အာရှလမ်းမကြီး စစ်ဆင်ရေးတွင် ပါ၀င်ခဲ့သည့် KNLA၊ KNDO၊ PDF၊ MLA တပ်ဖွဲ့ဝင်များကို KNU ဂုဏ်ပြု၊ နိုင်ငံ တော် အဆင့်ဆိုသည့် အောင်ဇေယျစစ်ဆင်ရေးကို ၅၀၃+ ရက်ကြာဟန့်တားနိုင်ခဲ့ပြီး ထိုအတောအတွင်း မဆုတ် တန်းခံစခန်း ၁၈ ခုကို သိမ်းယူခဲ့
စက်တင်ဘာ ၇၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
အာရှလမ်းမကြီး စစ်ဆင်ရေးတွင်ပါဝင်ခဲ့သည့် တော်လှန်ရေးမဟာမိတ် အဖွဲ့အစည်းများ၊ အခြားသူများကို ဂုဏ်ပြု မှတ်တမ်း တင်ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (စစ်ဌာနချုပ်)၊ ကရင်အမျိုးသား အစည်း အရုံး (ဗဟို)က ယနေ့ (စက်တင်ဘာ ၇ ရက်) ညပိုင်းတွင် ထုတ်ပြန်ပြောသည်။
လက်ရှိ ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်း စစ်အုပ်စုက ပြန်ထိန်းချုပ်ထားသည်ဟု ဝါဒဖြန့် ပြောဆိုနေမှု အပေါ် ကေအဲန်ယူက ထိုတိုက်ပွဲတွင်ပါဝင်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် စစ်အုပ်စုတပ်သားများထက် စိတ်ဓါတ် ရေးရာတွင် ဆီနှင့် ရေအသွင် ကွာခြားနေပြီး ဂုဏ်ပြု မှတ်တမ်းတင်ကြောင်း ထုတ်ပြန်ပြောဆို ခြင်း ဖြစ်သည်။
ကေအဲန်ယူက ၂၀၂၄ ခုနှစ်၊ ဧပြီလ ဒုတိယပတ်မှ စ၍ မြဝတီမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေစဉ် ဧပြီ ၂၀ ရက်နေ့ ညပိုင်း ၌ အောင်ဇေယျစစ်ဆင်ရေး တောနော်ရေတံခွန်သို့ ရောက်ရှိလာခဲ့ကြောင်း၊ ထို့နောက် သံချပ်ကာ ကားတန်းနှင့် အတူ နာရီပိုင်းအတွင်း မြဝတီမြို့သို့ ချီတက်ရန် ပြင်ဆင်ခဲ့သည်ဟု ယနေ့ညပိုင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထို့ကြောင့် KNLA ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက ထိုင်း-မြန်မာ ချစ်ကြည်တံတား အမှတ်(၂) သို့ ထိုးစစ်ဆင်နေ မှုကို ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၀ ရက်နေ့ ညပိုင်းတွင် တပ်ရုပ်လိုက်ပြီး အောင်ဇေယျ စစ်ဆင်ရေးကို ခုခံရန် အင်အားဖြည့် ပြင်ဆင်ခဲ့သည်။ ထို့နောက် ဧပြီ ၂၁ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၅ ရက်နေ့ထိ ၅၀၃ ရက်ကြာဟန့်တား နိုင် ခဲ့သည့်အတွက် အောင်ဇေယျ စစ်ဆင်ရေးကို ၅၀၃+ ရက်ကြာဟန့်တားခဲ့သည်ဟု ကေအဲန်ယူက ပြောသည်။
ကေအဲန်ယူသည် ခံစစ်ရှင်ပျောက်ကြား စစ်နည်းဗျူဟာကို တစ်လျှောက်လုံး ကျင့်သုံးခဲ့ပြီး ၂၀၂၄ ခုနှစ်၊ နှစ်ဦးပိုင်းမှ စ၍ ၂၀၂၅ ခုနှစ်အတွင်း အာဏာသိမ်း စစ်တပ်က ခြေကုပ်စခန်းများကို ကွက်ကဲသည့် နည်းဗျူဟာ စခန်းသုံးခု၊ အခြေချ စစ်ဗျူဟာ စခန်း တစ်ခု၊ တပ်ရင်းဌာန ချုပ် (၈) ခုကို သိမ်းပိုက်နိုင်ခဲ့သည်အထိ အောင်မြင်မှု ရရှိခဲ့သည်။
