိ ‌ရွှေ့‌ပြောင်းပညာ‌ရေးအဖွဲ့အစည်းများ၏ နှီး‌နှောဖလှယ်ပွဲသည် ယခုတကြိမ်မှာ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး ‌ရှေ့ဆက်၍ ‌ရွှေ့‌ပြောင်းက‌လေးများ၏ ပညာ‌ရေးနှင့်ပတ်သက်သည့် အခွင့်အ‌ရေးမူဝါဒ ‌ပေါ်လစီများကို ‌ရေးဆွဲ သွားရန်ရှိ‌ကြောင်းလည်း သိရသည်။