Home ကဗျာ ကျနော်တို့နိုင်ငံ ဘာ့ကြောင့်ဆင်းရဲရလဲ

ကျနော်တို့နိုင်ငံ ဘာ့ကြောင့်ဆင်းရဲရလဲ

345
Photo: Crd.

ကျနော်တို့နိုင်ငံ ဘာ့ကြောင့်ဆင်းရဲရလဲ

@@@@@@@@@

ကျနော်တို့နိုင်ငံမှာ
သာယာလှပတဲ့
ပင်လယ်မြစ်ကမ်းတွေရှိတယ်။

ကျနော်တို့နိုင်ငံမှာ
သယံဇာတတွေထွက်တဲ့
တောတောင် ပထဝီကြီးရှိတယ်။

ကျနော်တို့နိုင်ငံမှာ
တသွင်သွင်စီးဆင်းနေတဲ့
အမိဧရာဝတီမြစ်ကြီးရှိတယ်။

ကျနော်တို့နိုင်ငံမှာ
ဆန်စပါးများစွာထွက်တဲ့
လယ်ယာကွင်းကြီးတွေရှိတယ်။

ကျနော်တို့နိုင်ငံမှာ
သားငါးပုဇွန်ထွက်တဲ့
အင်းအိုင်ချောင်းမြောင်းတွေပေါတယ်။

ကျနော်တို့နိုင်ငံမှာ
ပြင်ပကုန်သွယ်နိုင်တဲ့
ပင်လယ်ထွက်ပေါက်တွေရှိတယ်။

ကျနော်တို့နိုင်ငံမှာ
ယဥ်ကျေးမှုကိုညွှန်ပြနိုင်တဲ့
ဘာသာတရားတွေများစွာရှိတယ်။

ကျနော်တို့နိုင်ငံမှာ
လူ့အရင်းအမြစ်တွေဖြစ်တဲ့
စုံလင်ကွဲပြားတဲ့ တိုင်းရင်းသားလူမျိုးစုတွေရှိတယ်။

ကျနော်တို့နိုင်ငံ ဘာ့ကြောင့်ဆင်းရဲရတာလဲ…။

M S S (2026)