ထို့အပြင် ကော့ကရိတ်တွင် အခြေပြုသည့် စစ်ဆင်ရေးကွက်ကဲမှု ဌာနချုပ် (စကခ ၁၂) နှင့် ထောက်ပို့ပိုင်း ဗျူဟာ ကြသည့် ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်း ပေါ်ကို ထိန်းချုပ်ခဲ့ပြီး၊ တပ်ရင်းဌာနချုပ်များကိုလည်း ဝိုင်းပတ် ပိတ်ဆို့ ခဲ့သည်။ ထိုသို့ ဟန့်တားပိတ်ဆို့ထားချိန်တွင် ကေအဲန်ယူ၊ တပ်မဟာ (၆)၊ တပ်မဟာ (၇) နယ်မြေ အတွင်းရှိ စစ်အုပ်စု မဆုတ်တမ်း စစ်စခန်း ၁၈ လုံးကို သိမ်းပိုက် နိုင်ခဲ့သည်ဟု ကေအဲန်ယူက ထုတ်ပြန် ထားသည်။

အာဏာသိမ်း စစ်အုပ်စုသည် နိုင်ငံတကာတွင် ဂုဏ်သိက္ခာဆည်ရန် အာရှလမ်းမကြီးကိုသာ အာရုံစိုက်ခဲ့ကြောင်း၊ စစ်သားမလုံလောက်သဖြင့် ပြည်သူများကို အတင်းအကြပ် ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ကာ စစ်သားစုပြီး ထို စစ်သားများကို မူးယစ်ဆေးတိုက်ကာ စစ်သားဒိုင်းအဖြစ် အသုံးချခဲ့သည်ကို တွေ့ရသည်ဟု မျက်မြင်တွေ့ရှိသူ များက ပြောသည်။
စစ်တပ်စစ်ကြောင်းမှ တော်လှန်ရေးတပ်များထံ ရောက်လာသည့် စစ်အုပ်စု တပ်သား အားလုံးနီးပါး ဆေးအာနိ သင်မပျက်ပျယ်ဘဲ ရက်အတော်ကြာ ဦးနှောက်ပုံမှန် မဟုတ် ဖြစ်နေသည်ကို တွေ့ခဲ့ရသည်ဟု ကေအဲန်ယူက ပြော ဆိုထားသည်။
အောင်ဇေယျ စစ်ဆင်ရေးတွင် စစ်တပ်က လက်နက်ကြီး၊ အမြောက်၊ မစ်ဇိုင်းဒုံးကျည်၊ ဒရုန်း၊ လေကြောင်းပစ်ကူ သာလွန်လက်နက်ဖြင့် တပ်၏အရင်းအမြစ်အားလုံး ထုတ်သုံးခဲ့သည်ကို တွေ့ရသည်ဟု ကေအဲန်ယူက ပြောသည်။ စစ်အုပ်စုသည် နှစ် ၇၀ ကျော်ကြာ နိုင်ငံ၏ သယံဇာတအရင်းအမြစ်များကို စိတ်ကြိုက်စီမံ ထုတ်သုံးပြီး နိုင်ငံတ ကာ ၏ ပံ့ပိုးမှုဖြင့် ရရှိထားသည် စစ်တပ်အား မည်သည့်နိုင်ငံထံမှ အကူအညီဘယ်အချိန်ကမှ မရသည့် ကေအဲန်ယူ လက်အောက်ခံတပ်က ၅၀၃+ ရက်ကြာ ပိတ်ဆို့ နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အာရှလမ်းမကြီး တိုက်ပွဲတွင် တော်လှန်ရေးတပ်များဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ မွန်လွတ်မြောက်ရေးတပ်မတော် (MLA) တို့ ပူးပေါင်း ပါဝင်ခဲ့သည်ဟု သိရသည်။
လက်ရှိ ကရင်ပြည်နယ်တစ်ခုလုံး၏ ဧရိယာ ၆၀ ရာခိုင်နှုန်းကို ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးက ထိန်းချုပ် ထားသည် IPS Myanmar သုတေသန အဖွဲ့က ယခင်လများက အစီရင်ခံစာထုတ်ပြန်ထားသလို ၂၀၂၄ ခုနှစ်တွင် စစ်အုပ်စုက သန်းခေါင်စာရင်းကောက်ယူခဲ့ရာ ပြည်နယ်အတွင်း မြို့ ၇ မြို့တွင် မြို့ပေါ် အနီးတဝိုက်သာ ကောက်ယူနိုင်ခဲ့သည်ဟု စစ်အုပ်စု အစီရင်ခံ၌ ဖော်ပြထားသည်။



















