မေလ ၂၄ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
မြန်မာနိုင်ငံ ပဲခူးတိုင်း ပြည်မြို့၌ လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်သူများထဲအား ယနေ ့နံနက်၁ဝ နာရီ၁ဝ မိနစ်ခန့် လမ်းမတော်လမ်းထောင့်တွင် လုံခြုံရေးတပ်ဖွဲ ့များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိ သည်။
ဖမ်းဆီးခံရသူများထဲတွင် Human Right မှ ဦးမြင့်အေး နှင့် NLD မှ မဂျွန်တို့အပါအဝင် ဆန္ဒပြသူ ၇ဦး တို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ပြည်မြို့ခံမျက်မြင်သက်သေများက ပြောသည်။
မေလ၂၃ ရက်နေ့ကလည်း လျှပ်စစ်မီးရရှိရေးဆန္ဒဖော်ထုတ်သူများထဲမှ NLDမှ ကိုတိုးနိုင်နှင့် ကိုမင်းထွန်းတို ့အား ခေါ်ယူစစ်ဆေးပြီး ည ၁ နာရီတွင် ပြန်လွှတ်ပေးခဲ့သည်ဟု ကိုမင်းထွန်းက ပြောသည်။
“ဘာရည်ရွယ်ချက်နဲ ့လုပ်တာလဲဘာဖြစ်ချင်လို့ ဆိုပြီးခေါ်မေးတာပါ။ ပြည်အမှတ်၂ ရဲစခန်းကပါ”ဟု ကိုမင်းထွန်း ကပြောသည်။
ပြည်မြို့တွင် လျှပ်စစ်မီးရရှိရေးဆန္ဒဖော်ထုတ်မှုအား မေလ ၂၂ ရက်နေ့မှ စတင်ဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။
ယခုရက်ပိုင်းတွင်းလျှပ်စစ်မီးရရှိေ၇းဆန္ဒထုတ်ဖော်သူများကို မန္တလေးမြို့မှ စတင်ခဲ့ပြီး မုံရွာ၊ ရန်ကုန်နှင့် ပြည်မြို့များအထိ ကူးစက်လာခဲ့သည်။


















