Home သတင်း ရှစ်လအတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၃,၃၁၈ ကြိမ် စစ်အုပ်စုပြုလုပ်ဟု NUG ပြော

ရှစ်လအတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၃,၃၁၈ ကြိမ် စစ်အုပ်စုပြုလုပ်ဟု NUG ပြော

699
Photo- CJ

စက်တင်ဘာ ၅၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

နိုင်ငံတစ်ဝန်းလုံး၌ အာဏာသိမ်း စစ်အုပ်စုက ယခုနှစ် ၈ လအတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၃,၃၁၈ ကြိမ် ပြုလုပ် ခဲ့သည်ဟု စက်တင်ဘာ ၄ ရက်နေ့တွင် NUG က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မတ်၂၈ ရက်နေ့တွင် မြန်မာတွင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် စစ်တပ် အပစ်ရပ်ကာလ ဧပြီ လတွင် လေကြောင်းတိုက်ခိုက်မှု ၅၀၈ ကြိမ်ထိ လုပ်ဆောင်ခဲ့သည်ဟု NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ပြောသည်။

ထို့အပြင် စစ်အုပ်စုက ဖေဖော်ဝါရီလတွင် လေကြောင်းတိုက်ခိုက်မှုပေါင်း ၄၃၆ ကြိမ် အထိလုပ်ဆောင်ခဲ့ပြီး ဩဂုတ်လ တွင်လည်း လေကြောင်းတိုက်ခိုက်မှု ၄၉၃ ကြိမ်အထိ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယခုလို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရှစ်လအတွင်း ပြည်သူစုစုပေါင်း ၁,၄၈၇ ဦး အထိသေဆုံးခဲ့ရပြီး ဇန်နဝါရီလတွင် ၂၄၇ ဦး၊ ဖေဖော်ဝါရီလတွင် ၄၃၆ဦး၊ မတ်လတွင် ၃၆၄ဦး၊ ဧပြီလတွင် ၅၀၈ ဦး၊ မေလတွင်၄၆၉ ဦး၊ ဇွန်လတွင် ၃၃၆ ဦး၊ ဇူလိုင်လတွင် ၄၆၅ ဦး နှင့် ဩဂုတ်လတွင် ၄၉၄ ဦးတို့မှာ သေဆုံးခဲ့ရသည်ဟု NUG စာရင်း၌ ဖော်ပြထားသည်။