Home သတင်း TNLA တပ်ကြပ်တစ်ဦး အစိုးရတပ်၏ အသတ်ခံရ

TNLA တပ်ကြပ်တစ်ဦး အစိုးရတပ်၏ အသတ်ခံရ

2039
နိုဝင်ဘာလ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါး‌လေး (‌ကေအိုင်စီ)

သျှမ်းပြည်‌မြောက်ပိုင်း၊ မန်းတုံမြို့နယ်ရှိ လှုပ်ရှား‌နေသည့် တအာင်း(ပ‌လောင်)အမျိုးသားလွတ်‌မြောက်‌ရေးတပ် မ‌တော်-TNLA မှ တပ်ကြပ်တစ်ဦးသည် မိသားစုဝင်တစ်ဦးနာမကျန်းသဖြင့် ခွင့်ယူအိမ်ပြန်ခဲ့ရာ ၎င်း၏ဇာတိ မန် ‌မောက်တန်‌တေးရွာ မ‌ရောက်မီ ပန်ကူရွာ၌ အစိုးရတပ်၏ ဖမ်းဆီးခံရကာ အသတ်ခံခဲ့ရသည်။

TNLA တွင် တာဝန်ကြီးထမ်း‌ဆောင်‌နေသည့် တပ်ကြပ်အဆင့်ရှိသူ အသက် ၂၅နှစ်အရွယ် အယိုင်‌အောင်သည် နိုဝင်ဘာလ ၁ဝရက်‌နေ့က မန်းတုံအ‌ခြေစိုက် မြန်မာအစိုးရစစ်တပ် ‌ခြေလျင်တပ်ရင်း(ခလရ-၁၃၀)၏ ဖမ်းဆီးမှု ကို ခံရပြီး‌နောက် စစ်‌ကျောခံရကာ နိုဝင်ဘာလ ၁၁ရက်‌နေ့တွင် အသတ်ခံရခြင်းဖြစ်သည်။

တအာင်း(ပ‌လောင်)ပြည် လွတ်‌မြောက်‌ရေးတပ်ဦး(PSLF) အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဗိုလ်မှူးမိုင်းဘုန်း‌ကျော်က “သူက မိသားစု အသည်းအသန်ဖြစ်တယ်ဆိုပြီး ပြန်ဖို့ခွင့်‌ပေးလိုက်တာ။ လမ်းမှာ အစိုးရစစ်တပ်က သူ့ကိုဖမ်း လိုက်တယ်။ ‌နောက် စစ်‌ဆေးပြီး သူ့ကို ‌တောမှာပဲ ပစ်သတ်လိုက်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

PSLF သည် TNLA ၏ နိုင်ငံ‌ရေး ဦး‌ဆောင်အဖွဲ့ဖြစ်ပြီး အစိုးရတပ်အ‌နေဖြင့် စစ်ဥပ‌ဒေအရ တဖက်မှ လက်နက် ကိုင်အဖွဲ့ကို ဖမ်းဆီးမိပါက စစ်သုံ့ပန်းသ‌ဘောသာဖြစ်ပြီး အသက်‌သေဆုံးသည်အထိ နှိပ်စက်မှု မပြုလုပ်သင့် ‌ကြောင်း မိုင်းဘုန်း‌ကျော်က ဆက်လက်‌ပြောဆိုသည်။

၎င်းတပ်ကြပ် အယိုင်‌အောင်၏ အ‌လောင်းကို ခလရ(၁၃၀)မှ ‌တောထဲတွင် ပစ်ထားခံခဲ့ပြီး ယမန်‌နေ့က ‌ဆွေမျိုး အသိုင်းအဝိုင်းများက ‌မြေမြှုပ်လိုက်ပြီဖြစ်‌ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၉ရက်‌နေ့၌လည်း သျှမ်းပြည်‌မြောက်ပိုင်း နမ့်ခမ်းမြို့နယ်နှင့် မိုင်းဝီးမြို့နယ်စပ်ရှိ TNLA တပ်စခန်းဖြစ်သည့် ထပ်ချပ်‌တောင်ကုန်းကို ၎င်း‌ဒေသအတွင်း လှုပ်ရှား‌နေသည့် အစိုးရတပ်က လက်နက်ကြီး များဖြင့် ပစ်ခတ်သိမ်းပိုက်ခဲ့သည်။