Home သတင်း လျှပ်စစ်မီးအတွက် ဒုတိယ‌နေ့ဆန္ဒထုတ်‌ဖော်

လျှပ်စစ်မီးအတွက် ဒုတိယ‌နေ့ဆန္ဒထုတ်‌ဖော်

2087
‌မေလ ၂၃ရက်၊ ၂၀၁၂။ (‌ကေအိုင်စီ)

ရန်ကုန်မြို့၌ လျှပ်စစ်မီး၂၄ နာရီရရှိ‌ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်‌ဖော်သူများသည် ဒုတိယ‌နေ့အဖြစ် ဖ‌ယောင်းတိုင်မီးများ ကိုင်‌ဆောင်ကာ လမ်း‌လျှောက်ဆန္ဒထုတ်‌ဖော်မှုကို ‌မေလ ၂၃ရက်‌နေ့တွင် ဆက်လက် ပြုလုပ်ခဲ့ကြသည်။

ထို‌နေ့ည ၇နာရီတွင် မြို့‌တော်ခမ်းမအနီး လက်‌ရွေးစင်လက်ဖက်ရည်ဆိုင်မှ စတင်၍ ဆာကူရာတာဝါသို ့လမ်း‌လျှောက်လာခဲ့ရာ ကုန်း‌ကျော်တံတားအ‌ရောက်တွင် လုံခြုံ‌ရေးယူထားသူများက တားမြစ်သဖြင့် ကုန်း‌ကျော်တံတား‌ပေါ်တက်ကာ ဆူး‌လေဘုရား‌ပေါ်သို့ ပြန်လည်ချီတက်သွားကြသည်။

ဒုတိယ‌နေ့ လှုပ်ရှားမှုမှာ ‌မေလ ၂၂ရက်(ပထမ‌နေ့) လှုပ်ရှားမှုထက် ပါဝင်သူများခဲ့ပြီး လူ ၅ဝဦးခန် ့ရှိလာခဲ့သည်။